About Me
ဆရာရဲ (လျှပ်စစ်ကျောင်းသား) ကလောင် အမည်ဖြင့် မိမိသည် လျှပ်စစ်ကျောင်းသား Facebook Page ကို ၂၀၁၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး ၊ Electronic Student YouTube Channel ကိုလည်း ၂၀၁၇ မှာပဲစတင် တည်ထောင်ခဲ့ပြီး လျှပ်စစ်နည်းပညာများ ကို အခမဲ့ အခပေး ဖြင့် အင်တာနက်ကို အသုံးပြုပြီး စတင်မျှဝေခဲ့ပါသည်မှာ ကနေ့တိုင်အောင်ပင်ဖြစ်ပါသည်။
၂၀၁၇ ခုနှစ်မှ စတင်၍ ဆရာရဲ (လျှပ်စစ်ကျောင်းသား) အမည်ဖြင့် ထုတ်ဝေခဲ့ပြီးသော စာအုပ်စာတမ်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
1. Electronic Basic Course - 2018
2. ရူပဗေဒဆိုင်ရာမှတ်စုတိုများ - 2019
3. Resistor and Its Applications - 2020
4. Home Appliances Repair - 2024
5. Electronic Basic and Intermediate Course - 2025
စတင်တည်ထောင်ခဲ့သော အင်တာနက် စာမျက်နှာမှာ Electronic Student YouTube Channel ဖြစ်ပြီး 1 . June . 2017 နေ့မှစတင်ပြီး 4 . June . 2017 နေ့တွင် လျှပ်စစ်ကျောင်းသား Facebook Page ကိုစတင်တည်ထောင်ခဲ့ပါသည်။ ထိုစဉ်မှ စတင်၍ လျှပ်စစ်နည်းပညာများကို အားပေးသူ ဆဲဆိုသူ များကြားထဲမှနေ၍ စိုက်လိုက်မက်တပ် ကြိုးစားတင်ဆက်ခဲ့သည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်ပါသည်။
ယခု Web Page ကိုလည်း လျှပ်စစ်ဝါသနာရှင် မိတ်ဆွေများနှင့် အချိန်ပြည့်တိုက်ရိုတ် ဆက်သွယ်နိုင်ရန် နှင့် စာအုပ်ဝယ်ယူရန် အခက်အခဲရှိသော လျှပ်စစ်မိတ်ဆွေများအတွက် ရည်ရွယ်၍ တင်ဆက်ထားပြီး အတတ်နိုင်ဆုံးကြိုးစားထားပါသည်။
ကျန်းမာကြပါစေ
လျှပ်စစ်ကျောင်းသား

No comments:
Post a Comment