တနေ့တော့ မိတ်ဆွေတဦး အကူအညီလာတောင်းတယ် သူ့အိမ်က Growatt 6kW Inverter Fault မီးလင်းနေတယ်လို့ဖုန်းဆက်ပြောပါတယ်။ Code နဲ့ပါတ်ဘယ်လောက်လဲ မေးတောလည်း မဖြေနိုင်ပါဘူး။ User မသိတာက ကိစ္စမရှိပါဘူး။ ဒါနဲ့ စက်ရဲ့ Display ကိုဓါတ်ပုံရိုတ်ပြီး Viber ကပို့ပေးဖို့ ပြောလိုက်ပြီး ၊ ခဏအကြာမှာ ပုံရောက်လာတော့ စက်မှာ Error Code 03 တက်နေတာကိုတွေ့ရပါမယ်။ စက်က ကျတော်တို့တပ်ပေးထားတဲ့စက်မဟုတ်သလို အာမခံကာလ လည်းကျော်နေပါပြီ။
ပြင်လို့ရလားမေးတော့ အဖြေက ပြင်လို့ရပါတယ်။
ဝါသနာရှင်မိတ်ဆွေတွေနဲ့ Growatt အင်ဗာတာ ပြင်ဆင်ချင်တဲ့ မိတ်ဆွေတွေအတွက် ပြင်ဆင်နည်းလေး မျှဝေပေးလိုပါတယ်။ ဗီဒီယိုနဲ့တင်ဆက်လိုပေမယ့် အလုပ်လုပ်ရင်းရိုတ်ကူးရတာ လုံးဝအဆင်မပြေခြင်းကြောင့် ဆောင်းပါးအနေဖြင့်ပဲ တင်ဆက်လိုက်ပါသည်။
Error 03 (DC Over-Voltage / Battery Over-charge) ဖြစ်ပေါ်ရတဲ့ အဓိက အကြောင်းအရင်းကတော့ Battery Voltage Sensing Circuit ကနေ ရရှိတဲ့ ဗို့အား (သို့မဟုတ်) DC Bus Voltage Sensing Circuit က ရရှိတဲ့ ဗို့အားဟာ သတ်မှတ်ထားတဲ့ Threshold (ကန့်သတ်ဗို့အား) ထက် ကျော်လွန်သွားလို့ပဲဖြစ်ပါတယ်။
Voltage Divider Network
ဘက်ထရီဗို့အားကို တိုင်းတာဖို့အတွက် ပုံမှန်အားဖြင့် Resistor Divider ကို အသုံးပြုပါတယ်။ ဒီ Resistor တွေရဲ့ အလုပ်လုပ်ပုံမှန်မှုကို စစ်ဆေးရပါမယ်။
စစ်ဆေးရန်:
တိုင်းတာသည့် High-Side Resistor (ဗို့အားမြင့်သည့်ဘက်ခြမ်းရှိ Resistor) သည် တန်ဖိုးတက်ခြင်း သို့မဟုတ် ပျက်စီးခြင်းရှိမရှိ စစ်ဆေးပါ။ R top တန်ဖိုးများ လွဲချော်နေပါက ADC (Analog-to-Digital Converter) သို့ ဝင်လာသော ဗို့အားသည် အမှန်တကယ်ထက် မြင့်နေသည်ဟု ထင်စေနိုင်ပါသည်။
အဖြေး
Resistor တန်ဖိုး လွဲချော်ပါက "Phantom Over-Voltage" (ရှိရင်းစွဲမဟုတ်သော ဗို့အားမြင့်တက်မှု) ကို ဖြစ်ပေါ်စေပြီး Error 03 ပြသပါလိမ့်မယ်။
Optocoupler / Isolator
High Voltage Section (DC Bus) မှ Sensing Signal ကို Low Voltage Control Board (DSP/MCU) သို့ ပေးပို့ရာတွင် Optocoupler သို့မဟုတ် Isolation Amplifier များကို အသုံးပြုလေ့ရှိပါသည်။
စစ်ဆေးရန်:
Optocoupler ၏ Gain/Transfer Ratio ပြောင်းလဲခြင်း သို့မဟုတ် ပျက်စီးခြင်းရှိမရှိ စစ်ဆေးပါ။ (ဥပမာ- TLP3505 သို့မဟုတ် အလားတူ Isolation Amps များ)
Reference Voltage
ADC မှ ဗို့အားကို တိုင်းတာရာတွင် အသုံးပြုသည့် Reference Voltage Ref V သည် အင်ဗာတာရဲ့ ထိန်းချုပ်ဘုတ်ပေါ်တွင် တည်ငြိမ်မှု ရှိရန် လိုအပ်ပါတယ်။
စစ်ဆေးရန်: V ref IC (ဥပမာ- 2.5V or 3.3V reference) မှ ထွက်သော ဗို့အားသည် တိကျမှုရှိမရှိ တိုင်းတာပါ။ V ref ကျဆင်းခြင်း သို့မဟုတ် မတည်မငြိမ်ဖြစ်ခြင်းကြောင့်လည်း error code 03 တက်နိုင်ပါသည်။
ADC Pin / Microcontroller
PWM Control Issue:
ဘက်ထရီ အားသွင်းသည့် ဘက်ခြမ်း (MPPT/Charger Section) ရှိ PWM (Pulse Width Modulation) ကို ထိန်းချုပ်သည့် Circuit မှာ ပြဿနာရှိနေခြင်းကြောင့် Duty Cycle အလွန်အမင်း မြင့်တက်ပြီး ဘက်ထရီသို့ လိုအပ်သည်ထက် ပိုမိုမြင့်မားသည့် ဗို့အား ပေးပို့မိခြင်း ဖြစ်နိုင်ပါတယ်။ (ဒါကတော့ Sensing Error မဟုတ်ဘဲ Actual Over-charge ဖြစ်တာပါ)။
Bypass Relay:
AC Input ကို အသုံးပြုသည့်အခါ ဘက်ထရီအားသွင်းခြင်းကို ထိန်းချုပ်သည့် Relay/Contactor မှာ ကပ်နေခြင်း သို့မဟုတ် မပွင့်ခြင်းတို့ကြောင့်လည်း အားဆက်သွင်းနေမိနိုင်ပါတယ်။
Error 03 သည် Sensing Error လား၊ သို့မဟုတ် Actual Over-voltage (တကယ်ဗို့အားလွန်ကဲမှု) လား ဆိုတာကို ခွဲခြားနိုင်ရင် ပိုမို မြန်ဆန်စွာ ဖြေရှင်းနိုင်မှာဖြစ်ပါသည် ။
မိမိတို့ ES Institute မှာဖြေရှင်းပြင်ဆင်ပေးခဲ့သည့် Code 03 Error လေးကတော့ Voltage Divider မှ Resistor Open ပြစ်ချက်ကြောင့်ဖြစ်ပါသည်။