Sunday, October 19, 2025

Electronic Basic ( 1 - 3 ) Resistor တန်ဖိုးဖတ်ခြင်း

                       Resistor သည် အီလက်ထရွန်းနစ် ပါတ်လမ်းများတွင် အသုံးအများဆုံးသော အခြေခံအီလက်ထရွန်းနစ် အစိတ်အပိုင်းတခုဖြစ်ပါသည်။ ယင်း၏အဓိလုပ်ငန်းစဉ်မှာ Ampere ကိုအလိုရှိသလို လျော့ချရန် မိမိအလိုရှိရာ ဗို့အားကို ရရှိလာစေရန်ဖြစ်ကြောင်း ရှေ့ပိုင်းတွေ လေ့လာသိရှိခဲ့ကြပြီး ဖြစ်ပါသည်။ 

ယင်းကိုထုတ်လုပ်သည့် အခါ Resistance ( R ) ကိုရရှိအောင် ထုတ်လုပ်ထားပါသည်။  Resistor များ၏ မျက်မြင် အရွယ်အစားသည် ပါဝါခံနိုင်မူပေါ်မူတည်နေပါသည်။  ဆိုလိုသည်မှာ ကိုယ်ထည် ပိုကြီးလျှင် Watt များများခံနိုင်သည် ။  သို့သော် အရွယ်အစားနှင့် Resistance မှာဆက်စပ်မှု့မရှိပေ။
Resistor ကို Ohm ယူနစ်ဖြင့် တိုင်းတာသည် Resistor တွင် Fix တန်ဖိုး မပြောင်းလဲနိုင်သော Resistor နှင့် Variable Resistor တန်ဖိုးပြောင်းလဲနိုင်သော Resistor ဟူ၍ နှစ်မျိုးသာရှိပေသည် ။ ၎င်းတို့သည် အရွယ်အစား သေးငယ်ကြသဖြင့် တန်ဖိုးကို အရောင်များဖြင့် ကိုယ်ထည်ပေါ်တွင်ဖော်ပြထားပြီး အရောင်ကိုဖတ်၍ တန်ဖိုးကို ပြန်တွက်ယူရပေသည် ။ 

တန်ဖိုးဖတ်နည်းမှာ ရွှေရောင်အား ဘယ်ခြမ်းတွင်ထား၍ စာဖတ်သကဲ့သို့ ညာမှ ဘက်သို့ ဖတ်ပေးရမှာဖြစ်ပါသည်။

(နက် ညို နီ မော် ဝါ စိမ်း ပြာ ရမ်း ခိုး ဖြူ) စသည့်ယင်းလင်္ကာလေးကိုကျက်ထားပေးပါ။

နက် - 0

ညို - 1

နီ - 2

မော် - 3

ဝါ - 4

စိမ်း - 5

ပြာ - 6

ရမ်း - 7

ခိုး - 8

ဖြူ - 9

            ယင်းအရောင် နံပါတ်များလေးကို အလွတ်မှတ်ထားပေးပါ။




အပြောင်းအလဲတန်ဖိုး (Tolerance)

ရွှေရောင်  +/- 5% ၊ ငွေရောင် +/- 10% ဟူ၍ မှတ်သားထားကြပါသည် ။ ရွှေငါးတကောင် ၊ ငွေတဆယ်ဟုလည်းမှတ်ကြသည်။ Resistor အရောင်ဖတ်နည်းမှာ ရွှေရောင်ကို ညာဘက်တွင်ထား၍ ဘယ်မှညာသို့ဖတ်ရမည်။ အရောင် ၄ ရစ်ပါ Resistor ကို တန်ဖိုးဖတ်မည်ဆိုပါက ဦးစွာ ပထမအရောင် သည် အုမ်းတန်ဖိုး ဒုတိယအရစ် သည် လည်း အုန်း တန်ဖိုး တတိယအရစ်သည် မြှောက်ဖော်ကိန်းဖြစ်၍ နောက်ဆုံး ရွှေရောင်သည် တန်ဖိုးပြောင်းလဲနိုင်ခြင်းဖြစ်ပါသည် ။  ရွှေရောင်သည် 5% ဖြစ်သောကြောင့်  100 Ω ရှိသော Resistor ဖြစ်ပါက အမှန်တကယ် အုန်း တန်ဖိုးသည် 95 Ohm မှာ 105 Ohm အတွင်းရှိနေပါသည်ဟုဆိုလိုခြင်းဖြစ်ပါသည်။ 
Resistor များ၏ Resistance အုန်း တန်ဖိုးများကို တလုံးနှင့်တလုံး  တိတိကျကျ ရရှိဖို့ မည်သို့မျှ မဖြစ်နိုင်ပေ ။ ဖြစ်နိုင်ပါကလည်း တန်ဖိုး အလွန်ကြီးမြင့်သွားမှာ ဖြစ်ပါသည်။ ချွင်းချက်အနေဖြင့် Military Grade ( စစ်တပ်သုံး ) ပစ္စည်းများမှာတော့ Resistance တန်ဖိုး တိတိကျကျ ရနိုင်သော Resistor များကို ထုတ်လုပ်ရေး အရာရှိများကိုယ်တိုင် တိတိကျကျ ထုတ်လုပ်ခြင်းဖြင့် တန်ဖိုး တိကျသော Resistor များကို ရရှိနိုင်ပါသည် ။ အရပ်ဘက်မှာတော့ အပြောင်းအလဲတန်ဖိုးများဖြင့် Resistor များသာ ရရှိနိုင်မှာဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းများကို ကိုယ်ပိုင်ထုတ်လုပ်ခြင်း သို့မဟုတ် ပြုပြင်ခြင်းလုပ်ငန်းများ လုပ်ကိုင်လိုပါက အခြေခံ ပညာရပ်များကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်အောင် စနစ်တကျ သင်ယူလေ့ကျင့်ထားသင့်ပါသည် ။ 

            ပထမအရစ် နီသည် ၂ ၊ ဒုတိယအရစ် နီ သည် ၂ ပါပဲ ၊ တတိယအရစ်ကျတော့ မြှောက်ဖော်ကိန်းပါ ခက်ခက်ခဲခဲမစဉ်းစားပါနဲ့ မော် ဖြစ်၍ မော်သည် ၃ ဖြစ်ပါသည် ။ ထို့ကြောင့် ပထမအရစ်နှင် ဒုတိယအရစ် အရောင်ဖတ်၍ရသော တန်ဖိုး ၂ ၂ နောက်တွင် သုည ၃ လုံးဖြည့်ပေးလိုက်ရုံသာဖြစ်ပါတယ် ။ ဒါကြောင့် ၂၂ ၀၀၀ ဖြစ်လာမှာပါ ၁၀၀၀ သည် kilo ကိုကိုယ်စားပြု၍ ၁သန်းသည် Mega ဖြစ်ပါတယ် ။ သို့ကြောင့် ၂၂ ၀၀၀ အုမ်းကို ၁၀၀၀ ဖြင့်စား၍ k ဖြစ်အောင် ပြောင်းပစ်ပါတယ်။ ဒါကြောင့် 22 000 / 1000 = 22 k ဖြစ်လာပါပြီ ပုံထဲတွင် နမူနာ Resistor ၆ လုံးကိုပြထားပါတယ် လေ့လာနိုင်မှာပါ ။

1000 = 1 k = kilo (k စာလုံးကို အသေးဖြင့်ရေးရမှာဖြစ်ပါသည်)

1 000 0000 = 1M = Mega (M စာလုံးကို အကြီးဖြင့်ရေးရပါမည်)


မော် မော် နက် ရွှေ

            3 3 + 0 = 33 Ω ± 5%         

 မြှောက်ဖော်ကိန်းသည် 0 ဖြစ်၍ဘာမှမြှောက်ရန် မလိုပါ ။

            3 3 x 100 = 33 Ω ± 5%


ညို နက် နက် ရွှေ

1 0 + 0 = 10 Ω ± 5%

မြှောက်ဖော်ကိန်းသည် 0 ဖြစ်၍ဘာမှမြှောက်ရန် မလိုပါ ။

            1 0 x 100 = 10 Ω ± 5%





ညို နက် နီ ရွှေ

            1 0 + 10 = 1000 Ω = 1k Ω ± 5%

မြှောက်ဖော်ကိန်းသည် 2 ဖြစ်၍ သုည နှစ်လုံးတိုးပေးလိုက်ရုံသာဖြစ်ပါသည်။

            1 0 x 102 = 1000 Ω = 1k Ω ± 5%




နီ နက် ဝါ ရွှေ

            2 0 + 00 00 = 1000 Ω ± 5%

မြှောက်ဖော်ကိန်းသည် 4 ဖြစ်၍ သုည လေးလုံးတိုးပေးလိုက်ရုံသာဖြစ်ပါသည်။

            2 0 x 104 = 20 0000 Ω = 200k Ω ± 5%


ညို နက် စိမ်း ရွှေ

            1 0 + 00 000 = 1 000 000 Ω = 1M Ω ± 5%

မြှောက်ဖော်ကိန်းသည် 5 ဖြစ်၍ သုည ငါးလုံးတိုးပေးလိုက်ရုံသာဖြစ်ပါသည်။

            1 0 x 105 = 1 000 000 Ω = 1M Ω ± 5%


Resistor တန်ဖိုးဖတ်ခြင်း ဗီဒိယို













Sunday, October 12, 2025

Electronic Basic ( 1 - 2 ) Fixed Resistor

            ပုံသေ Resistor များကို မည်သည့် ပုံစံမည်သည့် ပစ္စည်းများနှင့် တည်ဆောက်ထားသည် ဖြစ်စေ၎င်း Resistor ၏ တန်ဖိုး သတ်မှတ်ချက်ကို အရောင် သတ်မှတ်ချက် (Color Code) ဖြင့်ဖေါ်ပြခြင်း နှင့် စာလုံးကိန်းဂဏန်းတို့ဖြင့် ဖေါ်ပြခြင်းဟူ၍ နှစ်မျိုးသာ မြင်တွေ့နိုင်မှာဖြစ်ပါသည်။


What is a Resistor?

              Resistor များနှင့်ပါတ်သက်၍ လေ့လာစရာများစွာ မကုန်ဆုံးနိုင်အောင် ရှိသော်လည်း Electronic Basic Course စာအုပ်ငယ်တွင်တော့ အခြေခံ အကြောင်းအရာများ ကို စာဖတ်သူ လျှပ်စစ်မိတ်ဆွေများ နားလည်စေရန် ဦးစားပေး၍ အခြေခံကျကျရှင်းပြနိုင်ရန် ကြိုးစား တင်ပြထားပါသည်။ 

Variable Resistor (တန်ဖိုးပြောင်းလဲနိုင်သော Resistor)

တန်ဖိုးပြောင်း ရီစစ္စတာများမှာ ( Volume control ) ကဲ့သို့သော အသံတိုးချဲ့ ပြုလုပ်နိုင်သော ကရိယာတခုအဖြစ် ဈေးကွက်အတွင်း အပြောများကြပါသည်။ Variable Resistor များကို အသုံးပြုခြင်းဖြင့် Ampere လျော့ချခြင်း ၊ မြှင့်တင်ခြင်း ၊ Voltage တန်ဖိုးလျော့ချခြင်း မြှင့်တင်ခြင်း ၊ အလင်းအမှောင်များအား ကစားနိုင်ခြင်း ၊ အချို့ IC များအား မတူညီသော Voltage တန်ဖိုးပြောင်းလဲပေးခြင်းဖြင့် ဆင်ဆာအဖြစ် အသုံးချနိုင်ခြင်း ၊ စသည်ဖြင့် မဆုံးနိုင်အောင် လုပ်ငန်း အများအပြားတွင် အသုံးပြုကြပါသည်။ အခုအခါတွင် မိမိတို့ ပါတ်ဝန်းကျင်ရှိ လျှပ်စစ်အသုံးအဆောင်ပစ္စည်း အများအပြားတွင် Variable Resistor အများအပြားကိုထည့်သွင်း အသုံးချထားသော်လည်း Electronic နှင့် မပါတ်သက်သော မိတ်ဆွေများအနေဖြင့် သိရှိဖို့ခက်ပါသည်။

 ဉပမာအား ဖြင့် ကားတစီးကို ယခင်က လီဗာနင်းလိုက်သော် လီဗာကြိုးသည် ကာဗျူရေတာ သို့သွား၍ ဆီများများလွှတ်ပေးရန် ကြိုးဖြင့်ဆွဲလိုက်သော်လည်း ယခုခေတ်မှီကားများတွင် လီဗာသည် ကြိုးမဟုတ်တော့ပဲ Variable Resistor အဖြစ်ပြောင်းလဲသွားပြီး လူမှ ကားမြန်မြန်သွားစေချင်၍ လီဗာကို နင်းလိုက်သောအခါ Resistance အပြောင်းအလဲကြောင့် ECU ဟုခေါ်သော အရပ်အခါ ကွန်ပြူတာ ဘောက်စ်တွင် တန်ဖိုးအပြောင်းအလဲများကို ဖြစ်ပေါ်စေပြီး ဆီဖြန်းစနစ်ကို အပြောင်းအလဲဖြစ်စေခြင်းဖြင့် ၊ ကားအား အနှေးအမြန် ဖြစ်လာစေပါသည် ။  ကျတော်တို့ ငယ်ငယ်စဉ် ပညာသင်သားဘဝတုန်းက Resistor တွေအဖိုအမရှိတယ်ထင်ခဲ့ဘူးပါသည်။ သို့သော် ၎င်းတို့သည် + or - သတ်မှတ်ချက်မရှိချေ


Variable Resistor အချို့ကို ပုံထဲတွင်တွေ့မြင်ရစဉ်။


Resistor များကို အရောင်အရစ်ပေါ်မူတည်၍ လေးရောင်အရစ် ၊ ငါးရောင်အရစ် ၊ ခြောက်ရောင်အရစ် ဟူ၍ ၃ မျိုးခွဲ ထားပါသေးသည်။ အခြေခံစတင် လေ့လာခါစ မိတ်ဆွေများအနေဖြင့် ၄ ရောင်အရစ် Resistor များမှနေ၍ စတင် လေ့လာကြည့်ကြဖို့ အကြုံပြုပါသည်။ 4 Band Resistor Color Code, 5 Band Resistor Code, 6 Band Resistor Code ဟူ၍ ခေါ်ဆိုကြပါသည်။

အခြေခံစာအုပ်ထဲတွင်တော့ 4 Band Resistor Color ဖတ်နည်းကိုသာ ထည့်သွင်းထားလျှင်လုံလောက်သဖြင့် 5 Band Resistor Color Code ဖတ်နည်း နှင့် 6 Band Color Code ဖတ်နည်းအား ထည့်သွင်းထားခြင်း မရှိပါ။ ဖတ်နည်းက မခက်ပါဘူး ။ 4 Band Resistor ကိုဖတ်တတ်လျှင် ၅ ရောင်အရစ် နှင့် ၆ ရောင်အရစ်ကို ဖတ်တတ်သွားမှာဖြစ်ပါသည်။


ဝပ်တန်ဖိုးမတူညီသော Resistor အမျိုးမျိုးကို ပုံထဲတွင်မြင်တွေ့ရမှာဖြစ်ပါသည်။

ဆရာရဲ (လျှပ်စစ်ကျောင်းသား) အမည်ဖြင့် ထုတ်ဝေဖြန့်ချီခဲ့ ပြီးသော Resistor and Its Applications စာအုပ်ငယ် အတွင်းတွင်မူ Resistor အကြောင်းများသာ သီးသန့် ရေးသားထားခြင်းကြောင့် Resistor နှင့် ပါတ်သက်သမျှ မျိုးစုံ အကြောင်းအရာ အစုံအလင်ကို အသေအချာ လေ့လာနိုင်မှာဖြစ်ပါသည်။




အခြေခံအားဖြင့် Resistor နှင့် ပါတ်သက်ပြီးမှတ်ရန် (၂) ချက်မှာ

1.     Resistance တန်ဖိုးကို ဖတ်ရှု့တတ်ရပါမည်။

2.     Watt တန်ဖိုးကို ဖတ်ရှု့တတ်ရပါမည်။


 


Electronic Basic ( 2 - 1 ) Capacitor အကြောင်း

အီလက်ထရွန်းနစ် ပါတ်လမ်းများတွင် Resistor ကဲ့သို့ အများဆုံးအသုံးပြုသည်မှာ အခြေခံလျှပ်စစ်ပစ္စည်းတမျိုးဖြစ်သော Capacitor ပင်ဖြစ်ပေသည်။ Capacitor သည် Dielectric ဟုခေါ်သော လျှပ်ကာပစ္စည်း ဖြင့် ပိုင်းခြားထားသော လျှပ်စစ်ကူး နိုင်သော သတ္တုပြား နှစ်ခုကြားတွင် လျှပ်စစ်အားကို စုဆောင်းခြင်းဖြင့် လျှပ်စစ် စွမ်းအင်ကို သိုလှောင်သည်။ ကပယ်စီတာ၏ လျှပ်သို အရည်အချင်းကို Capacitance ဖြင့်တိုင်းတာပြီး သင်္ကေတမှာ C ဖြစ်၍ ယူနစ်မှာ farad (F) ဖြစ်သည်။ Farad တန်ဖိုးများလေ လျှပ်သိုနိုင်စွမ်းများလေပင်ဖြစ်သည်။ ကပယ်စီတာကို လျှပ်စစ်ဗို့အား ဖြင့် ချိတ်ဆက်ပေးထားလိုက်လျှင် ယင်းကို Charging အားသွင်းချိန်ဟု ခေါ်သည်။ အကယ်၍ ကပယ်စီတာ ခြေထောက်နှစ်ချောင်းအား မီးလုံးဖြင့်ဖြစ်စေ ရီစစ္စတာတလုံးဖြင့်ဖြစ်စေ ပြန်၍ချိတ်ဆက်ပါက Discharging ဖြစ်ပြီး ဗို့အားကို ပြန်စွန့်ထုတ်သည်ဟုခေါ်ပေသည်။

DC Capacitor ပုံကိုတွေ့မြင်ရစဉ်

အချို့ ကသံချောင်းငယ်ဖြင့် ခြေထောက်နှစ်ချောင်းကို တိုက်ရိုတ် ထိခြင်းဖြင့် Discharging လုပ်တတ်ကြသည်။ ထိုကဲ့သို့ပြုလုပ်ခြင်းကို Short ချသည်ဟုခေါ်ဆိုကြပါသည်။ ကပယ်စီတာတွင် ဖြစ်ပေါ်နေသော Voltage သိုလှောင်ထားနိုင်သော လျှပ်စစ်ပမာဏ Q နှင့် လျှပ်သိုသတ္တိ C တို့သည် အောက်ပါအတိုင်း ညီမျှခြင်းများ အတိုင်း ဆက်စပ်နေကြပါသည်။

C =    or  Q = C V   or  V =

ယင်းတွင် C ကို Farad (F), Q ကို Coulomb (C), Voltage ကို (V) ဖြင့်တိုင်းတာကြပါသည်။ C ကိုတိုင်းတာရာတွင် 1 Farad သည် အလွန်ကြီးမားသောတန်ဖိုးဖြစ်သောကြောင့် လက်တွေ့တွင်မူသေးငယ်သော

micro farad = F = 10-6 = 0.000 001 F

nano farad = nF = 10-9 = 0.000 000 001 F

pico farad = pF = 10-12 = 0.000 000 000 001 F

စသည့်ယူနစ်များဖြင့်သာတိုင်းတာကြပါသည်။ သို့သော် ဈေးကွက်ထဲ နှင့် Capacitor အတော်များများကို micro farad သို့မဟုတ် pico farad ဟုသာ အတွေ့ရများပြီး၊ nano farad ကိုသုံးခြင်းသိပ်မတွေ့ရပါပေ။ ကပယ်စီတာများတွင် အလွယ်အားဖြင့် AC Capacitor အဖိုအမသတ်မှတ်ချက်မရှိ နှင့် DC Capacitor အဖိုအမတိတိကျကျသတ်မှတ်ချက်ရှိ ဟူ၍ နှစ်မျိုးသာရှိပြီး AC Capacitor ကို Non-Polarization ဟုခေါ်ဆိုကြပေသည်။ Polarization ဆိုသည်မှာ အပေါင်းအနုတ်၊ အဖိုအမ ကိုဆိုလိုခြင်းဖြစ်ပြီး၊ Non-Polarization ဆိုသည်မှာ အပေါင်းအနုတ်၊ အဖို အမ သတ်မှတ်ချက်မရှိဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။ 

Diagram ရေးဆွဲရာတွင် အသုံးပြုသည့် Capacitor Symbol ပုံများ

        Capacitor များ၏ Schematic Diagram ရေးဆွဲရာတွင် အသုံးပြုရမှာ ဖြစ်သော သင်္ကတများကို မြင်ရမှာဖြစ်ပါသည်။ လေ့လာခါစ ဝါသနာရှင် များ အနေဖြင့် မျက်စေ့ ရှုပ်စေနိုင်သော်လည်း စာအုပ်ငယ် နောက်ပိုင်းတွင် တဖြည်းဖြည်း နားလည် သွားစေမှာ ဖြစ်ပါသည်။ 

“ကျေးဇူးပြု၍စာအုပ်ကိုကျော်မဖတ်ပါနှင့်”

AC DC Capacitor နှစ်မျိုး၏ Schematic Diagram ပုံစံ

        အထက်တွင် ကပယ်စီတာ ရေးဆွဲပုံများအား များစွာ ရေးဆွဲ ပြထားသော် လည်း ပုံမှန်အားဖြင့် AC Capacitor နှင့် DC Capacitor ဟူ၍သာ အခြေခံအား ဖြင့် ၂ ပုံသိ နားလည်ထားလျှင် လုံလောက်ပါသည်။ AC Capacitor တွင် အပြား နှစ်ပြားသည် မျဉ်းဖြောင့်အဖြစ် ရေးဆွဲထားပြီး၊ DC Capacitor တွင် အပေါင်းဗို့ ရှိမည့် အပြားသည် မျဉ်းဖြောင့် အဖြစ်ရေးဆွဲထားပြီး၊ အနုတ်ဗို့ ရှိမည့် အပြားသည် မျဉ်းကွေး အဖြစ်ရေးဆွဲ ထားပါသည်။ အခြေခံသင်ခန်းစာ လေ့ကျင့်ခန်းများတွင် ဘေးမှာပြထားသည့် ပုံနှစ်မျိုးလောက်သာ သိထားသင့်ပြိး ကျန်ပုံများမှာ လေ့ကျင့်ရင်းဖြင့် တဖြည်းဖြည်း နားလည်လာမှာဖြစ်ပါသည်။ 

မျိုးပုံစံမတူသော Capacitor မျိုးစုံကိုမြင်တွေ့ရမှာဖြစ်ပါသည်။

        Capacitor များသည် လျှပ်စစ်ကို သိုလှောင် ထား နိုင်သောကြောင့် ကိုင်တွယ် အလုပ်လုပ် မည် ဆိုလျှင် အထူး သတိထား ကိုင်တွယ်ရမှာ ဖြစ်ပါသည်။ အထူးသဖြင့် High Voltage Capacitor များသည် ဗို့အား အလွန် ပြင်းထန် ကြပါသည်။ ဉပမာအားဖြင့် Micro Wave မီးဖိုတွင်ပါဝင်သော Capacitor များသည် ဗို့အား ထောင်ချီရှိ နေတတ်ပါသည်။

Capacitor တည်ဆောက်ထားပုံ








Saturday, October 11, 2025

Electronic Basic ( 1 - 1 ) Resistor များပြုလုပ်ထားပုံ

Unit ( 1 - 1 ) Resistor များပြုလုပ်ထားပုံ

        Resistor သည် အီလက်ထရွန်းနစ်ပါတ်လမ်းများတွင် အသုံးအများဆုံးသော အခြေခံအီလက်ထရွန်းနစ်အစိတ်အပိုင်းတခုဖြစ်သည်။ ယင်း၏အဓိလုပ်ငန်းစဉ်မှာ Ampere ကိုအလိုရှိသလိုလျော့ချရန် မိမိအလိုရှိရာဗို့အားကို ရရှိလာစေရန်ဖြစ်သည်။ ယင်းကိုထုတ်လုပ်သည့်အခါ Resistance ( R ) ကိုရရှိအောင်ထုတ်လုပ်ထားပါတယ်။  Resistor များ၏မျက်မြင်အရွယ်အစားသည် ပါဝါခံနိုင်မူပေါ်မူတည်နေသည်။ ဆိုလိုသည်မှာ ပိုကြီးလျှင် Watt များများခံနိုသည် သို့သော် အရွယ်အစားနှင့် Resistance မှာဆက်စပ်မှု့မရှိချေ။

Resistor ၏ Schematic Diagram ပုံစံ

        Resistor ကိုပြုလုပ်ရာတွင်အသုံးပြုသောပစ္စည်းအမျိုးမျိုးရှိပါတယ်။ ဥပမာအားဖြင့် (ကာဗွန် ၊ နီခရုန်းဝါယာ ၊ မယ်တယ်အောက်ဆိုဒ်) စသည်တို့အပြင်အခြားသောဒြဒ် ပေါင်းပစ္စည်းအမျိုးမျိုးကိုအသုံးပြုပြီး Resistor ကိုပြုလုပ်ထားပါတယ်။ အရွယ်အစားအမျိုးမျိုးနှင့်နှင့်ပုံစံအမျိုးမျိုးတို့ဖြင့်တွေ့ရှိနိူင်ပါမယ် Resistor ကိုထုတ် လုပ်သော အရင်းခံပစ္စည်းအမျိုးမျိုးပုံစံအမျိုးမျိုးဖြင့်တွေ့ရှိနိူင်သော်လည်းအဓိကအားဖြင့်အသုံးပြုသော Resistor (၂)မျိုးသာရှိပါသည်။

Resistor မျိုးစုံအားမြင်တွေ့ရစဉ်

    ယင်းတို့မှာ - 
        (၁) အုမ်း တန်ဖိုးသတ်မှတ်ချက်ပုံသေအမျိုးအစား Resistor
        (၂) အုမ်းတန်ဖိုးသတ်မှတ်ချက်လိုသလိုပြောင်းလဲ အသုံးပြုနိူင်သော Fix Resistor ဟူ၍ဖြစ်ပါတယ်။ 

            (၁) ပုံသေရီစစ္စတာ (Fixed Resistor)
ပုံသေရီစစ္စတာများကိုမည်သည်ပုံစံမည်သည့်ပစ္စည်းများနဲ့တည်ဆောက်ထားသည်ဖြစ်စေ၎င်းရီစစ္စတာ၏ တန်ဘိုးသတ်မှတ်ချက်ကိုအရောင်သတ်ချက်( Color Code) ဖြင့်ဖေါ်ပြခြင်း နှင့် စာလုံးကိန်းဂဏန်းတို့ဖြင့် ဖေါ်ပြခြင်းဟူ၍ ဖေါ်ပြခဲ့ပြီးဖြစ်ပါသည်။

            (၂)တန်ဖိုးပြောင်း (Variable Resistor)
တန်ဖိုးပြောင်း Resistor မှာ (Volume Control ) ကဲ့သို့သော အသံတိုးချဲ့ လုပ်သော ကရိယာ အုမ်းတန်ဖိုးပြောင်းနိုင်သော အရာများဖြစ်သည်။


တန်ဖိုးမတူသော Resistor မျိုးစုံအားတွေ့မြင်ရစဉ်

မှတ်ချက် ကျတော်ငယ်ငယ်စဉ်မသိခင်တုန်းက Resistor တွေအဖိုအမရှိတယ်ထင်ခဲ့ဘူးတယ် ၎င်းတို့သည် + or - သတ်မှတ်ချက်မရှိချေ။ 

ပုံပါအတိုင်း Resistance (အုန်းတန်ဖိုး) များတူညီသော်လည်း ကိုယ်ထည် မတူသောကြောင့် 5 Watt Resistor သည် 1 W Resistor ထက်ပိုပြီး အပူဒဏ်ပို ခံနိုင်ကြောင်း လက်တွေ့စမ်းသပ်ချက်တွင် တွေ့ရမှာ ဖြစ်ပါသည်။



မျိုးပုံစံမတူသော Resistor များကိုမြင်တွေ့ရစဉ်


Friday, October 10, 2025

555 IC ( 1 ) 555 IC မိတ်ဆက်ခြင်း

            Electronic ခေတ်ရဲ့ အဆင့်ဆင့်တိုး တက်လာမှု သမိုင်းကို ပြန်ပြောကြမယ် ဆိုပါက 555 IC အကြောင်းကိုချန် ခဲ့လို့ မရနိုင်ပါဘူး။ Analog Electronic ခေတ်ရဲ့ဇတ်လိုက်ကျော်ကြီးလို့ ကင်ပွန်းတပ်ရလောက်အောင်ကို 555 Timer IC လေး ကနေရာစုံ အသုံးဝင်ခဲ့ပါတယ်။ ယခုအချိန် အထိလည်းဇတ်လိုက်ကျော် ဖြစ်နေဆဲပါပဲ ။ မြန်မာပြည်မှာ အိမ်တိုင်းသုံးတဲ့ Safe Guard ကို 555 အိုင်စီ ၃ သုံးဖြင့် တည်ဆောက်ထားခြင်းဖြစ်ပါတယ်။ ယခုနောက်ပိုင်း ဈေးကွက်အတွင်းတွင် Marketing အရ Microcontroller IC ကိုအသုံးပြုပြီး ဆက်လက်ထုတ်လုပ် လာပြီဖြစ်ပေမည့် Function တွေကအတူတူပင် ဖြစ်ပါတယ်။ မတူညီခြင်း ကတော့ ဈေးနှုန်းအားဖြင့် သက်သာခြင်း အကြမ်းခံခြင်းတို့ကတော့ 555 အိုင်စီရဲ့ အားသာချက်ပင်ဖြစ်ပါတယ် ။


Hans R. Camenzind


နောက်ခံသမိုင်းကြောင်း

            နာမည်ကျော် 555 Timer IC လေးကို ၁၉၇၁ ခုနှစ်မှာ Hans R. Camenzind ဟန်စကင်းဇင် ( 1931 – 2012 ) က InterDesign ကုမ္ပဏီအနေဖြင့် Signetics ကုမ္ပဏီ ၊ Phillips Semiconductors ( ယခု NXP ) နဲ့လက်တွဲပြီး အိုင်စီလေးကို တည်ထွင်ခဲ့ပါသည် ။ ၁၉၇၂ ခုနှစ်တွင် Signets ဈေးကွက်မှာ ဖြန့်ချီခဲ့ပါသည် ။ နောက်ပိုင်းမှာတော့ Texas Instruments, Intersil, Maxim, Avago, Exar, Fairchild, NXP and STMicroelectronics ကုမ္ပဏီတွေက ပိုမိုကောင်းမွန်တဲ့ ဒီဇိုင်းများနဲ့ ဈေးကွက်အတွင်း အများအပြား ထုတ်လုပ်ရောင်းချ ခဲ့ရာယနေ့ အထိတိုင်အောင်ဖြစ်ပါသည် ။ ၂၀၀၃ ခုနှစ်သို့ ရောက်လာခဲ့သည့် အခါ နှစ်စဉ် အလုံးရေ သန်း ၁၀၀၀ ကျော်ရောင်းချရသည်အထိ အောင်မြင်ခဲ့ပါသည် ။


မျိုးပုံစံမတူသော 555 IC များအားတွေ့မြင့်ရစဉ်





"--- English Version ---"

The Enduring Legacy of the 555 Timer IC

When discussing the historical progression and development of the Electronic Age, the 555 IC holds an indispensable place. The 555 Timer IC has been so versatile and widely used across various applications that it could be aptly nicknamed the "Superstar of the Analog Electronics Era." It continues to maintain this role even today.

For instance, the common Safe Guard used in many Burmese households is often built using just three 555 ICs. While modern market trends now favor the use of Microcontroller ICs for marketing purposes in similar applications, the core functions remain identical. The key advantages of the 555 IC, however, are its lower cost and superior robustness and durability.

Historical Background

The renowned 555 Timer IC was invented in 1971 by Hans R. Camenzind (1931–2012) while he was working at InterDesign. He developed the IC in collaboration with Signetics Corporation and Philips Semiconductors (now NXP).

Signetics officially released the IC to the market in 1972. Following its success, many companies, including Texas Instruments, Intersil, Maxim, Avago, Exar, Fairchild, NXP, and STMicroelectronics, began manufacturing and selling improved designs, a practice that continues to this day. By 2003, the IC had achieved immense success, with annual sales exceeding 1 billion units.




555 IC ( 2 ) 555 IC ဖွဲ့စည်းတည်ဆောက်ထားပုံ

                            555 IC (Integrated Circuit) သည် Phase - Locked Loop သဘောတရားပါဝင်တဲ့ IC ဖြစ်သလို ပထမဆုံးသော Integrated Class D Amplifier လည်းဖြစ်ပေသည်။ အဓိကအားဖြင့် Timer အဖြစ်အသုံးပြုထားသလို Oscillator နဲ့ Pulse Generation နေရာများမှာလည်း အများအပြား အသုံးပြု ကြပါသည် ။ထုတ်လုပ်သည့် ကုမ္ပဏီအလိုက် မျိုးကွဲများစွာ ရှိသော်လည်း Standard 555 Package တခုမှာ -

·         Transistor - ၂၄ လုံး

·         Resistor - ၁၅ လုံး

·         Diode -    လုံး

တို့ပါဝင်တည်ဆောက်ထားကြပါသည် ။


555 Timer IC ကို လုပ်ငန်းလိုအပ်ချက်အရ CMOS Version အနေဖြင့်လည်း ထုတ်လုပ်ထားပါသည် ။ CMOS Version ဖြင့်ထုတ်လုပ်ထားသော်လည်း လုပ်ဆောင်ချက်မှာ အတူတူပင်ဖြစ်ပါသည် ။ CMOS Version တွင်တော့ Bipolar Version ကဲ့ သို့ Bipolar Junction Transistor များဖြင့်တည်ဆောက်ထားခြင်း မဟုတ်မူပဲ ။ Mosfet Transistor များဖြင့် ဖွဲ့စည်းတည် ဆောက်ထားရှိပါသည် ။ 

CMOS Version 555 IC အတွင်းပိုင်း Schematics Diagram ဖွဲ့စည်းထားပုံ

            555 အိုင်စီငယ်များကို ခြေထောက် ၈ ချောင်းပါဝင်သော အိုင်စီမှစ၍ ခြေထောက် ၁၄ ချောင်း ခြေထောက် ၁၆ ချောင်း စသည်ဖြင့် ပိုမို တိုးတက်ထုတ်လုပ်ထားပါသေးသည် ။ ထို့အပြင် T-Package အဝိုင်း ပုံစံဖြင့်လည်း 555 အိုင်စီ ကိုထုတ်လုပ်ခဲ့ပါသေးသည်။ High-Reliability Metal Can (T-Package)

    555 IC ဟု နာမည်ပေးထားပုံကလည်း ထူးထူးခြားခြား မဟုတ်မူပဲ အိုင်စီအတွင်းတွင် 5k Resistor ၃ လုံးကို Voltage Divider ပုံစံ ဆက်သွယ်ထားခြင်းကြောင့် အလွယ်တကူ 555 ဟု အမည်သတ်မှတ်ထားခြင်း သာလျှင်ဖြစ်ပေသည် ။ အတွင်းပိုင်းတည်ဆောက်ပုံ အမျိုးမျိုးရှိကြပေမည့် အဓိကအကျဆုံး Function များကတော့

                •           Upper Comparator

                •           Lower Comparator

                •           Flip Flop

                •           Power Output

                •           Discharge

တို့သည် အဓိကအကျဆုံး လုပ်ငန်းဆောင်တာတွေပဲ ဖြစ်ပေသည် ။ 

555 အိုင်စီ၏ အဓိကအကျဆုံး အတွင်းပိုင်း Block Diagram
555 IC - Internal Circuit Diagram

NE 556 IC သည် ပုံမှန် 555 အိုင်စီ ၂ လုံးကို စုပေါင်းတည်ဆောက်ထားသော Dual IC ပုံစံဖြစ်ပေသည်



NE 558 အိုင်စီသည် ပုံမှန်
555 အိုင်စီ ၂ လုံးကို စုပေါင်းတည်ဆောက်ထားသော Dual IC ပုံစံဖြစ်ပေသည်

555 Timer ပုံစံမျိုးစုံကိုမြင်တွေ့ရစဉ်

NE 558 အိုင်စီသည် ပုံမှန် 
555 အိုင်စီ ၂ လုံးကို စုပေါင်းတည်ဆောက်ထားသော Dual IC ပုံစံဖြစ်ပေသည်



7555 IC ထက်ပိုမို တိကျသော 17555 IC



T-Package ပုံစံ 555 IC






Home Appliances ( 1 - 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း

မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အ...