လျှပ်စစ်မီးဖို
လျှပ်စစ်မီးဖို တခုတွင် အောက်ပါပစ္စည်းတို့ပါဝင်ကြပါတယ်။
၁ . မီးဇာနန်းခွေ
၂ . မီးခလုပ်
၃ . မီးဇာကြွေခွက်
၄ . မီးဖိုကိုယ်ထည်
၅ . ဝါယာကြိုး
လျှပ်စစ်မီးဖိုတခုတွင် ( Electric Stove = အီလက်ထရစ် စတို့ဖ် ) တခုတွင် မီးကွိုင်မှာ အရေးကြီးဆုံး ဖြစ်ပြီး လျှပ်စစ်ကို မီးကွိုင်အတွင်းမှ ဖြတ်သန်းစီးဆင်းစေသောအခါ အင်အားကောင်းသော ခုခံမှု့ Ohm တန်ဖိုးနှင့်တွေ့သောအခါ လျှပ်စစ်သည် အပူစွမ်းအား အဖြင်ပြောင်းလဲသွားပြီး အပူချိန်တက်လာမှာဖြစ်ပါတယ် . မီးဖိုတခုမှာ ထုတ်လွှတ်သော အပူချိန်မှာ မီးအားအပြည့်ဖြင့်ဆိုပါက 990 Degree C ခန့်ရှိတတ်ပါတယ်။
မီးကွိုင်သည် ခုခံအားကောင်းပြီး အပူချိန် 200 Degree C မှ 1100 Degree C အထက်မနည်းခံနိုင်ရည်ရှိစေရန် လိုအပ်သည့်အပြင် လေထုအတွင်း၌ ရှိသော အောက်ဆီဂျင်ရောစပ်ပြီး အောက်ဆိုဒ်အဖြစ် ပျက်စီးသွားခြင်း မရှိစေရန်လည်း လိုအပ်သည်ဖြစ်ရာ နီကရုန်းဝါယာ ( Nichrome Wire ) သည် အသင့်လျှော်ဆုံးဖြစ်ပေသည်။ ယင်း သတ္တုသည် 1450 Degree C အထိခံနိုင်ရည်ရှိသောကြောင့် ဖြစ်ပါတယ် .
မြန်မာပြည်တွင် ဝင်ရောက်လျက်ရှိသော တရုတ်နိုင်ငံလုပ် မီးကွိုင်များ နှင့် ဂျပန်ဟုဆိုသော်လည်း ထိုင်းနိုင်ငံမှာပင် ပြုလုပ်လျက်ရှိသော မီးကွိုင်များမှာ အရည်အသွေး စံမမှီသဖြင့် အသုံးပြုရာတွင် တာရှည်မခံနိုင်ကြပေ။
![]() |
| အသေပိတ်မီးဖိုကွိုင် |
နီခရုန်းဝါယာကို စပရင်ကဲ့သို့ ရစ်ခွေပြိး ကြွေထည်အပေါ်၌ အလွတ်တပ်ဆင်ထားသော မီးကွိုင် နှင့် အောက်ခံကြွေပြားပေါ်တွင် တပ်ဆင်ထားသော ကွိုင်ပြတ်တောက်သွားပါက အလွယ်တကူ တပ်ဆင်လဲလှယ်နိုင်မှာပါ။ အခု နောက်ပိုင်း သံ ၊ သံတ္တုပိုက်တို့်ဖြင့် အသေပိတ်ဖုံးအုပ်ထားသော မီးကွိုင်များကိုမူ ပြုပြန်ရန်မလွယ်ကူချေ။ ထိုပစ္စည်း နှင့် အလားတူ ပစ္စည်းတခုလုံးဖြင့် လဲလှယ်မှသာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
"--- English Version ---"
Anatomy and Components of an Electric Stove
An electric stove (or hot plate) generally consists of the following essential components:
Heating Coil (or Heating Element)
Power Switch (or Control Switch)
Insulating Ceramic Support (for the element)
Stove Body (or Chassis)
Wiring
The Heating Coil is the most critical component of the electric stove. When electric current passes through the coil, the strong resistance (high Ohm value) of the material causes the electrical energy to be transformed into thermal energy (heat), raising the temperature. A stove operating at full power can typically emit heat up to approximately 990 Degree C.
The Role of Nichrome Wire
The heating coil material must possess high resistance and be capable of withstanding extreme temperatures, ideally from 200 Degree C to well over 1100 Degree C. Crucially, the material must also resist oxidation when exposed to oxygen in the air at high temperatures.
For these reasons, Nichrome Wire is the most suitable material. This alloy is capable of withstanding temperatures up to 450 Degree C.
Note on Quality: Coils currently imported into Myanmar, including those from China and those labeled as Japanese but often manufactured in Thailand, frequently do not meet quality standards and tend to have a shorter operational lifespan.
Types of Heating Elements
The Nichrome wire is typically wound into a spring-like coil. Coils that are openly mounted on a ceramic support or secured to a ceramic base plate can usually be easily replaced if they become damaged or broken.
However, modern heating elements that are permanently sealed inside a metal pipe (sheathed elements) are difficult, if not impossible, to repair. In the event of a fault, the entire heating element or a similar part must be replaced as a complete unit to restore functionality.



No comments:
Post a Comment