Monday, November 17, 2025

အင်ဗာတာပြုပြင်ခြင်း ( 1 - 1 ) Growatt 6kW Inverter Error Code 03 ပြင်ဆင်ခြင်း

 တနေ့တော့ မိတ်ဆွေတဦး အကူအညီလာတောင်းတယ် သူ့အိမ်က Growatt 6kW Inverter Fault မီးလင်းနေတယ်လို့ဖုန်းဆက်ပြောပါတယ်။ Code နဲ့ပါတ်ဘယ်လောက်လဲ မေးတောလည်း မဖြေနိုင်ပါဘူး။ User မသိတာက ကိစ္စမရှိပါဘူး။ ဒါနဲ့ စက်ရဲ့ Display ကိုဓါတ်ပုံရိုတ်ပြီး Viber ကပို့ပေးဖို့ ပြောလိုက်ပြီး ၊ ခဏအကြာမှာ ပုံရောက်လာတော့ စက်မှာ Error Code 03 တက်နေတာကိုတွေ့ရပါမယ်။ စက်က ကျတော်တို့တပ်ပေးထားတဲ့စက်မဟုတ်သလို အာမခံကာလ လည်းကျော်နေပါပြီ။


ပြင်လို့ရလားမေးတော့ အဖြေက ပြင်လို့ရပါတယ်။

ဝါသနာရှင်မိတ်ဆွေတွေနဲ့ Growatt အင်ဗာတာ ပြင်ဆင်ချင်တဲ့ မိတ်ဆွေတွေအတွက် ပြင်ဆင်နည်းလေး မျှဝေပေးလိုပါတယ်။ ဗီဒီယိုနဲ့တင်ဆက်လိုပေမယ့် အလုပ်လုပ်ရင်းရိုတ်ကူးရတာ လုံးဝအဆင်မပြေခြင်းကြောင့် ဆောင်းပါးအနေဖြင့်ပဲ တင်ဆက်လိုက်ပါသည်။
Error 03 (DC Over-Voltage / Battery Over-charge) ဖြစ်ပေါ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ Battery Voltage Sensing Circuit ကနေ ရရှိတဲ့ ဗို့အား (သို့မဟုတ်) DC Bus Voltage Sensing Circuit က ရရှိတဲ့ ဗို့အားဟာ သတ်မှတ်ထားတဲ့ Threshold (ကန့်သတ်ဗို့အား) ထက် ကျော်လွန်သွားလို့ပဲဖြစ်ပါတယ်။
Voltage Divider Network
ဘက်ထရီဗို့အားကို တိုင်းတာဖို့အတွက် ပုံမှန်အားဖြင့် Resistor Divider ကို အသုံးပြုပါတယ်။ ဒီ Resistor တွေရဲ့ အလုပ်လုပ်ပုံမှန်မှုကို စစ်ဆေးရပါမယ်။

စစ်ဆေးရန်:
တိုင်းတာသည့် High-Side Resistor (ဗို့အားမြင့်သည့်ဘက်ခြမ်းရှိ Resistor) သည် တန်ဖိုးတက်ခြင်း သို့မဟုတ် ပျက်စီးခြင်းရှိမရှိ စစ်ဆေးပါ။ R top တန်ဖိုးများ လွဲချော်နေပါက ADC (Analog-to-Digital Converter) သို့ ဝင်လာသော ဗို့အားသည် အမှန်တကယ်ထက် မြင့်နေသည်ဟု ထင်စေနိုင်ပါသည်။

အဖြေး
Resistor တန်ဖိုး လွဲချော်ပါက "Phantom Over-Voltage" (ရှိရင်းစွဲမဟုတ်သော ဗို့အားမြင့်တက်မှု) ကို ဖြစ်ပေါ်စေပြီး Error 03 ပြသပါလိမ့်မယ်။

Optocoupler / Isolator
High Voltage Section (DC Bus) မှ Sensing Signal ကို Low Voltage Control Board (DSP/MCU) သို့ ပေးပို့ရာတွင် Optocoupler သို့မဟုတ် Isolation Amplifier များကို အသုံးပြုလေ့ရှိပါသည်။

စစ်ဆေးရန်:
Optocoupler ၏ Gain/Transfer Ratio ပြောင်းလဲခြင်း သို့မဟုတ် ပျက်စီးခြင်းရှိမရှိ စစ်ဆေးပါ။ (ဥပမာ- TLP3505 သို့မဟုတ် အလားတူ Isolation Amps များ)
Reference Voltage
ADC မှ ဗို့အားကို တိုင်းတာရာတွင် အသုံးပြုသည့် Reference Voltage Ref V သည် အင်ဗာတာရဲ့ ထိန်းချုပ်ဘုတ်ပေါ်တွင် တည်ငြိမ်မှု ရှိရန် လိုအပ်ပါတယ်။

စစ်ဆေးရန်: V ref IC (ဥပမာ- 2.5V or 3.3V reference) မှ ထွက်သော ဗို့အားသည် တိကျမှုရှိမရှိ တိုင်းတာပါ။ V ref ကျဆင်းခြင်း သို့မဟုတ် မတည်မငြိမ်ဖြစ်ခြင်းကြောင့်လည်း error code 03 တက်နိုင်ပါသည်။

ADC Pin / Microcontroller

PWM Control Issue:
ဘက်ထရီ အားသွင်းသည့် ဘက်ခြမ်း (MPPT/Charger Section) ရှိ PWM (Pulse Width Modulation) ကို ထိန်းချုပ်သည့် Circuit မှာ ပြဿနာရှိနေခြင်းကြောင့် Duty Cycle အလွန်အမင်း မြင့်တက်ပြီး ဘက်ထရီသို့ လိုအပ်သည်ထက် ပိုမိုမြင့်မားသည့် ဗို့အား ပေးပို့မိခြင်း ဖြစ်နိုင်ပါတယ်။ (ဒါကတော့ Sensing Error မဟုတ်ဘဲ Actual Over-charge ဖြစ်တာပါ)။

Bypass Relay:
AC Input ကို အသုံးပြုသည့်အခါ ဘက်ထရီအားသွင်းခြင်းကို ထိန်းချုပ်သည့် Relay/Contactor မှာ ကပ်နေခြင်း သို့မဟုတ် မပွင့်ခြင်းတို့ကြောင့်လည်း အားဆက်သွင်းနေမိနိုင်ပါတယ်။

Error 03 သည် Sensing Error လား၊ သို့မဟုတ် Actual Over-voltage (တကယ်ဗို့အားလွန်ကဲမှု) လား ဆိုတာကို ခွဲခြားနိုင်ရင် ပိုမို မြန်ဆန်စွာ ဖြေရှင်းနိုင်မှာဖြစ်ပါသည် ။

မိမိတို့ ES Institute မှာဖြေရှင်းပြင်ဆင်ပေးခဲ့သည့် Code 03 Error လေးကတော့ Voltage Divider မှ Resistor Open ပြစ်ချက်ကြောင့်ဖြစ်ပါသည်။

Thursday, November 13, 2025

Arduino ( 3 - 5 )Two Led Blink

 Two LED Blink




Code များကို ကူးယူရာတွင် အထူးပြုအက္ခရာများအား သတိထား၍ မကျန်စေရန် ကူးယူစေလိုပါသည်။ 

Code ##
const int led1 = 12; //First LED is connected to digital pin 7
const int led2 = 13; //Second LED is connected to digital pin 8
void setup() {
pinMode(led1, OUTPUT); //Pin 12 is defined as output
pinMode(led2, OUTPUT); //Pin 13 is defined as output
}
void loop() {
digitalWrite(led1, HIGH);
delay(1000);
digitalWrite(led1, LOW);
//delay(1000);
digitalWrite(led2, HIGH);
delay(1000);
digitalWrite(led2, LOW);
//delay(1000);
}

Arduino ( 3 - 4 ) LED မီးသီးများ အကြောင်း



LED သည် မီးသီးမဟုတ်ပါ။ သို့သော် အလင်းရောင်ထုတ်ပေးနိုင်သဖြင့် မီးသီးဟုသာ အလွယ်ခေါ်ကြခြင်းဖြစ်ပါသည်။ LED သည် အလင်းရောင်ထုတ်ပေးနိုင်သော Diode ဖြစ်ပါသည်။ 




Arduino ( 3 - 3 ) One LED Blink Test

One LED Blink Test

ရေးသားရမည့် Code မှာ Build_In_LED Test နှင့် ပုံစံတူပြီး Hard ware ပိုင်းတွင်တော့ ဆင်ရမယ့် LED မီးသီးငယ် အကြောင်း အနည်းငယ်သိထားရန်လိုပါသည် ။ Blink ဆိုသည်မှာ မှိတ်တုတ် မှိတ်တုတ် ဖြစ်နေသည်ကို ဆိုလိုခြင်းဖြစ်ပါသည်။





Arduino ( 3 - 2 ) Proteus ဖြင့် Arduino သင်ခန်းစာများကိုလေ့ကျင့်ခြင်း






Arduino ( 2 - 3 ) Proteus Design 8.6 Install ပြုလုပ်ခြင်း


Home Appliances ( 1 - 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း

မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အ...