Showing posts with label Wiring. Show all posts
Showing posts with label Wiring. Show all posts

Saturday, November 29, 2025

Wiring ( 1 - 4 ) Frequency ( ကြိမ်နှုန်း )

AC လျှပ်စစ်စနစ်တွင် အချိန်ကာလာ အပိုင်းအခြား တခုအတွင်း လျှပ်စစ်စီးကြောင်း စီးဆင်းမှု့ ဦးတည်ချက် ပြောင်းလဲခြင်းမှု့ အကြိမ်ပေါင်းကို Frequency ဟုခေါ်ပါသည် ။ 

မြန်မာနိုင်ငံတွင်

50 cycles / sec  50 Hertz ( ဟတ်ချ် ဟု အသံထွတ်သည် ) 

50 Hz ဟူ၍သတ်မှတ်ပေသည်။  ဆိုလိုသည်မှာ တစက္ကန့်အချိန်အတွင်း လျှပ်စီးကြောင်း ပြောင်းလဲစီးဆင်းမှု့ Cycle အကြိမ်ပေါင်း ၅၀ ရှိသည်ဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။ သင်္ကေတမှာ ( Hz ) ဖြစ်ပါသည်။





Frequency 50 Hz ဖြစ်ပါက ( 1 ) Cycle တွင် ကြာချိန်ကို အောက်ပါ နည်းဖြင့်တွက်နိုင်မှာဖြစ်ပါသည်။ 

T = 1 / f ( T သည် Time အချိန်ကိုဆိုလိုခြင်း ဖြစ်ပါတယ် ) 

T = 1 / 50 = 0.02 sec ဖြစ်လာမှာပါ။ 


Generator မှာထုတ်ပေးသော ကြိမ်နှုန်းအား သိနိုင်ရန် Frequency Meter ကိုအသုံးပြု၍ တိုင်းတာနိုင်မှာလည်းဖြစ်ပါသည်။ 

AC လျှပ်စီးလှိုင်းကို ဘာကြောင့် Hertz ဖြင့် တိုင်းတာကြသနည်း။ 

အိမ်သုံးအနေဖြင့် Hertz ကို 50 Hz / 60 Hz အနေဖြင့် သုံးကြသော်လည်း လေယာဉ်ကွင်းတွေမှာ တော့ 400 Hz လောက်အထိအသုံးပြုကြပါသည်။ ဘယ်ကြောင့်ဆိုသော် 400 Hz ကိုအသုံးပြုခြင်းဖြင့် ဂျင်နရေတာတွေရဲ့ Magnetic iron ( သံလိုက်စက်ကွင်း ) လိုအပ်ချက်ကို လျော့ချနိုင်လို့ဖြစ်ပါတယ်။ ယင်းလျှပ်စီးကြောင်း အပြန်အလှန်စီးဆင်း နေခြင်းကို ဂျာမာန် ရူပဗေဒပညာရှင် Heinrich Rudolf Hertz ( ဟိန်းနရစ်ချ် ရူဒေါ့ဖ် ဟတ်ချ် ) က သက်သေပြနိုင်ခဲ့သော ကြောင့် ယင်းကို ဂုဏ်ပြုခြင်းဖြင့် AC လှိုင်း၏အပြန်အလှန်စီးဆင်းနူန်းကို Hz ဖြင့်သတ်မှတ်ထား ခြင်းဖြစ်ပါပေသည်။ 



(--- English Version Below --- )

Frequency (f)

In an AC (Alternating Current) electrical system, Frequency is defined as the number of times the direction of the electrical current flow reverses within a specific period of time (typically one second).

In Myanmar, the standard frequency is designated as:

  • 50 cycles per second

  • 50 Hertz (pronounced 'Hurts')

  • 50 Hz

This means that the current flow completes 50 cycles of directional change every second. The standard unit symbol is Hz.

Calculating the Time Period ($T$)

If the frequency ($f$) is $50 \text{ Hz}$, the time duration ($T$) for one complete cycle can be calculated using the formula:

T = 1f

Where T is the Time (in seconds) and f is the Frequency (in Hertz).

For f = 50  Hz

T = 150 = 0.02 seconds

The frequency generated by a generator can be measured using a Frequency Meter.

Why Hertz?

The reason we measure AC current cycles in Hertz is to honor the German physicist Heinrich Rudolf Hertz (1857–1894), who was the first to conclusively prove the existence and properties of electromagnetic waves, including the concept of alternating current oscillation.

Frequency Variations in Applications

While domestic and standard utility applications use either 50  Hz or 60 Hz, specialized applications like airports often use frequencies up to 400 Hz. This higher frequency is used because it allows for a reduction in the size and material requirements (especially the magnetic core iron) of the generators and transformers needed, making the equipment lighter and more efficient, which is crucial for aviation power systems.


Tuesday, November 18, 2025

Wiring ( 1 - 3 ) Conductor & Insulator

             Conductor အလွယ်တကူ လျှပ်စစ်စီးဆင်းနိုင်သော ပစ္စည်းမျိုးကို Conductor ဟုခေါ်ဆိုပေသည် ထူးခြားချက်မှာ Conductor များတွင် Electron ၃ လုံးသာရှိကြပါတယ် ၎င်းပစ္စည်းများကိုတော့ အလွယ်တကူသိပြီးဖြစ်ကြသော ရွှေ ငွေ ကြေးနီ ဒန် စသည်ဖြင့်ဖြစ်ပါတယ် ငွေ သည် လျှပ်ကူးနိုင်စွမ်း အမြန်ဆုံး အကောင်းဆုံးဖြစ်သောကြောင့် Electronic ပစ္စည်းများတွင် အများအပြားထည့်သွင်း အသုံးပြုကြတာဖြစ်ပြီး ရေသည် အညံဆုံး လျှပ်ကူးပစ္စည်းဖြစ်ပါတယ်။ ကြေးနီကတော့ နံပါတ် ၃ အဆင့်မှာရပ်တည်နေပြီး ဈေးသက်သာသောကြောင့် အသုံးအများဆုံးဖြစ်ပါသည်။ 

            Insulator သည် အလွယ်တကူပြောရလျှင် လျှပ်ကာပစ္စည်း ဖြစ်ပါတယ် လျှပ်စစ်စီးကူးနိုင်စွမ်းမရှိပါဘူး သူ့တွင် Electron ၅ လုံးမှစ၍ ၈ လုံးအထိရှိပြီး ထူးခြားချက်မှာ အပြင်ဘက်ဆုံး Electron သည် ဆွဲငင်အားအလွန် အားကောင်းသောကြောင့် တွန်းအားပေးသော်လည်း မရွေ့နိုင်သောကြောင့် လျှပ်စစ်ကူးနိုင်ခြင်းမရှိပေ ယင်းတွင်ပါဝင်သော ပစ္စည်းများမှာ ရာဘာ ဖိုင်ဘာ ဖန် သစ်သား လကြေးပြား စသည်တို့ဖြစ်ကြပြီး သစ်သားသည် အညံဆုံးလျှပ်ကာဖြစ်ပြီး  အကောင်းဆုံး လျှပ်ကာပစ္စည်းမှာ ကြွေဖြစ်၍ လျှပ်စစ်ပစ္စည်းများ အတွတ် အများအပြားအသုံးပြုကြပေသည်။

            Electron ၄ လုံးပါဝင်သော ပစ္စည်း သည် မရှိပေ အကယ်၍ ၄ လုံးဖြစ်အောင် ဖန်တီးထားသော ပစ္စည်းကို လျှပ်တပိုင်းကူး Semi - Conductor ဟုခေါ်ပြီး Electronic အပိုင်းတွင်သာ အသုံးပြုကြပြီး Electrical အပိုင်းတွင် အများအပြားအသုံးပြုခြင်းမရှိကြပေ။ 


" ----- English Version Below ----- "

Conductors

A Conductor is a material that allows electric current to flow through it easily.

A key characteristic of conductors is that their atoms typically have only three valence electrons (electrons in the outermost shell). Common examples include gold, silver, copper, and aluminum.

  • Gold is the best and fastest conductor of electricity, which is why it is widely used in high-quality electronic components.

  • Silver is the next best conductor.

  • Copper ranks third but is the most commonly used material due to its effectiveness combined with its low cost.

Insulators

An Insulator can be simply defined as an electrical barrier; it does not allow current to flow easily.

Insulators have between five and eight valence electrons. Their distinct characteristic is the extremely strong attractive force holding these outermost electrons, preventing them from moving even when a voltage force is applied. Consequently, they cannot conduct electricity.

Examples of insulating materials include rubber, fiberglass, glass, wood, and mica. While wood is considered a weak insulator, ceramic (porcelain) is one of the best insulating materials, making it highly valuable and widely used in electrical apparatus.

Semiconductors

Materials with exactly four valence electrons do not exist naturally. However, a material that has been engineered to effectively have four valence electrons is called a Semiconductor.

Semiconductors are primarily used in the Electronics field and are not widely used in the main Electrical field (power transmission and heavy current applications).



Thursday, November 13, 2025

Wiring ( 1 - 2 ) Current

Current အကြောင်း 

ပထမ သိခဲ့ကြသော Atom တခု၏ အပြင်ဘက်အကျဆုံး Free Electron အကြောင်း လေ့လာခဲ့ကြပြီးပြီ။ အပြင်ဘက်အကျဆုံး လမ်းကြောင်းမှ Electron ကိုခေါ်ဆိုခြင်းဖြစ်ပါသည်။ ယင်း Electron များကို ဆင့်ကဲ့ဆင့်ကဲ ရွှေ့လျားနေစေရန် တွန်းအားတခုသက်ရောက်ပေးနိုင်ပါက Electron Flow ခေါ် Electron စီးကြောင်းကြီးတခု ဖြစ်ပေါ်လာနေစေမှာဖြစ်ပါသည်။


        ယင်း လျှပ်စီးကြောင်းကို Current ဟုခေါ်ဆိုပါသည်။ Electron များ အပြန်အလှန်စီးဆင်းနေခြင်းကို Alternating Current ( AC ) ဟုခေါ်ဆိုကြပြီး Grape မျဉ်းဖြင့် ဖော်ပြပါက လှိုင်းတွန့် ပုံဖြင့် အပြန်အလှန်စီးဆင်းနေခြင်းကို မြင်ရမှာဖြစ်ပါသည်။

အကယ်၍ Electron စီးဆင်းနေမှု့သည် တဘက်တည်းသို့ တည်ငြိမ်စွာစီးဆင်းနေပါက Direct Current ( DC ) ဟုခေါ်ဆိုပြီး Grape မျဉ်းဖြင့်ပြသပါက မျဉ်းဖြောင့်ဖြင့်ဖော်ပြပါသည်။



လျှပ်စီးကြောင်း Current ကို ( I ) သင်္ကေတဖြင့်ဖော်ပြပြီး 
တိုင်းတာသော Unit မှာ (A ) ဖြစ်သည် 
လျှပ်စီးကောင်း တိုင်းတာသော  မီတာမှာ Ampere Meter ဖြစ်ပေသည်။
AC Ampere Meter ကိုတွေ့မြင်ရစဉ်။




လျှပ်စီးကြောင်း ပမာဏနည်းပါးပါက mA ဖြင့်ဖော်ပြပြီး တန်ဖိုးများပါက (KA - kilo Ampere) ဖြင့်ဖော်ပြပါတယ် 

1000 mA = 1 A 
1 mA  = 1 / 1000 A = 10 to the power - 3 
1000 A = 1 KA ဖြစ်ပါတယ် 

လျှပ်စီးကြောင်း Ampere သည် အောက်ပါဂုဏ်သတ္တိ ( ၃ ) မျိုးကိုပေးစွမ်းနိုင်ပါသည်။ 
၁. လျှပ်စစ်ဓါတု ဂုဏ်သတ္တိ
၂. အပူပေး ဂုဏ်သတ္တိ
၃. သံလိုက် ဂုဏ်သတ္တိ
ဟူ၍ဖြစ်ကြပါတယ် 
DC Ampere Meter 



            Ampere အကြောင်းအကြမ်းလေး လေ့လာခဲ့ကြပြိးပါတယ် ဒီကနေ့ ဗီဒီယိုဖိုင်လေးဖြင့် အနည်းငယ်လေ့လာပေးပါ Ampere ဆိုတာ တစက္ကန့်အတွင်း အမှတ်တခုမှ ဖြတ်စီးသွားသော Electron အလုံးရေကိုခေါ်ဆိုခြင်းဖြစ်ပြီး 1 Ampere တွင် ထရီလီယံ  သိန်းပေါင်း  ၆၀၀ ၀၀၀ ခန့်ကို 6.24 ဖြင့်ထပ်မြှောက်ထားခြင်းဖြစ်ပါသည်။ ထို့ကြောင့် 6.24 x 10 ^18 ဖြစ်ပါသည်။ 



Wiring ( 1 - 1 ) Natural of Electricity

        Nature Of Electricity  လျှပ်စစ်ဓါတ်အကြောင်း

မိမိတို့ပါတ်ဝန်းကျင်ရှိ အရာဝတ္ထုမှန်သမျှကို Molecule ( မော်လီကျူး ) များဖြင့် ဖွဲ့စည်းထားပါတယ်။ ယင်း မော်လီကျူးများအား ထပ်မံ၍ Atom ဖြင့်ထပ်ခွဲထားပြန်ပါသေးတယ်။ ၎င်း Atom ကိုမှာမှ အသေးငယ်ဆုံး အပိုင်းအဖြစ် Proton Neutron နှင့် Electron ဟူ၍ အပိုင်း ၃ ပိုင်းထပ်ခွဲထားပါတယ်။ အများသိပြီးကြတဲ့အတိုင်း Proton ပရိုတွန်သည် အဖိုဓါတ်ဆောင်သည် Neutron သည် အဖိုလည်းမဟုတ် အမလည်းမဟုတ် ကြားနေဖြစ်၍ Electron သည် အမဓါတ်ဆောင်သည် ။

            
           Niels Henrik David Bohr နေးလ် ဟိန်းရစ်ချ် ဒေးဗစ် ဗွန် ဒိန်းမတ်ချ် နိုင်ငံသား ရူပဗေဒပညာရှင်ဖြစ်ပြီး 7 , October 1885 တွင် ကိုဗင်ဟေဂင်မြို့တွင် မွေးဖွားခဲ့ပြီး 18, November 1962 အသက် ၇၇ နှစ်တွင်ကွယ်လွန်ခဲ့သည် သူသည် Atom ၏ အတွင်းပိုင်း Electron လှည့်ပါတ်နေမှု့များကို အကောင်းဆုံး သက်သေပြနိုင်ခဲ့သူဖြစ်ပေသည်။


ယင်းတို့ တည်ဆောက်ထားပုံမှာ အလည်တွင် ဝတ်ဆံအဖြစ် ပရိုတွန် နှင့် နူထရွန်က ပူးကပ်စွာစုစည်း တည်နေပြီး အရာဝတ္ထု၏ မူရင်းပုံသဏ္ဍန် မပျက်အောင်ထိန်းသိမ်းထား၍ အီလက်ထရွန်ကမူ ဘေးမှနေပြိး သက်ဆိုင်ရာလမ်းကြောင်းများဖြင့် ( Orbits = လမ်းကြောင်း ) အသီးသီး လျှင်မြန်သော အရှိန်ဖြင့် လည်ပါတ်လျက်ရှိကြပါတယ် Electron များလှည့်ပါတ်နေပုံမှာ နေကို ဗဟိုပြု၍ ကျန်ဂြိုလ်များ လှည့်ပါတ်နေခြင်းဖြင့် တူညီပြီး လက်ယာရစ် လှည့်ပါတ်နေခြင်းဖြစ်ပါသည်။

Electron များသည် Nuclear  နူယူကလီးယပ် ( ပရိုတွန် နှင့် နူထရွန် ပေါင်းထားခြင်းကို ခေါ်သည် ) ကို ဝိုင်းရံလှည့်ပါတ်သည့်အခါ သတ်မှတ်လမ်းကြောင်း အသီးသီးတွင် သတ်မှတ် အရေအတွတ်အတိုင်း တိတိကျကျလည်ပါတ်ကြသည်။ သို့သော် အပြင်ဘက်အကျဆုံး လမ်းကြောင်း ( Outer Most Orbit ) တွင် လှည့်ပါတ်နေသော Electron များကတော့ နူယူကလီးယား နှင့်ဝေး၍ ဆွဲငင်အားပျော့ပေသည် ထိုသို့ ဆွဲအားပျော့သော Electron များသည် သတ်မှတ်လမ်းကြောင်းအတိုင်း လှည့်ပါတ်ခြင်းမရှိတောပဲ   Free Electron ဖြစ်လာကြသည်။ Free Electron သည် လျှပ်စစ်လုပ်ငန်းအတွတ် အလွန်ရေးကြီးသော အစိတ်အပိုင်းပင်ဖြစ်သည်။

လျှပ်စစ်ဓါတ်ဆိုသည်မှာ Energy စွမ်းအင်တမျိုးသာ ဖြစ်ပြီး ၎င်း လျှပ်စစ်ကိုပင် ၂ မျိုးခွဲခြားထားပေသေးသည် 
၁ . တည်ငြိမ်လျှပ်စစ် ( Static Electricity = စတက်တစ် အီလက်ထရစ် စီးတီး  )။
၂. လှုပ်ရှား လျှပ်စစ် ( Dynamic Electricity Or Current Electricity  = ဒိုင်းနမစ် အီလထရစ် စီတီး သို့မဟုတ် ကားရန့် အီလက်ထရစ် စီးတီး ) ဟုဖြစ်ပေသည်။ 
Atom တခု၏ အတွင်းပိုင်းဖွဲ့စည်းပုံကိုမြင်ရမှာဖြစ်ပါသည်။


တည်ညိမ်လျှပ်စစ် (Static Electricity)

            တည်ငြိမ်လျှပ်စစ်သည် ရှိသော်လည်း သုံးမရပေ ဝါယာကြီးနှစ်ဘက် ချိတ်ထားနိုင်လျှင် ချိတ်ထား၍ ရသော်လည်း မည်သည့်လျှပ်စစ်မျှမထွတ်သေးချေ သုံးမရသော်လည်း အန္တရယ်ပေးနိုင်သည့် စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေချေသည် အဘယ်ကြောင့်နည်း ပွတ်တိုက်မှု့ကြောင့် ရုတ်တရက် လျှပ်စစ်ထွတ်လာသောကြောင့်ဖြစ်သည် ယင်းလျှပ်စစ်သည် ထွတ်လာသောအခါ Spark အမှုန်အမွှားပုံစံဖြင့် ထွတ်ပေါ်လာခြင်းဖြစ်ပေသည် ဥပမာ ဆီဖြည့်စဉ် ပွတ်တိုက်မှု့ကြောင့် မီးပွားထွတ်ခြင်းသည် ယင်းတည်ငြိမ်လျှပ်စစ်ကြောင့်ဖြစ်ပြီး မီးလောင်ပေါက်ကွဲနိုင်ပေသည် မိုးကြိုး ပစ်ခြင်းသည်လည်း တည်ငြိမ်လျှပ်စစ်ပင် ဖြစ်ပေသည်။  

ပွတ်တိုက်မှု့အား၏ တည်ငြိမ်လျှပ်စစ်အစွမ်းကို မြင်ရစဉ်

            မိမိတို့ငယ်စဉ်အခါက ပေတံကို ခေါင်းရှိဆံပင်နှင့် သို့မဟုတ် အဝတ်စဖြင့် ကြိမ်ဖန်များစွာ ပွတ်တိုက်လိုက်ပြီးသောအခါ သေးငယ်သောစက္ကူစများကို ပေတံမှ ဆွဲငင်နိုင်ခြင်း ၊ ဆံပင်များထောင်လာခြင်းတို့ကို ကိုယ်တိုင်လက်တွေ့ စမ်းသပ်ဖူးကြသော်လည်း တည်ညိမ်လျှပ်စစ်အစွမ်းကိုမူ မသိခဲ့ကြပေ။ 

တည်ငြိမ်လျှပ်စစ်ကြောင့် ဆီတိုင်ကီမီးလောင်မှု့မဖြစ်စေရန် ကားကို Earth ချထားစဉ်

တည်ငြိမ်လျှပ်စစ်ကြောင့် ရဟတ်ယာဉ်ပန်ကာအဖျားတွင် မီးပွင့်မီးပွားများကို တွေ့မြင်ရစဉ်

        မိုးကြိုးပစ်ခြင်း လျှပ်စီးလက်ခြင်းသည် လည်း ပြင်းထန်သော တည်ငြိမ်လျှပ်စစ်ကြောင့်ပင်ဖြစ်ပေသည်။ 
ယင်းသည် AC လည်း မဟုတ် DC လည်း မဟုတ်ပဲ Spark = စပါတ်ခ် လျှပ်စစ် အမှုန်အမွှားများသာဖြစ်ပေသည် 
နမူနာအနေဖြင့် ကားဆိုင်ကယ် ပလပ်များ မီးကူးနေခြင်းနှင့် ပုံစံတူသည်။

လှုပ်ရှားလျှပ်စစ် (Dynamic Electricity Or Current Electricity)

လှုပ်ရှားလျှပ်စစ် (Dynamic Electricity Or Current Electricity) သည် ရေကဲ့သို့ အစဉ်အမြဲစီးဆင်းနေသော လှုပ်ရှားစစ်အမျိုးအစားဖြစ်သည် ဝါယာကြီးတဘက်မှ တဘက်သို့ အပြန်အလှန်စီးဆင်းနေခြင်း AC Alternating Current ကဲ့သို့၎င်း တဘက်တည်းသို့ တည်ငြိမ်စွာ စီးဆင်းနေခြင်း DC Direct Current ကဲ့သို့၎င်း စီးဆင်းနေခြင်း ဖြစ်ပါသည်။

လျှပ်ရှားလျှပ်စစ်၏ အခြေခံဆားကစ်ပါတ်လမ်း


"--- English Version --- "












Home Appliances ( 1 - 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း

မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အ...