Wednesday, November 12, 2025

Electronic Basic ( 1 - 8 ) Resistor Series and Parallel

Resistor များကိုအသုံးပြုလိုသည့်အခါ လိုအပ်သောခုခံမှု့ အုမ်းတန်ဖိုးသာမက ယင်း၏ ပါဝါခံနိုင်မှု့ သတ်မှတ်ချက် နှင့် လည်း ကိုက်ညီရန် လိုအပ်ပါသည်။ သို့မှသာ အပူရှိန် တိုးမလာပဲ ကြာရှည်ခံနိုင်မှာဖြစ်ပါသည်။ အကယ်၍ Resistor များသည် ခံနိုင်သော ပါဝါထက်ပိုမိုလာက အပူ ထုတ်လွှတ်မှု့ များလာပြီး အဆုံးတွင် ပျက်စီးသွားနိုင်ပေသည်။ သာမန်အားဖြင့် ကိုယ်ထည် ပိုကြီးသော ရီစစ္စတာများသည် ပါဝါကို ပိုခံနိုင်ကြသည်။ ဥပမာ 1 W ရီစစ္စတာတလုံးသည် 500 V ခံနိုင်ပြီး 1/4 W သည် 250 V ခန့် 1/8 W သည် 150 V အသီးသီးခံနိုင်ကြသည်။

Resistor ကို Serial ဆက်သည့်အခါ Ohm တန်ဖိုးသည် ရီစစ္စတာများ၏ ပေါင်းခြင်းအတိုင်း တိုးတိုးလာလိမ့်မည် ဥပမာ 20k 1 W ရှိသော ရီစစ္စတာတလုံးကို Serial ဆက်လိုက်လျှင် Ohm တန်ဖိုးသည်။ 40k 1W ဖြစ်လာပေလိမ့်မည်။ သို့သော် Watt တန်ဖိုးမှာမူ မည်မျှဆက်ဆက် တိုးလာခြင်းမရှိပေ ။ အဘယ်ကြောင့်ဆိုသော် လျှပ်စီးလမ်းကြောင်းမှာ တခုတည်းဖြစ်သောကြောင့် ဖြစ်ပေသည် ။


Resistor များတန်းဆက်ခြင်း နှင့် ပြိုင်ဆက်ခြင်း

Resistor များကို ခုခံမှု့တန်ဖိုးနှင့် ပါဝါများကို အပြောင်းအလဲလိုသည့်အခါ Serial, Parallel နှစ်မျိုးဖြင့် တပ်ဆင်ခြင်းဖြင့် မိမိအလိုရှိရာကိုတွက်ချက်ရယူနိုင်သည်။

Resistor Series ဆက်ခြင်း

Rt = R1 + R2 + R3 + etc …



Parallel ဆက်ခြင်း

1/Rt = 1/ R1+ 1/ R2+ 1/ R3 + etc …

Resistor များကို Parallel ဆက်သည့်အခါ Ohm တန်ဖိုးသည် လျော့လျော့ လာပေသော်လည်း Watt မှာ မူပေါင်းခြင်း အတိုင်းတိုး လာပေသည်။ ဥပမာ 20k 1W ရီစစ္စတာကို Parallel ဆက်ခြင်းဖြင့် 10k 2W ကိုရရှိလာပေမည်။




Resistor Series and Parallel ပုံသေနည်း နှင့် Schematic Diagram အားတွေ့ရစဉ်။





Electronic Basic ( 1 - 7 ) 5 Band Resistor Color Code

၅ ရောင်အရစ်ပါ Resistor အရောင်ဖတ်နည်းကျတော့ အရောင်တရစ်ပိုပါလာတာလေးပါပဲ။ ၄ ရောင်ကိုဖတ်တတ်ရင် ၅ ရောင်ကမခက်ပါဘူး ပိုမိုတိကျတဲ့ Ohm တန်ဖိုးကို အလိုရှိတဲ့အခါ ၅ ရောင်ကိုအသုံးပြုကြပါသည်။ ပထမအရစ် ဒုတိယအရစ် တတိယအရစ်သည်၊ ယခင်တန်ဖိုးအတိုင်းမပြောင်းလဲချေ ၊ စတုတ္ထအရစ်မှ သာမြှောက်ဖော်ကိန်းဖြစ်လာပေသည်။ ယင်းမြှောက် ဖော်ကိန်းတန်ဖိုးသည် ၊ ယခင်အရောင်များအတိုင်းမပြောင်းလဲပေ။ ပဉ္စမအရောင်၏ လွဲမှားမှု့ တန်ဖိုးသာပြောင်းလဲလာပါသည်။

၅ ရောင်အရစ် Resistor များအား ပုံထဲတွင် မြင်တွေ့ရစဉ်။ Tolerance လွဲမှားမှု့တန်ဖိုး အရောင်သည် အခြား Resistance တန်ဖိုးများ နှင့် ပူးကပ်နေခြင်းမရှိပဲ ၊ နေရာ နည်းနည်းဝေးနေသည်ကို သတိထားမိနိုင်မှာပါ။ သီးခြားစီ ဝေးကွာနေသော အရောင်သည် လွဲမှားမှု့ တန်ဖိုး အရောင် ဖြစ်သောကြောင့် ယင်းအရောင်းအရစ်အား ညာဘက်တွင်ထားပြီး Resistor တန်ဖိုးအား ဘယ်ခြမ်းမှနေ၍ ညာခြမ်း သို့ တန်ဖိုးဖတ်ပေးရမှာဖြစ်ပါသည်။


ညို - 1%

နီ- 2 %

စိမ်း - 0.5 %

ပြာ - 0.25 %

ခရမ်း - 0.1 %

                အထက်ပါ လွဲ့မှားမှု့တန်ဖိုးများ ကွာခြားမှု့အလွန်သေးငယ်သောကြောင့် အလွန်အရေးကြီးသော Electronic Device ပါတ်လမ်း များတွင် တပ်ဆင်အသုံးပြုကြပါသည်။ ၄ ရောင်အရစ် တန်ဖိုးကို ဖတ်တတ်ပြီးဖြစ်ပါက ။ ဖတ်နည်းမှာ များစွာမခက်ခဲတော့ပါ။

အရောင် ၄ ရစ်ပါ Resistor နှင့် အရောင် ၅ ရစ်ပါ တန်ဖိုးဖတ်ရန် ဇယားကွက် အားမြင်တွေ့ရစဉ်။








Electronic Basic ( 1 - 6 ) Variable Resistor

တခါတရံ အုမ်း တန်ဖိုးကို အသေမဟုတ်ပဲ ပြောင်းလဲလိုသောအခါ Variable Resistor ကိုအသုံးပြုကြပါသည်။ Variable Resistor သည် လှည့်နိုင်သော လက်ကိုင်ဖု ပါဝင်၍ ဘယ်ဘက်အဆုံးထိ ချထားလျှင် 0 ဖြစ်ပြီး ၊ ညာဘက်သို့ အပြည့်လှည့် ထားလျှင် Variable Resistor ပစ္စည်း၏ သတ်မှတ်တန်ဖိုး အတိုင်း ရှိပါမည်။   Variable Resistor များတွင် A B C ဟူ၍ အမျိုးအစား သုံးမျိုးရှိပေသည်။ A Type သည် အသံချဲ့စက် Master Volume ကဲ့သို့ နေရာတွင် Master Volume Control သဘောမျိုး တပ်ဆင်အသုံးချသည်။ B Type သည်  ဈေးကွက်ထဲတွင် အပေါများဆုံး တွေ့ရသောပစ္စည်းဖြစ်ပြီး နေရာတကာတွင် အလွယ်တကူ တပ်ဆင်နိုင်ကြပါသည်။ C Type သည် Power Supply Voltage Adjustable အဖြစ်သုံးကြသည်။ C အမျိုးအစားကို ဈေးကွက်ထဲတွင် ရှားပါးပြီး သိပ်တွေ့ရခြင်း မရှိပဲ A Type နှင့် B Type အမျိုးအစားသာ ရှိပေသည်။ ခြေထောက် ၃ ချောင်းပါဝင်ပြီး အလည်ခြေထောက်နှင့် ဘေးနှစ်ဘက် ၂ ချောင်းအနက် သင့်တော်ရာ ခြေထောက် တချောင်းကို ဆက်သွယ်ပြီး အသုံးပြုရမှာဖြစ်ပါသည်။



Variable Resistor များအား အခြေအနေ ပေါ်မူတည်ပြီး ခြေထောက် ၃ ချောင်းလုံး အသုံးပြုနိုင်သည့် အခြေအနေရှိနိုင်သလို၊ ခြေထောက် ၂ ချောင်းတည်း အသုံးပြုသည့် အခြေအနေလည်း ရှိနိုင်ပါသေးသည်။ ထိုအကြောင်းအရာများကို Circuit Applications အခန်းများတွင် အပြည့်အစုံ ပြန်လည်ရှင်းပြထားမှာ ဖြစ်ပါသည်။


A Type Variable Resistor 

A Type Variable Resistor သည် အခြား ၂ မျိုး နှင့် လုပ်ဆောင်ချက် ကွာခြားပေသည်။ ထူးခြားချက်မှာ ဘယ်ဆုံးမှနေ၍ တဖြည်းဖြည်းချင်း လှည့်ပေးလာပါက အုမ်း တန်ဖိုးသည် လွန်စွာ စိတ်စိတ်လေး ပြောင်းလဲလာခြင်းကို မြင်တွေ့ရမှာပါ။ လှည့်ရန် နေရာ ၇၅% ရောက်သည့် တိုင်အောင် တန်ဖိုး သိပ်မတက်သေးကြောင်း တွေ့ရမှာပါ။ ၇၅% ကျော်သောအခါမှ မူရင်းသတ်မှတ် အုမ်းတန်ဖိုးကို ချက်ခြင်း ပြောင်းလဲ သွားစေခြင်း ဖြစ်ပါသည်။ ထို့ကြောင့် အသံချဲ့စက် များ၏ Master Volume Control များတွင် အများဆုံး အသုံးပြုကြပါသည်။


A100k ဆိုသည့် အဓိပ္ပါယ်မှာ A Type 100k Ohm တန်ဖိုးဟု ဆိုလိုပါသည်။

Variable Resistor ၏ ပြင်ပ ပုံစံနှင့် အတွင်းပိုင်း ဖွဲ့စည်းပုံ သဏ္ဉန် ကို မြင်တွေ့ ရမှာ ဖြစ်ပါသည်။


B Type Variable Resistor 

B Type Variable Resistor သည် A Type နှင့် ကွာခြားမှု့မှာ လက်ကိုင်ဖု ကို လှည့်လာပေးသောအခါ မူရင်း သတ်မှတ် အုမ်း တန်ဖိုးကို ညီညီမျှမျှ တက်လာစေရန် စီစဉ်ထားခြင်းဖြစ်ပါသည်။ Variable Resistor ၏ လှည့်ရန်တန်ဖိုး ၅၀% နှုန်းလှည့်ပြီးချိန် တွင်သတ်မှတ်အုမ်း တန်ဖိုး၏ တဝက်တက်လာမှာဖြစ်ပါသည်။ ၎င်း ကိုဈေးကွက်ထဲမှာ ပေါပေါ များများ တွေ့ရမှာဖြစ်ပြီး အလွယ်တကူ ပင်တပ်ဆင်အသုံးပြုကြပါသည်။

B500k ဆိုသည့် အဓိပ္ပါယ်မှာ A Type 500k Ohm တန်ဖိုးဟု ဆိုလိုပါသည်။


ပုံထဲတွင် လက်ကိုင်ဖု တပ်ဆင်ထားသော Variable Resistor နှစ်လုံး ကို မြင်တွေ့ရမှာဖြစ်ပါသည်။ ဘယ်ခြမ်းမှ Variable Resistor သည် ဘယ်အဆုံးအထိ လှည့်ချထားသောကြောင့် 0 ဖြစ်နေပါသည်။ ညာခြမ်းမှ Variable Resistor သည် ညာအဆုံးထိ လှည့်ထားသောကြောင့် သတ်မှတ် အုမ်းတန်ဖိုး၏ အမြင့်ဆုံးအနေအထားတွင် ရောက်နေမှာဖြစ်ပါသည် ။ 

Variable Resistor တန်ဖိုးမျိုးစုံကိုမြင်တွေ့ရစဉ်

Preset (Variable Resistor) ဟုခေါ်ဆိုနိုင်သော မျိုးပုံစံမတူသော Variable Resistor များကိုလည်းလေ့လာနိုင်မှာဖြစ်ပါသည်။

Preset (Variable Resistor) ဟုခေါ်ဆိုနိုင်သော မျိုးပုံစံမတူသော Variable Resistor များကိုလည်းလေ့လာနိုင်မှာဖြစ်ပါသည်။















Power ( 5 ) AC and DC လျှပ်စစ်အကြောင်း

AC (Alternating Current)

နေအိမ်များမှာသုံးနေတဲ့လျှပ်စစ်က AC လျှပ်စစ်ဖြစ်ပါသည်။ ( Alternating Current  = အော်တာနေတင်း ကားရန့် ) ဟုခေါ်ဆိုပါသည်။ ဝါယာကြိုးတစ်ဖက်မှာ လျှပ်စစ် အဖို နဲ့ အမ သီးခြားမရှိပါဘူး။ ဝါယာကြိုးတစ်ဖက်မှာ လျှပ်စစ် အဖိုနဲ့ အမ တစ်စက္ကန့်အတွင်း အကြိမ် ၅၀ သို့မဟုတ် ၆၀ နှုန်းဖြင့်ပြောင်းလဲနေခြင်းကို (Frequency = ဖရီကွန်စီ ) ဟုခေါ်ဆို၍ ယူနစ် (Hz)Hertz ဟတ်ချ် )  ဖြင့်ဖေါ်ပြပါတယ်။ လှိုင်းတွန့် ပုံသင်္ကေတ ဖြင့်ဖေါ်ပြပါတယ် AC လျှပ်စစ်ကို ပျန်းမျှအားဖြင့် Volt 230 နှင့် 50/60 Hz သက်မှတ်ထားပါသည်။ ကျွန်တော်တို့ အိမ်သုံး လျှပ်စစ်ပစ္စည်းများမှာ 230v 50/60 Hz ဟုပါရှိတာကိုတွေ့ကြရမှာပါ။


မိမိတို့ နေအိမ်သုံးလျှပ်စစ်ဖြစ်သော AC လျှပ်စစ်ကို Oscilloscope ခေါ် လှိုင်းကြည့်စက်ဖြင့်ကြည့်လျှင် ဘေးပုံအတိုင်း မြန်မာအက္ခရာ (လ) ပုံစံဖြင့် မြင်တွေ့ရမှာဖြစ်ပါသည်။


DC (Direct Current)

ဓာတ်ခဲ ဘထ္တရီ တို့မှာတွေ့ရှိရတဲ့ လျှပ်စစ် (Direct Current = ဒါရိုတ် ကားရန်) ဟုခေါ်ပါသည်။ တိုက်ရိုက် လျှပ်စီးကြောင်းဖြစ်၍ လျှပ်စစ် အဖို အမ သီးခြားစီ ရှိပါသည်။   မျဉ်းဖြောင့် ပုံသဏ္ဍန်ဖြင့်ဖေါ်ပြပါသည်။


DC Current ၏ ပုံသဏ္ဉန်ကို ဘေးပုံတွင်မြင်ရမှာဖြစ်ပြီး လှိုင်းမရှိပဲ တည်ညိမ်နေသောကြောင့် Direct Current ဟုခေါ်ဆိုခြင်းဖြစ်ပါသည်။




 


Tuesday, November 11, 2025

Power ( 4 ) Ampere သို့မဟုတ် လျှပ်စစ်ကြောင်း

ဆားကစ်တခုတွင် အုမ်းတန်ဖိုးကို မပြောင်းလဲပဲ ဗို့အားကိုပြောင်းပေးသော် Ampere ပြောင်းလာပေလိမ့်မည်။ ဥပမာ ဆို ကြပါစို့ ဗို့အားကို 0 V မှာ 12 V အထိ လှည့်ပေးနိုင်သည်ဆိုပါစို့ မီးလုံးသည် 12 V ခံနိုင်သောမီးလုံးဖြစ်မည်ဆိုပါစို့ ၊ ထို့မှသာ အားအပြည့်ဖြင့် လင်းနိုင်ပေမည် မီးလုံးကိုပေးထားသော ဗို့အားကို 12 V မှ 10 V သို့လျော့ချလိုက်သောအခါ ဆားကစ် ပါတ်လမ်းတွင်ဖြတ်စီးနေသော Ampere သည် အနည်းငယ် လျော့သွားသဖြင့် မီးသည် အတန်ငယ်မှိန်သွားပေမည်။ နောက်ဆုံး 0 V အထိလျော့ လိုက် လျှင် မီးလုံးသည် လုံးဝ ပိတ်သွားမည်ဖြစ်ပြီး Ampere လည်းမစီးတော့ချေ။ ထို့ကြောင့် Voltage နှင့် Resistance တို့အတွတ် ယေဘုယျ အားဖြင့် Ohm's Law ကို သိရှိနိုင်သည်။


Ohm's Law Wheel


I = V / R            Ampere = Voltage / Resistance

 

ထို့ကြောင့် 3 တန်ဖိုးရှိ Resistor တခု၏ အစွန်းနှစ်ဘက်တွင် 6 V ပေးထားပါက Ohm's Law အရ ယင်း Resistor ကိုဖြတ်စီးနေသော Ampere သည် 2 A ဖြစ်ကြောင်းသိရှိနိုင်ပေသည်။ လျှပ်စစ်ပါတ်လမ်းတခုတွင် ခုခံမှု့ကြီးကြီးပေးလိုက်သောအခါ ဗို့အားမြှင့်ပေးသော်လည်း Ampere နည်းနေပေလိမ့်မည် ၊ ဗို့အားနည်းသော်လည်း ခုခံမှု့လည်းနည်းပါက Ampere များနေမှာဖြစ်ပါသည်။ ထို့ကြောင့် ပုံသေနည်းအရ ခုခံမှု့နည်းလျှင် Ampere ကြီးမားလာပြီး ခုခံမှု့များလျှင် Ampere နည်းလာပေမည်။ ဥပမာ 30 ရှိသော ရေနွေးအိုးတခုကို 220 V ပေးလိုက်သောအခါတွင် -

Ohm’s Law အရ အောက်ပါအတိုင်းတွက်ချက်နိုင်ပါသည်။

            I =  V / I

I = 220V / 30 R

I = 7.3 A တန်ဖိုးရှိနေသော်လည်း Voltage တန်ဖိုးမပြောင်းပဲ 150 ခန့်ရှိသော ၄ လုံးချက်ထမင်းအိုး တလုံးအား 220V အားပေးသွင်းလိုက်သောအခါ။

            Ohm’s Law အရ

                        I =  V / R

                        I =  220V / 150R

                        I = 1.46 A သာရှိကြောင်းတွေ့ရမျာဖြစ်ပါသည်။

            ထို့ကြောင့် Ohm နှင့် Ampere သည် အပြန်အလှန်အကျိုးသက်ရောက်မှု့ရှိကြောင်းတွေ့ရမှာဖြစ်ပါသည်။



Ohm’s Law ကိုအသုံးပြု၍ မိမိ အလိုရှိရာ တန်ဖိုးကို လက်ညှိုးဖိ၍ အုပ်ရှာခြင်းဖြင့် အလိုရှိရာ တန်ဖိုးကိုတွက်ချက် ရှာဖွေနိုင်ကြောင်းပြ ဇယားကွက်ကို ဘေးပုံတွင်တွေ့မြင်ရမှာဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံ အတော်များများသည် Voltage ကို V သင်္ကတဖြင့်သာ ဖော်ပြကြသော်လည်း အချို့ဉရောပ နိုင်ငံများသည် E ဖြင့်ပြတတ်ပြီး United State သည် U ဖြင့်ဖော်ပြပါသည်။ 



Voltage မြင့်တက်လာပါက Ampere ပါ မြင့်တက်လာတတ်ကြောင်း သဘောတရား ပြဆိုသော Graph မျဉ်းကို ဘေးပုံတွင်မြင်တွေ့ရမှာဖြစ်ပါသည်။





Electronic Basic ( 2 - 5 ) Capacitor Code တန်ဖိုးဖတ်ခြင်း

ကပယ်စီတာများတွင် AC capacitor နှင့် DC capacitor ဟူ၍အခြေခံအားဖြင့် နှစ်မျိုးသာရှိပေသည်။ ယင်းတို့တွင် Electrolytic Capacitor တမျိုးသာ အဖိုအမ သတ်မှတ်ချက်ရှိပြီး၊ ကျန် အမျိုးအစား အဖိုအမ သတ်မှတ်ချက်မရှိကြပေ။ အီလက်ထရိုလိုက် (Electrolytic) အမျိုးအစား ကပယ်စီတာများကို ဆားကစ်ပါတ်လမ်း ပေါ်တွင် အဖိုအမ မှန်ကန်အောင်တပ်ရန် အထူး ဂုရုပြုရမည် ဖြစ်ပေသည်။ ထို့ပြင် အီလက်ထရိုလစ်စတစ် ကပယ်စီတာ တမျိုးသာ တန်ဖိုးအတိုင်း ကိုယ်ထည်ပေါ်တွင် Capacitance တန်ဖိုးကို ရေးသားထားပြီး အခြား အမျိုးအစား ကပယ်စီတာ များကိုတန်ဖိုး ဖတ်ရန်အတွတ် ကိုယ်ထည်ပေါ်တွင် Code  နံပါတ် များဖြင့် ရေးသားထားပေသည်။



ယင်းတို့ကို ဖတ်ရန်မှာ နံပါတ် ၃ လုံးနှင့် နောက်ဆုံး အက္ခရာတလုံးသာပါဝင်ပေသည်။ ပထမဆုံးနံပါတ် နှင့် ဒုတိယနံပါတ် တို့မှာ Resistor ကဲ့ သို့ပင် တန်ဖိုးပင်ဖြစ်ပေ၍ တတိယ နံပါတ်သည်လည်း Resistor လိုပဲ မြှောက်ဖော်ကိန်းဖြစ်ပေသည်။ ကွာခြားသည်မှာ အရောင် နှင့် နံပါတ်ဖြစ်ပြီး SMD Resistor များနှင်ဆင်တူပြန်သော်လည်း နောက်ဆုံး Tolerance ခြားနားမှု့တန်ဖိုးမှာ အက္ခရာဖြင့်ဖြစ်နေပေသည်။ ထို့ကြောင့် ဖတ်မှတ်ခဲ့ဘူးပြီးဖြစ်သော BS 1852 စနစ်မှ Resistor တန်ဖိုး သတ်မှတ်ပုံနှင့်ဆင်တူပေသည်။

ပထမစာလုံး နှင် ဒုတိယစာလုံးသည် 6 နှင့် 7 မပါဝင်ပေ။

0

1

2

3

4

5

8

9

တတိယစာလုံး မြှောက်ဖော်ကိန်းမှာ BS 1852 စနစ်ကဲ့ သို့ပင်ဖြစ်သော်လည်း 6 နှင့် 7 မပါဝင်ပေ။ ယခင် အတိုင်းပင် မြှောက်ဖော်ကိန်းကို ၂ မြင်လျှင် သုည ၂ လုံးဖြည့်ပေးလိုက်ရုံသာဖြစ်ပါသည်။ သို့သော် မြှောက်ဖော်ကိန်းသည် ၉ ဖြစ်ပါက ၁၀၀၀၀ ( ၁ သောင်း ) နှင့် စားပေးရမှာဖြစ်ပါသည်။ ထူးခြားမှု့လေး တခုဖြစ်ပါသည်။

109 =  10 / 10000 = 0.001 pF

109 သည် ကပယ်စီတာ ကိုယ်ထည်ပေါ်တွင် ရေးသားထားသော နံပါတ်ဖြစ်ပြီး မြှောက်ဖော်ကိန်းမှာ ၉ ဖြစ်သောကြောင့် ၁ သောင်း တန်ဖိုးဖြင့် စားပေးရမှာ ဖြစ်ပါသည်။ လွဲမှားမှု့ တန်ဖိုးများကို အမှန်ဆို ထည့်စဉ်းစားရန်မလိုပေ။ မိမိတို့နိုင်ငံတွင် အလိုရှိသည့် လွဲမှားမှု့တန်ဖိုးအား ရွေးချယ်နိုင်ခြင်း မရှိပဲ ဈေးကွက်အတွင်း ရရှိနိုင်သည့် တန်ဖိုးအတိုင်းသာ တွက်ချက်ရမှာ ဖြစ်ပါသည်။

ဥပမာအားဖြင့်

152J တန်ဖိုးဖတ်ရပါက

152J = 15 00 = 1500 pF ± 5%

152J = 15×102 = 1500 pF ± 5%

759J တန်ဖိုးဖတ်ရပါက

759J = 75 / 10000 = 0.0075 pF ± 5% ဖြစ်လာပေမည်။




Capacitor Code ဖတ်ခြင်း ဗီဒီယို




Power ( 3 ) စွမ်းအင် ၃ မျိုးအကြောင်း

အပူစွမ်းအင်
                    အပူစွမ်းအင် ရရှိလာစေရန်အတွက် လျှပ်စစ်လမ်းကြောင်း အတွင်းတွင် Resistance တမျိုးဖြစ်သည့် နီခရုန်းသတ္တုဖြင့် ပြုလုပ်ထားသော အပူကွိုင်ဟု အရပ်အတွင်း အလွယ်ခေါ်သည့် ပစ္စည်းဖြင့် လျှပ်စစ်ခုခံမှု့ ပြုလုပ်ပေးလိုက် ခြင်းဖြင့် လျှပ်စစ်စွမ်းအင်ကို အပူစွမ်းအင် အဖြစ်ကူးပြောင်း ပေးလိုက်ခြင်းဖြင့် ထမင်းအိုး ရေနွေးအိုး တို့ကဲ့သို့ လူ့အသုံးအဆောင် လျှပ်စစ်ပစ္စည်းများကို ဖြစ်ပေါ်လာစေပါသည် ။

.

                  ထမင်းပေါင်းအိုး အပူကွိုင်အား အထက်ပါ ပုံတွင် မြင်တွေ့ရမှာဖြစ်ပါသည်။ Resistor နှင့်ပါတ်သက်သည့် အကြောင်းအရာများကို လေ့လာရာတွင် Resistance ဖြစ်သည့် လျှပ်စစ် ခုခံမှု့ တန်ဖိုး အကြောင်းအရာများ ကိုလည်း သိစေလိုသောကြောင့် ထမင်းအိုးကွိုင်များ အကြောင်း ထည့်သွင်းရေးသား ခြင်းအား မလိုအပ်ဟု လျှပ်စစ် မိတ်ဆွေများ မယူဆစေလိုပါ။ ထမင်းပေါင်းအိုးကွိုင်သည် အမှန်တော့ Electronic ပညာရပ် တွင်မပါဝင်သော်လည်း အမှန်တော့ နည်းပညာအရ Resistor အကြီးစား တမျိုးသာလျှင်ဖြစ်ပါသည်။


                အပူစွမ်းအင်ကို နီးခရုန်းဝါယာကို အသုံးပြုပြီး စွမ်းအင် ကူးပြောင်းခြင်းနည်းဖြင့် အသုံးချသော်လည်း အပူချည်းသက်သက် ပြောင်းလဲခြင်း မဟုတ်ပဲ အပူအပြင် အလင်း အနည်းငယ် ပါဝင်လာသောကြောင့် လျှပ်စစ်စွမ်းအင် ဆုံးရှုံးမှု့ အနည်းငယ်ဖြစ်ပေါ်လာစေပါသည် ။ သို့သော် ယနေ့ခေတ် အပူကွိုင်များမှာမူ အသေပိတ်အပူကွိုင်များ ဖြစ်သောကြောင့် အလင်းစွမ်းအင် မပါသလောက် ဖြစ်သောကြောင့် ရာနှုန်းပြည့် မရသော်လည်း ယခင်ထက် လျှပ်စစ်စွမ်းအင် ဆုံးရှုံးမှု့ကို အထိုက်လျောက် ကာကွယ်ပေးနိုင်သွားပါသည်။

အလင်းစွမ်းအင်

                အလင်းစွမ်းအင်ရရှိလာစေရန် နီခရုန်းဝါယာကို ရှေးယခင်က အသုံးပြုခဲ့ကြသော်လည်း ယခုအခါ LED နည်းပညာကို အသုံးပြု၍ အလင်းစွမ်းအင်ကို ထုတ်ယူသုံးစွဲနေကြပြီဖြစ်ပါသည်။ နီခရုန်းဝါယာသည် အလင်းကိုထုတ်လွှတ်ပေးနိုင်သော်လည်း အားနည်းချက်မှာ အပူစွမ်းအင်အဖြစ်ပါ ထုတ်လွှတ်ပေးခြင်းကြောင့် လျှပ်စစ်ဆုံးရှုံးမှု့ရှိနေဆဲဖြစ်ပါသည်။ ယခုခေတ် LED မီးသီးများမှာတော့ နီခရုန်းဝါယာထက် အပူထုတ်လွှတ်မှု့ များစွာ နည်းသွားခြင်းကြောင့် လျှပ်စစ်ဆုံးရှုံးမှု့များစွာ သက်သာသွားစေပါသည်။ 

တန်စတင်သတ္တုဝါယာကို အသုံးပြုထားသော ယခင်ခေတ် မီးလုံးတလုံး

စက်မှု့စွမ်းအင်

စက်မှု့စွမ်းအင်ဆိုသည်မှာ မော်တာများကဲ့သို့ ဝါယာနန်းကြိုးမျှင်တို့ဖြင့် ကွိုင်ရစ်ပါတ်ခွေထားပြီး သံလိုက်စက်ကွင်းအားဖြင့် အလုပ်လုပ်လည်ပါတ်စေသော စွမ်းအင်ကို စက်မှု့စွမ်းအင်ဟုခေါ်ဆိုပါသည်။ ကွိုင်များအတွင်းသို့ လျှပ်စစ်ဓါတ်စီးဝင်လာသောအခါ ကွိုင်များ၏ ခုခံမှု့တန်ဖိုးကြောင့် သံလိုက်စက်ကွင်းများထွက်ပေါ်လာပြီး မော်တာများကို လည်စေပါသည်။


မော်တာများလည်ရာတွင်လည်း မလိုလားအပ်သည့် အပူထွက် ပေါ်လာပြန်သဖြင့် လျှပ်စစ်စွမ်းအင် ဆုံးရှုံးမှု့ အနည်း နှင့် အများတော့ ရှိနေပါသေးသည်။ စွမ်းအင်တခုမှ တခုသို့ကူးပြောင်းရာတွင် မည်သည့်အခါတွင်မှ စွမ်းအင်အပြည့်အဝ ရနိုင်မှာမဟုတ်ပဲ Electrical Loss ဟုခေါ်သည့် လျှပ်စစ်ဆုံးရှုံးမှု့ အနည်းအများရှိနေကြဆဲပင်ဖြစ်ပါသည်။




Home Appliances ( 1 - 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း

မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အ...