Sunday, October 12, 2025

Electronic Basic ( 1 - 2 ) Fixed Resistor

            ပုံသေ Resistor များကို မည်သည့် ပုံစံမည်သည့် ပစ္စည်းများနှင့် တည်ဆောက်ထားသည် ဖြစ်စေ၎င်း Resistor ၏ တန်ဖိုး သတ်မှတ်ချက်ကို အရောင် သတ်မှတ်ချက် (Color Code) ဖြင့်ဖေါ်ပြခြင်း နှင့် စာလုံးကိန်းဂဏန်းတို့ဖြင့် ဖေါ်ပြခြင်းဟူ၍ နှစ်မျိုးသာ မြင်တွေ့နိုင်မှာဖြစ်ပါသည်။


What is a Resistor?

              Resistor များနှင့်ပါတ်သက်၍ လေ့လာစရာများစွာ မကုန်ဆုံးနိုင်အောင် ရှိသော်လည်း Electronic Basic Course စာအုပ်ငယ်တွင်တော့ အခြေခံ အကြောင်းအရာများ ကို စာဖတ်သူ လျှပ်စစ်မိတ်ဆွေများ နားလည်စေရန် ဦးစားပေး၍ အခြေခံကျကျရှင်းပြနိုင်ရန် ကြိုးစား တင်ပြထားပါသည်။ 

Variable Resistor (တန်ဖိုးပြောင်းလဲနိုင်သော Resistor)

တန်ဖိုးပြောင်း ရီစစ္စတာများမှာ ( Volume control ) ကဲ့သို့သော အသံတိုးချဲ့ ပြုလုပ်နိုင်သော ကရိယာတခုအဖြစ် ဈေးကွက်အတွင်း အပြောများကြပါသည်။ Variable Resistor များကို အသုံးပြုခြင်းဖြင့် Ampere လျော့ချခြင်း ၊ မြှင့်တင်ခြင်း ၊ Voltage တန်ဖိုးလျော့ချခြင်း မြှင့်တင်ခြင်း ၊ အလင်းအမှောင်များအား ကစားနိုင်ခြင်း ၊ အချို့ IC များအား မတူညီသော Voltage တန်ဖိုးပြောင်းလဲပေးခြင်းဖြင့် ဆင်ဆာအဖြစ် အသုံးချနိုင်ခြင်း ၊ စသည်ဖြင့် မဆုံးနိုင်အောင် လုပ်ငန်း အများအပြားတွင် အသုံးပြုကြပါသည်။ အခုအခါတွင် မိမိတို့ ပါတ်ဝန်းကျင်ရှိ လျှပ်စစ်အသုံးအဆောင်ပစ္စည်း အများအပြားတွင် Variable Resistor အများအပြားကိုထည့်သွင်း အသုံးချထားသော်လည်း Electronic နှင့် မပါတ်သက်သော မိတ်ဆွေများအနေဖြင့် သိရှိဖို့ခက်ပါသည်။

 ဉပမာအား ဖြင့် ကားတစီးကို ယခင်က လီဗာနင်းလိုက်သော် လီဗာကြိုးသည် ကာဗျူရေတာ သို့သွား၍ ဆီများများလွှတ်ပေးရန် ကြိုးဖြင့်ဆွဲလိုက်သော်လည်း ယခုခေတ်မှီကားများတွင် လီဗာသည် ကြိုးမဟုတ်တော့ပဲ Variable Resistor အဖြစ်ပြောင်းလဲသွားပြီး လူမှ ကားမြန်မြန်သွားစေချင်၍ လီဗာကို နင်းလိုက်သောအခါ Resistance အပြောင်းအလဲကြောင့် ECU ဟုခေါ်သော အရပ်အခါ ကွန်ပြူတာ ဘောက်စ်တွင် တန်ဖိုးအပြောင်းအလဲများကို ဖြစ်ပေါ်စေပြီး ဆီဖြန်းစနစ်ကို အပြောင်းအလဲဖြစ်စေခြင်းဖြင့် ၊ ကားအား အနှေးအမြန် ဖြစ်လာစေပါသည် ။  ကျတော်တို့ ငယ်ငယ်စဉ် ပညာသင်သားဘဝတုန်းက Resistor တွေအဖိုအမရှိတယ်ထင်ခဲ့ဘူးပါသည်။ သို့သော် ၎င်းတို့သည် + or - သတ်မှတ်ချက်မရှိချေ


Variable Resistor အချို့ကို ပုံထဲတွင်တွေ့မြင်ရစဉ်။


Resistor များကို အရောင်အရစ်ပေါ်မူတည်၍ လေးရောင်အရစ် ၊ ငါးရောင်အရစ် ၊ ခြောက်ရောင်အရစ် ဟူ၍ ၃ မျိုးခွဲ ထားပါသေးသည်။ အခြေခံစတင် လေ့လာခါစ မိတ်ဆွေများအနေဖြင့် ၄ ရောင်အရစ် Resistor များမှနေ၍ စတင် လေ့လာကြည့်ကြဖို့ အကြုံပြုပါသည်။ 4 Band Resistor Color Code, 5 Band Resistor Code, 6 Band Resistor Code ဟူ၍ ခေါ်ဆိုကြပါသည်။

အခြေခံစာအုပ်ထဲတွင်တော့ 4 Band Resistor Color ဖတ်နည်းကိုသာ ထည့်သွင်းထားလျှင်လုံလောက်သဖြင့် 5 Band Resistor Color Code ဖတ်နည်း နှင့် 6 Band Color Code ဖတ်နည်းအား ထည့်သွင်းထားခြင်း မရှိပါ။ ဖတ်နည်းက မခက်ပါဘူး ။ 4 Band Resistor ကိုဖတ်တတ်လျှင် ၅ ရောင်အရစ် နှင့် ၆ ရောင်အရစ်ကို ဖတ်တတ်သွားမှာဖြစ်ပါသည်။


ဝပ်တန်ဖိုးမတူညီသော Resistor အမျိုးမျိုးကို ပုံထဲတွင်မြင်တွေ့ရမှာဖြစ်ပါသည်။

ဆရာရဲ (လျှပ်စစ်ကျောင်းသား) အမည်ဖြင့် ထုတ်ဝေဖြန့်ချီခဲ့ ပြီးသော Resistor and Its Applications စာအုပ်ငယ် အတွင်းတွင်မူ Resistor အကြောင်းများသာ သီးသန့် ရေးသားထားခြင်းကြောင့် Resistor နှင့် ပါတ်သက်သမျှ မျိုးစုံ အကြောင်းအရာ အစုံအလင်ကို အသေအချာ လေ့လာနိုင်မှာဖြစ်ပါသည်။




အခြေခံအားဖြင့် Resistor နှင့် ပါတ်သက်ပြီးမှတ်ရန် (၂) ချက်မှာ

1.     Resistance တန်ဖိုးကို ဖတ်ရှု့တတ်ရပါမည်။

2.     Watt တန်ဖိုးကို ဖတ်ရှု့တတ်ရပါမည်။


 


No comments:

Post a Comment

Home Appliances ( 1 - 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း

မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အ...