Showing posts with label Power. Show all posts
Showing posts with label Power. Show all posts

Wednesday, November 12, 2025

Power ( 5 ) AC and DC လျှပ်စစ်အကြောင်း

AC (Alternating Current)

နေအိမ်များမှာသုံးနေတဲ့လျှပ်စစ်က AC လျှပ်စစ်ဖြစ်ပါသည်။ ( Alternating Current  = အော်တာနေတင်း ကားရန့် ) ဟုခေါ်ဆိုပါသည်။ ဝါယာကြိုးတစ်ဖက်မှာ လျှပ်စစ် အဖို နဲ့ အမ သီးခြားမရှိပါဘူး။ ဝါယာကြိုးတစ်ဖက်မှာ လျှပ်စစ် အဖိုနဲ့ အမ တစ်စက္ကန့်အတွင်း အကြိမ် ၅၀ သို့မဟုတ် ၆၀ နှုန်းဖြင့်ပြောင်းလဲနေခြင်းကို (Frequency = ဖရီကွန်စီ ) ဟုခေါ်ဆို၍ ယူနစ် (Hz)Hertz ဟတ်ချ် )  ဖြင့်ဖေါ်ပြပါတယ်။ လှိုင်းတွန့် ပုံသင်္ကေတ ဖြင့်ဖေါ်ပြပါတယ် AC လျှပ်စစ်ကို ပျန်းမျှအားဖြင့် Volt 230 နှင့် 50/60 Hz သက်မှတ်ထားပါသည်။ ကျွန်တော်တို့ အိမ်သုံး လျှပ်စစ်ပစ္စည်းများမှာ 230v 50/60 Hz ဟုပါရှိတာကိုတွေ့ကြရမှာပါ။


မိမိတို့ နေအိမ်သုံးလျှပ်စစ်ဖြစ်သော AC လျှပ်စစ်ကို Oscilloscope ခေါ် လှိုင်းကြည့်စက်ဖြင့်ကြည့်လျှင် ဘေးပုံအတိုင်း မြန်မာအက္ခရာ (လ) ပုံစံဖြင့် မြင်တွေ့ရမှာဖြစ်ပါသည်။


DC (Direct Current)

ဓာတ်ခဲ ဘထ္တရီ တို့မှာတွေ့ရှိရတဲ့ လျှပ်စစ် (Direct Current = ဒါရိုတ် ကားရန်) ဟုခေါ်ပါသည်။ တိုက်ရိုက် လျှပ်စီးကြောင်းဖြစ်၍ လျှပ်စစ် အဖို အမ သီးခြားစီ ရှိပါသည်။   မျဉ်းဖြောင့် ပုံသဏ္ဍန်ဖြင့်ဖေါ်ပြပါသည်။


DC Current ၏ ပုံသဏ္ဉန်ကို ဘေးပုံတွင်မြင်ရမှာဖြစ်ပြီး လှိုင်းမရှိပဲ တည်ညိမ်နေသောကြောင့် Direct Current ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။




 


Tuesday, November 11, 2025

Power ( 4 ) Ampere သို့မဟုတ် လျှပ်စစ်ကြောင်း

ဆားကစ်တခုတွင် အုမ်းတန်ဖိုးကို မပြောင်းလဲပဲ ဗို့အားကိုပြောင်းပေးသော် Ampere ပြောင်းလာပေလိမ့်မည်။ ဥပမာ ဆို ကြပါစို့ ဗို့အားကို 0 V မှာ 12 V အထိ လှည့်ပေးနိုင်သည်ဆိုပါစို့ မီးလုံးသည် 12 V ခံနိုင်သောမီးလုံးဖြစ်မည်ဆိုပါစို့ ၊ ထို့မှသာ အားအပြည့်ဖြင့် လင်းနိုင်ပေမည် မီးလုံးကိုပေးထားသော ဗို့အားကို 12 V မှ 10 V သို့လျော့ချလိုက်သောအခါ ဆားကစ် ပါတ်လမ်းတွင်ဖြတ်စီးနေသော Ampere သည် အနည်းငယ် လျော့သွားသဖြင့် မီးသည် အတန်ငယ်မှိန်သွားပေမည်။ နောက်ဆုံး 0 V အထိလျော့ လိုက် လျှင် မီးလုံးသည် လုံးဝ ပိတ်သွားမည်ဖြစ်ပြီး Ampere လည်းမစီးတော့ချေ။ ထို့ကြောင့် Voltage နှင့် Resistance တို့အတွတ် ယေဘုယျ အားဖြင့် Ohm's Law ကို သိရှိနိုင်သည်။


Ohm's Law Wheel


I = V / R            Ampere = Voltage / Resistance

 

ထို့ကြောင့် 3 တန်ဖိုးရှိ Resistor တခု၏ အစွန်းနှစ်ဘက်တွင် 6 V ပေးထားပါက Ohm's Law အရ ယင်း Resistor ကိုဖြတ်စီးနေသော Ampere သည် 2 A ဖြစ်ကြောင်းသိရှိနိုင်ပေသည်။ လျှပ်စစ်ပါတ်လမ်းတခုတွင် ခုခံမှု့ကြီးကြီးပေးလိုက်သောအခါ ဗို့အားမြှင့်ပေးသော်လည်း Ampere နည်းနေပေလိမ့်မည် ၊ ဗို့အားနည်းသော်လည်း ခုခံမှု့လည်းနည်းပါက Ampere များနေမှာဖြစ်ပါသည်။ ထို့ကြောင့် ပုံသေနည်းအရ ခုခံမှု့နည်းလျှင် Ampere ကြီးမားလာပြီး ခုခံမှု့များလျှင် Ampere နည်းလာပေမည်။ ဥပမာ 30 ရှိသော ရေနွေးအိုးတခုကို 220 V ပေးလိုက်သောအခါတွင် -

Ohm’s Law အရ အောက်ပါအတိုင်းတွက်ချက်နိုင်ပါသည်။

            I =  V / I

I = 220V / 30 R

I = 7.3 A တန်ဖိုးရှိနေသော်လည်း Voltage တန်ဖိုးမပြောင်းပဲ 150 ခန့်ရှိသော ၄ လုံးချက်ထမင်းအိုး တလုံးအား 220V အားပေးသွင်းလိုက်သောအခါ။

            Ohm’s Law အရ

                        I =  V / R

                        I =  220V / 150R

                        I = 1.46 A သာရှိကြောင်းတွေ့ရမျာဖြစ်ပါသည်။

            ထို့ကြောင့် Ohm နှင့် Ampere သည် အပြန်အလှန်အကျိုးသက်ရောက်မှု့ရှိကြောင်းတွေ့ရမှာဖြစ်ပါသည်။



Ohm’s Law ကိုအသုံးပြု၍ မိမိ အလိုရှိရာ တန်ဖိုးကို လက်ညှိုးဖိ၍ အုပ်ရှာခြင်းဖြင့် အလိုရှိရာ တန်ဖိုးကိုတွက်ချက် ရှာဖွေနိုင်ကြောင်းပြ ဇယားကွက်ကို ဘေးပုံတွင်တွေ့မြင်ရမှာဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အတော်များများသည် Voltage ကို V သင်္ကတဖြင့်သာ ဖော်ပြကြသော်လည်း အချို့ဉရောပ နိုင်ငံများသည် E ဖြင့်ပြတတ်ပြီး United State သည် U ဖြင့်ဖော်ပြပါသည်။ 



Voltage မြင့်တက်လာပါက Ampere ပါ မြင့်တက်လာတတ်ကြောင်း သဘောတရား ပြဆိုသော Graph မျဉ်းကို ဘေးပုံတွင်မြင်တွေ့ရမှာဖြစ်ပါသည်။





Power ( 3 ) စွမ်းအင် ၃ မျိုးအကြောင်း

အပူစွမ်းအင်
                    အပူစွမ်းအင် ရရှိလာစေရန်အတွက် လျှပ်စစ်လမ်းကြောင်း အတွင်းတွင် Resistance တမျိုးဖြစ်သည့် နီခရုန်းသတ္တုဖြင့် ပြုလုပ်ထားသော အပူကွိုင်ဟု အရပ်အတွင်း အလွယ်ခေါ်သည့် ပစ္စည်းဖြင့် လျှပ်စစ်ခုခံမှု့ ပြုလုပ်ပေးလိုက် ခြင်းဖြင့် လျှပ်စစ်စွမ်းအင်ကို အပူစွမ်းအင် အဖြစ်ကူးပြောင်း ပေးလိုက်ခြင်းဖြင့် ထမင်းအိုး ရေနွေးအိုး တို့ကဲ့သို့ လူ့အသုံးအဆောင် လျှပ်စစ်ပစ္စည်းများကို ဖြစ်ပေါ်လာစေပါသည် ။

.

                  ထမင်းပေါင်းအိုး အပူကွိုင်အား အထက်ပါ ပုံတွင် မြင်တွေ့ရမှာဖြစ်ပါသည်။ Resistor နှင့်ပါတ်သက်သည့် အကြောင်းအရာများကို လေ့လာရာတွင် Resistance ဖြစ်သည့် လျှပ်စစ် ခုခံမှု့ တန်ဖိုး အကြောင်းအရာများ ကိုလည်း သိစေလိုသောကြောင့် ထမင်းအိုးကွိုင်များ အကြောင်း ထည့်သွင်းရေးသား ခြင်းအား မလိုအပ်ဟု လျှပ်စစ် မိတ်ဆွေများ မယူဆစေလိုပါ။ ထမင်းပေါင်းအိုးကွိုင်သည် အမှန်တော့ Electronic ပညာရပ် တွင်မပါဝင်သော်လည်း အမှန်တော့ နည်းပညာအရ Resistor အကြီးစား တမျိုးသာလျှင်ဖြစ်ပါသည်။


                အပူစွမ်းအင်ကို နီးခရုန်းဝါယာကို အသုံးပြုပြီး စွမ်းအင် ကူးပြောင်းခြင်းနည်းဖြင့် အသုံးချသော်လည်း အပူချည်းသက်သက် ပြောင်းလဲခြင်း မဟုတ်ပဲ အပူအပြင် အလင်း အနည်းငယ် ပါဝင်လာသောကြောင့် လျှပ်စစ်စွမ်းအင် ဆုံးရှုံးမှု့ အနည်းငယ်ဖြစ်ပေါ်လာစေပါသည် ။ သို့သော် ယနေ့ခေတ် အပူကွိုင်များမှာမူ အသေပိတ်အပူကွိုင်များ ဖြစ်သောကြောင့် အလင်းစွမ်းအင် မပါသလောက် ဖြစ်သောကြောင့် ရာနှုန်းပြည့် မရသော်လည်း ယခင်ထက် လျှပ်စစ်စွမ်းအင် ဆုံးရှုံးမှု့ကို အထိုက်လျောက် ကာကွယ်ပေးနိုင်သွားပါသည်။

အလင်းစွမ်းအင်

                အလင်းစွမ်းအင်ရရှိလာစေရန် နီခရုန်းဝါယာကို ရှေးယခင်က အသုံးပြုခဲ့ကြသော်လည်း ယခုအခါ LED နည်းပညာကို အသုံးပြု၍ အလင်းစွမ်းအင်ကို ထုတ်ယူသုံးစွဲနေကြပြီဖြစ်ပါသည်။ နီခရုန်းဝါယာသည် အလင်းကိုထုတ်လွှတ်ပေးနိုင်သော်လည်း အားနည်းချက်မှာ အပူစွမ်းအင်အဖြစ်ပါ ထုတ်လွှတ်ပေးခြင်းကြောင့် လျှပ်စစ်ဆုံးရှုံးမှု့ရှိနေဆဲဖြစ်ပါသည်။ ယခုခေတ် LED မီးသီးများမှာတော့ နီခရုန်းဝါယာထက် အပူထုတ်လွှတ်မှု့ များစွာ နည်းသွားခြင်းကြောင့် လျှပ်စစ်ဆုံးရှုံးမှု့များစွာ သက်သာသွားစေပါသည်။ 

တန်စတင်သတ္တုဝါယာကို အသုံးပြုထားသော ယခင်ခေတ် မီးလုံးတလုံး

စက်မှု့စွမ်းအင်

စက်မှု့စွမ်းအင်ဆိုသည်မှာ မော်တာများကဲ့သို့ ဝါယာနန်းကြိုးမျှင်တို့ဖြင့် ကွိုင်ရစ်ပါတ်ခွေထားပြီး သံလိုက်စက်ကွင်းအားဖြင့် အလုပ်လုပ်လည်ပါတ်စေသော စွမ်းအင်ကို စက်မှု့စွမ်းအင်ဟုခေါ်ဆိုပါသည်။ ကွိုင်များအတွင်းသို့ လျှပ်စစ်ဓါတ်စီးဝင်လာသောအခါ ကွိုင်များ၏ ခုခံမှု့တန်ဖိုးကြောင့် သံလိုက်စက်ကွင်းများထွက်ပေါ်လာပြီး မော်တာများကို လည်စေပါသည်။


မော်တာများလည်ရာတွင်လည်း မလိုလားအပ်သည့် အပူထွက် ပေါ်လာပြန်သဖြင့် လျှပ်စစ်စွမ်းအင် ဆုံးရှုံးမှု့ အနည်း နှင့် အများတော့ ရှိနေပါသေးသည်။ စွမ်းအင်တခုမှ တခုသို့ကူးပြောင်းရာတွင် မည်သည့်အခါတွင်မှ စွမ်းအင်အပြည့်အဝ ရနိုင်မှာမဟုတ်ပဲ Electrical Loss ဟုခေါ်သည့် လျှပ်စစ်ဆုံးရှုံးမှု့ အနည်းအများရှိနေကြဆဲပင်ဖြစ်ပါသည်။




Power ( 2 ) Ohm's Law

Ohm's Law အုမ်း၏ နိယာမ

အုမ်း နိယာမ သည် လျှပ်စစ်အားလုံး၏ အခြေခံပင်ဖြစ်ပါသည်။ မည်သည့် လျှပ်စစ်ပစ္စည်းပင် ဖြစ်ပါစေ ယင်း အုမ်းနိယာမက ပါဝင် ပါတ်သက်လျက်ရှိပြီး ကျော်၍ကို မရပါ Electronic ဖြစ်စေ Electrical ဖြစ်စေ ၊ မည်သည့်လျှပ်စစ်ပညာရပ်ဖြစ်စေ၊ မည်သည့် လျှပ်စစ် ပစ္စည်းဖြစ်စေ အခြေခံအကျဆုံးဖြစ်သည့် အုန်းနိယာမဖြင့်သာ တွက်ချက်ပြီး လေ့လာသွားရမှာသာဖြစ်ပါသည် ။ 

ဂျော့ချ်ဆိုင်မွန်အုန်း (George Simon Ohm)

Voltage, Ampere and Ohm တို့ဆက်စပ်မှု့ကို ဖော်ပြသော နိယာမဖြစ်ပါသည်။ သင်္ချာ ညီမျှခြင်းဖြင့် ရေးပြသောအခါ အောက်ပါအတိုင်းမြင်တွေ့ရမှာဖြစ်ပါသည်။

I =  V / R

၁၈၂၈ တွင် ဂျော့ချ် ဆိုင်မွန် အုမ်း (George Simon Ohm) ဆိုသည့် ပုဂ္ဂိုလ်မှနေ၍လက်တွေ့စမ်းသပ်မှု့များစွာပြုလုပ်ပြီး ဖော်ထုတ်ထားသည့်အတွတ် Ohm's Law ဟုခေါ်ပါသည် ဗို့ အမ်ပီယာ အုမ်း သုံးခုအနက် နှစ်ခုကိုသိလျှင် ကျန်တခုကို အုမ်းညီမျှခြင်းဖြင့် ရှာနိုင်ပေသည်။

I = V / R  , V = I x R , R = V / I

    

အုမ်းနိယာမကို ဒီအတိုင်း လေ့လာနေလျှင် မျက်စေ့ရှုပ်နိုင်ပါသည်။ ထို့ကြောင့် Volt, Ohm and Ampere ၃ မျိုးတို့၏ ဆက်စပ်မှု့လေးကို ဆီးဆောလေး (Sea Saw) ဖြင့် မျက်စေ့ထဲမြင်ပြီးလေ့လာကြည့်သင့်ပါသည်။ ဆီးဆော ဆိုသည်မှာ မိမိတို့ ငယ်စဉ်ဘဝတုန်းက ပန်းခြံများမှာ ဆော့ကစားခဲ့ကြသော ပစ္စည်းလေးတမျိုးဖြစ်ပြီး ကလေးတဦးမှ အပေါ်သို့မြင့်တက်သွားချိန် ကလေးတဦးမှ အောက်သို့နိမ့်သွားမှာဖြစ်ပြီး တယောက်တလှည့်စီ မြင့်လိုက် နိမ့်လိုက်ဖြင့် ကစားရသော ပစ္စည်းကို ဆီးဆောဟုခေါ်ပါသည် ။ ပုံထဲတွင်ရှု့မြင်နိုင်ပါသည် ။ 

ဆီးဆောလေးကို အလည်မှ ထောက်ထားသော ထောက်တိုင်လေးအား Volt အဖြစ်သတ်မှတ်ပေးပါ။ Ohm နှင့် Ampere ပြောင်းလဲမှု့တွေ Voltage သည် ကိန်းသေဖြစ်ပါသည်။ ဆိုလိုသည်မှာ ဗို့သည် ဉပမာ ၂၂၀ဗို့ ၊ ၁၁၀ဗို့ ၊ ၁၂ ဗို့ ၊ ၂၄ ဗို့စသည်ဖြင့် မပြောင်းလဲပဲ ကိန်းသေဖြစ်နေမည်ဟုမှတ်ပေးထားပါ။ ထိုကဲ့သို့ ဗို့အားသည် ကိန်းသေဖြစ်နေသည်ဟု စိတ်ထဲသတ်မှတ်ပြီးသောအခါ တွင် Ohm နှင့် Ampere တို့ကို ဆီးဆောကစားမည့် ကလေး နှစ်ဦးအဖြစ်မြင်ကြည့်ပေးပါ ၊ Ohm အဖြစ်သရုပ်ဆောင်မည့် ကလေးတဦးမှ ဆီးဆောမှာနိမ့်ဆင်းသွားသောအခါ Ampere အဖြစ်သရုပ်ဆောင်မည့် ကလေးသည် မြင့်တက်သွားမှာဖြစ်ပါသည်။

အထက်ပါအဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် Ohm နည်းလျှင် လျှပ်စစ်ပါတ်လမ်းတွင် Resistance ခုခံမှု့နည်းသွားခြင်းကြောင့် Ampere လျှပ်စစ်စီးကြောင်း မြင့်တက်လာကြောင်းကို သိရှိနားလည်နိုင်ပါမည်။ ပြောင်းပြန်အားဖြင့် နားလည်ရမည်ဆိုပါမူ Ohm များလာလျှင် လျှပ်စစ်ပါတ်လမ်းတွင် Resistance များလာသောကြောင့် Ampere လျှပ်စစ်စီးကြောင်း နည်းလာမှာဖြစ်ကြောင်း အလွယ်တကူ နားလည်နိုင်မှာဖြစ်ပါသည် ။ လျှပ်စစ်စီးကြောင်းကို ထိန်းချုပ်ရာတွင် အဓိကအားဖြင့် Resistance တန်ဖိုး အနည်းအများကို အသုံးပြုပြီး ထိန်းချုပ်ခြင်းသာဖြစ်ပါသည် ။

Electronic ပညာရပ်ကို လေ့လာလိုက်စားရာတွင် အခြေခံကျကျဖြစ်သော Ohm’s Law ရဲ့ Ohm များလျှင် ၊ Ampere နည်းပြီး ၊ Ohm နည်းလျှင် Ampere များလာမည်ဖြစ်ကြောင်းကို သေသေချာချာ မှတ်သားထားလျှင် အောင်မြင်နိုင်မှာဖြစ်ပါသည် ။

အောက်တွင်ပါဝင်သော ဆီးဆောပုံလေးကို လေ့လာကြည့်ပါ။ မိတ်ဆွေတို့၏ စိတ်ဝယ် တဘက်တွင် Ohm သည် ထိုင်နေမှာဖြစ်ပြီး ၊ တဘက်တွင် Ampere ထိုင်နေသည်ဟုမြင်ကြည့်လိုက်ပါ။ ထိုအခါ အလည်တွင်ထောက်ထားသော ထောက်တိုင် လေးသည် Volt ဖြစ်လာပါမည်။ ထို့ကြောင့် Ohm တန်ဖိုး အပြောင်းအလဲပေါ်မူတည်ပြီး Ampere ပြောင်းလဲခြင်းကို မူတည်၍ Ohm’s Law ကို ဂျော့ဆိုင်မွန်အုန်းမှ လက်တွေ့သက်သေပြချက်များစွာဖြင့် စဉ်းစားတွေးခေါ်၍ လျှပ်စစ်လောကကြီးကို ပြောင်းလဲစေခဲ့ခြင်း ဖြစ်ပါသည်။ 


ဂျော့ချ်ဆိုင်မွန်အုန်း (George Simon Ohm) ၏ နာမည်ကျော် Ohm’s Law အားတွက်ထုတ်ခဲ့သည့် လက်ရေးစာမူအစစ်အားမြင်ရစဉ်။


ဆီးဆောငယ်လေး၏ အလည် ထောက်တိုင် အား Voltage အဖြစ် မြင်ကြည့်ပေးပါ။ Voltage သည် constant ဖြစ်နေသည်ဟု မှတ်ယူ ထားပေး နိုင်ပါသည်။



            ဆီးဆော ငယ်လေး၏ အလည် ထောက်တိုင်အား Voltage အဖြစ်မြင်ပြီးပါက ၊ ဘေး တဘက် တချက်စီအား Ohm နှင့် Ampere အဖြစ် ရှု့မြင်ပေးစေလိုပါသည်။



                Ohm အဖြစ် သတ်မှတ်ခဲ့သည့် ဘက်ခြမ်း နိမ့်ကျ သွားသောအခါ Ampere သည် မြင့်တက်သွားမှာ ဖြစ်သောကြောင့် Ohm’s Law အရ လျှပ်စစ်ပါတ်လမ်း တွင် Ohm နည်းလျှင် Ampere မြင့် တက်လာမှာ ဖြစ်ကြောင်း စဉ်းစားတွေးခေါ်ယူနိုင်ပါသည်။



Ohm အဖြစ် သတ်မှတ်ခဲ့သည့် ဘက်ခြမ်း မြင့်တက် သွားသောအခါ Ampere သည် နိမ့်ကျသွားမှာ ဖြစ်သောကြောင့် Ohm’s Law အရ လျှပ်စစ်ပါတ်လမ်း တွင် Ohm များလျှင် Ampere နည်းသွားမှာဖြစ်ကြောင်း စဉ်းစား တွေးခေါ်ယူနိုင်ပါသည်။

Electron Flow ဟုခေါ်ဆိုသည့် လျှပ်စစ် စီးဆင်းမှု့တွင် Voltage သည် Ampere ကိုတွန်း အားပေးနေပေးသော်လည်း Ohm ဖြစ်သော Resistance မှလိုသလောက် မသွားနိုင်အောင် တားဆီး ပိတ်ပင်ထား ခြင်းကိုမြင်တွေ့ရမှာဖြစ်ပါသည်။



Ohm's Law လျှပ်စစ်ခုခံမှု့အကြောင်း ဗီဒီယို



Monday, November 10, 2025

Power ( 1 ) Voltage, Current and Power

Introduction စတင်မိတ်ဆက်ခြင်း

အောက်ပါပုံထဲက Gentlemen သုံးယောက်ကတော့ ကျတော်တို့ရဲ့ Physics ဖခင်ကြီး ၃ ယောက်ဖြစ်ပါတယ် ။

            Gallilo 1564-1642

Isaac Newton 1643-1727

Destarces 1596-1650


အခြေခံအကျဆုံး လျှပ်စီးကြောင်းသဘာဝ

လူတော်တော်များများသိထားကြတာက လျှပ်စီးဆိုတာ အဖိုဘက်နေစတင်စီးထွတ်လာပြီး အမဘက် ကိုစီးဝင်သွားကြခြင်းပါ အမှန်တော့ ဒါဟာမှားပါတယ် ဘာကြောင့်မှားတာလည်းဆိုတော့ နည်းပညာမမြင့်မားခင်ကာလတုန်းက လူတွေဟာ လျှပ်စီးဆိုတာ အဖို + ဘက်နေစီးထွတ်လာပြီး အမ - ဘက်သို့စီးဝင်သွားခြင်းဟု သတ်မှတ်ခဲ့ကြပါတယ် သို့သော် နောက်ပိုင်းတွင် နည်းပညာမြင့်မားလာသောအခါ ယင်းအယူအဆမှာ မှားယွင်းကြောင်းသိလာခဲ့ကြပါတယ် အမှန်မှာ လျှပ်စစ်သည် အမ (-) ဘက်မှစီးထွတ်လာပြီး အဖို (+) ဘက်ဆို ပြောင်းပြန်စီးထွတ်လာခြင်း ကသာအမှန်ဖြစ်ပါတယ် ။

ယင်းကဲ့သို့ အပေါင်းမှ လျှပ်စီးထွတ်လာပြီး အနုတ်သို့ စီးဝင်ခြင်းကို Conventional Current ဟုခေါ်ဆိုပြီး အနုတ်မှ လျှပ်စီးထွတ်လာပြီး အပေါင်းဘက်သို့စီးဝင်ခြင်းကို Electron Flow ဟုခေါ်ဆိုကြပါသည် ပုံတွင်လေ့လာကြည့်ပါ တကယ့်ပြင်ပလက်တွေ့မှာ လျှပ်စစ်သည် အမဘက်မှ ထွတ်လာပြီး အဖိုဘက် သို့စီးဝင်သော Electron Flow သာလျှင်ဖြစ်ပေတော့သည် ထို့ကြောင့် Battery တွေကိုကြိုးဖြုတ်လျှင် အမကြိုးကိုဦးစွာဖြုတ်ပေးရမှာဖြစ်ပါသည် ။

ဒါမှသာ Electron တွေသည် အဖိုကြိုးမှတဆင့် Battery ထဲပြန်ဝင်သွားမှာဖြစ်ပါတယ် သို့မဟုတ်ပဲ အဖိုကြိုး ကိုအရင်ဖြုတ်ပါမူ Electron တွေသည် သွားစရာမရှိသဖြင့် အောင်းနေပြီ အခန့်မသင့်လျှင် လူကို အန္တရယ် ဖြစ်လာစေနိုင်ပါတယ် ။

Electron အနုတ်ဘက်မှ အပေါင်းဘက်သို့စီးဆင်းသည်ဆိုခြင်းမှာ DC လျှပ်စစ် အတွတ်သာဖြစ်ပါသည် ။ Ampere ဆိုတာ တစက္ကန့်အတွင်း အမှတ်တခုမှ ဖြတ်စီးသွားသော Electron အလုံးရေကိုခေါ်ဆိုခြင်းဖြစ်ပြီး 1 Ampere တွင် 6.24 x 1018 သုည အလုံးပေါင်း ၁၈ လုံးပါဝင်ပါတယ် ။


1 Ampere = တွင် 6.24 x 1018

Electro Flow နှင့် Conventional Current ကွာခြားခြင်းကို အောက်ပါပုံတွင် လေ့လာနိုင်ပါသည် ။

Ampere ဆိုသည်မှာ တစက္ကန့် အတွင်း အမှတ်တခုမှ ဖြတ်စီးသွားသော အီလက်ထရွန် အလုံးရည်ကို ခေါ် ဆိုထားခြင်း ဖြစ်ပြီး ၊ 1 Ampere တွင် Electron အလုံးရည်ပေါင်း 6.24 x 1018 ပါဝင်ပါသည် ။

            Ampere နှင့် အပြိုင် တွဲဖတ်အလုပ်လုပ်သူကတော့ Voltage ဖြစ်ပါသည် ။ Voltage သည် Ampere or Current or Electro အလုံးများ ရွေ့လျားသွားနိုင်အောင် တွန်းအားပေးသည့် စွမ်းအင်တမျိုးဖြစ်ပါသည် ။ အခြားနည်းဖြင့် ( Electro Motive Force = EMF ) ဟုလည်းခေါ်ဆိုနိုင်ပါသေးသည် ။ နမူနာအားဖြင့် Voltage က Electron များကို တွန်းပေးလိုက်ခြင်းကြောင့် မီးကိုလင်းလာစေပါသည် ။ မီးလင်းလာစေခြင်းမှာ အမှန်တော့ Ampere ( Electron ) များရဲ့ စွမ်းအင်ကြောင့်ဖြစ်ပါသည် ။ Ampere or Current ကို Energy ဟုလည်း ခေါ်ဆိုနိုင် ပါသေးသည် ။ လူသားတို့အား ဓါတ်လိုက်စေသည်မှာ ယင်း Ampere ကြောင့်ပင်ဖြစ်ပါသည် ။ 


ကားဘက်ထရီတလုံးအား ဖြုတ်ရန်အတွက် အနုတ်ကြိုးမှစတင်၍ ဖြုတ်ရမှာဖြစ်ပါသည် ။ မှတ်ထားပေးစေလိုပါသည် ။ သို့သော်ယနေ့ခေတ် EFI ပါဝင်သောကားများတွင် ဘက်ထရီဖြုတ်လိုက်ပါက ECU အတွက် ပါဝါပျောက်ပြီး ပြဿနာ ဖြစ်နိုင်သောကြောင့် အခြားပါဝါ သီးခြား ပေးထားပြီးမှ ဘက်ထရီဖြုတ်ရမှာဖြစ်ပါသည် ။



ကနေ့ခေတ်မှာတော့ အိမ်သုံးတွင် ကားအက်စစ်ဘက်ထရီများအစား LifePo4 Battery များကိုအစားထိုးအသုံးပြုလာကြပြီဖြစ်ပါသည် ။ LifePo4 Battery များသည် ဈေးနှုန်းကြီးမြင့် သော်လည်း နှစ်ကာလအချိန် ကြာမြင့်စွာ အသုံးပြုနိုင်ခြင်း ၊ ကားဘက်ထရီများကဲ့သို့ ထိန်းသိမ်းရန်မလိုခြင်း BMS ကဒ်များ ဖြင့် အားပြည့် အားနည်းကို ထိန်းချုပ်နိုင်ခြင်း ကြောင့် နောင်နှစ်များစွာတွင် ယင်း ဘက်ထရီများကိုသာ အများအပြားအသုံးပြုကြတော့မှာ ဖြစ်ပါသည် ။ သို့သော် ကား ဘက်ထရီများနေရာတွင်တော့ LifePo4 တပ်ဆင်အသုံးပြုနိုင်မှာမဟုတ်ပါ။

ပုံထဲတွင်တော့ မိမိတို့ ES Institute Production မှာ တာဝန် ယူတပ်ဆင် ရောင်းချပေးထားခဲ့သည့် နာမည်ကြီး Growatt 6kW Inverter နှင့် နာမည်ကျော် LVTOPSUN 51.2V 300Ah Battery အတွဲအား မြင်တွေ့ရစဉ် ။ 


Voltage, Current and Power




Home Appliances ( 1 - 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း

မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အ...