Resistor အမျိုးအစား များတွင် ကိုယ်ထည်ပေါ်တွင် အရောင်ဖြင့်
မဟုတ်ပဲ သင်္ကေတများဖြင့် ရေးသားဖော်ပြထားသော အမျိုးအစားများလည်းရှိကြပါသေးသည်။ ယင်းစနစ်ကို
ဗြိတိသျှစနစ် BS 1852 ဟုခေါ်ဆိုကြပါသည်။ ယင်းစနစ်ဖြင့်ပြုလုပ်ထားသော Resistor များလေ့လာကြည့်ကြပါစို့။
5R6J = 5.6 Ω ± 5%
47KK = 47K Ω ± 10%
2K2K = 2.2K Ω ± 10%
2M2G = 2.2M Ω ± 2%
အထက်ပါ ဂဏန်းများသည် Ohm တန်ဖိုးဖော်
ပြချက်များ ဖြစ်ကြပြီး နောက်ဆုံးမှ အက္ခရာ မှာ ပြောင်းလဲခြင်း တန်ဖိုးအတွတ် ဖြစ်ပြီး
အလယ်ရှိ အက္ခရာမှာ မြှောက်ဖော်ကိန်း ဖြစ်သည့်အပြင် ဂဏန်း နှစ်ခုကြားတွင် ဝင်နေပါက ဒဿမအဖြစ်
လည်း တာဝန်ယူကြပြီး မြှောက်ဖော်ကိန်းမှာ R, K, M ဟူ၍ သုံးမျိးသာ ရှိကြပေသည်။ မျက်စေ့ရှုပ်သွားပြီလား
မိတ်ဆွေ ၊ အပေါ်မှ နမူနာ ဂဏန်းများကို ပြန်လည်လေ့လာ ကြည့်ကြပါစို့။
ပုံထဲတွင်မြင်တွေ့ရသည့် 499K ဆိုသည်မှာ
499k Ω တန်ဖိုးကို BS 1852 စနစ်ဖြင့် တိုက်ရိုတ်
ဖော်ပြခြင်းဖြစ်ပြီး Tolerance ပြောင်းလဲခြင်း တန်ဖိုးကိုတော့ ပြဆိုထားခြင်း မရှိပေ။
အထက်မှာမြင်ရသည့် Resistor နှစ်လုံးကို လေ့လာကြည့်သောအခါ တလုံးသည် လေးရစ်အရောင် ဖတ်တန်ဖိုးဖြင့် ရေးသားထားသော Resistor ဖြစ်ပြီး တလုံးသည် BS 1852 စနစ်ဖြင့် ကိုယ်ထည်ပေါ် တိုက်ရိုတ် ရေးသား ထားသော Resistor ဖြစ်ပါသည် ။ ဆိုလိုသည်မှာ Resistance 10 Ω တန်ဖိုးရှိပြီး လွဲမှားမှု့တန်ဖိုး J = ± 5% ရှိသည်ဟု ဖော်ပြထားခြင်း ဖြစ်ပါသည်။
BS 1852 စနစ်ဖြင့် တန်ဖိုးရေးသားဖော်ပြထားသော
Resistor များအား တွေ့ရမှာ ဖြစ်ပါသည်။
BS 1852 စနစ်အတွက် သင်္ကတများ ၏တန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
R = 1
K = 1000
M = 1000000
F 1%
G 2%
H 2.50%
J 5%
K 10%
M 20% ဟူ၍ သတ်မှတ်ထားပေသည်
လျှပ်စစ်မိတ်ဆွေများအနေဖြင့်အောက်ပါတန်ဖိုးများကို
အဖြေရှာကြည့်ကြပါ
1M2F =???
150RM =???
1K2J =???
နောက်တွင်ပါဝင်လာသော
J, K, M တန်ဖိုးများကို သိပ်စဉ်းစားဖို့မလိုပါဘူး။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်တွင်
ဝယ်ယူရရှိနိုင်သော အမျိုးအစားများမျာ J တမျိုးသာဖြစ်ပါသည်။
Electronic Basic Course ပြင်ပ လက်တွေ့
သင်တန်း တခုတွင် ဆားကစ်များအကြောင်း ရှင်းပြနေသော Electronic Instructor ဆရာရဲ ။
Circuit Tracing ဟုခေါ်သည့် ဆားကစ် လမ်းကြောင်း
လိုက်သည့် ပညာရပ်ကို အသုံးပြု၍ အခြား သူတဦး ဖန်တီးထားသော ဆားကစ်အား Kicad PCB
Design ဖြင့် Circuit Drawing ရေးဆွဲထားပုံကို မြင်ရမှာ ဖြစ်ပါသည်။
ဖုန်းဖြင့်ဖတ်ပါက အချိန်ကုန် သက်သာသည် အရောင်
ဖတ်သင်ခန်းစာအားလည်း သင်ရန် မလိုဟု ဆွေးနွေးသူများ ရှိနေသလို ၊ အရောင် ဖတ်သင်ခန်းစာသည်
မဖြစ်မနေ သင်ကြားသင့်သည်ဟု ပြန်လည် ညင်းခုန် နေသည့် မိတ်ဆွေများလည်း တွေ့ဘူးပါသည် ။
မိမိသည် Electronic သင်ခန်းစာများအား အင်တာနက် စာမျက်နှာအား
အသုံးပြု၍ ၂၀၁၆ ကတည်းက စတင်မျှဝေနေသူ ဖြစ်ပါသည်။ အရောင်ဖတ် သင်ခန်းစာအား သင်ကြားရန်
သင့်သည် သို့မဟုတ် ဖုန်းဖြင့် အရောင်ဖတ်သင့်သည် ဆိုသည့် အကြောင်းအရာ နှစ်ခုကြားမှာ
မည်သည့်ဘက်မှ မညင်းပဲ လုပ်ငန်းအတွေ့အကြုံလေးများကို မှီငြမ်းပြီး ဆွေးနွေးလိုပါသည်။
ဖုန်းသည် Resolution အလွန်းကောင်းပါသည်။ သို့သော် Resistor များပေါ်တွင် အရောင်များဖြင့်
ပုံနှိပ်လိုက်သောအခါ အောက်ခံပစ္စည်း၏ အရောင်စုတ်ယူမှု့ကြောင့် အရောင် အနုအရင့် အပြောင်းအလဲ
ရှိပါသည်။
ထိုအခါတွင် ဖုန်းကို အားကိုးပြီး အရောင်ဖတ်တန်ဖိုး
ရှာဖွေသော မိတ်ဆွေများသည် အခက်အခဲ အများကြီး နှင့် ကြုံတွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော်
ဖုန်းမှ ပြသော အရောင် နှင့် တကယ့် Resistor ကိုယ်ထည်ပေါ်မှ အရောင်သည် မတူသောကြောင့်ဖြစ်ပါသည်။
ဖုန်းအတွင်းတွင် ခရမ်းရောင်သည် ခရမ်းရောင် စစ်စစ်မြင်ရပါသည် ။
သို့သော် တကယ်ပြင်ပ Resistor တလုံး၏ ကိုယ်ထည်ပေါ်တွင်မူ
ခရမ်းရောင်လိုလို အပြာလိုလို ဖြင့်မြင်ရမှာဖြစ်ပြီး ၊ အပူကြောင့် အချိန်ကြာကြာ အလုပ်လုပ်ခဲ့ရပြီးသော
Resistor များမှာမူ ပို၍ပင် အရောင်ဖတ်ရခက်လှပါသည်။ ထိုအခါ မျက်မြင် အတွေ့အကြုံ များဖြင့်သာ
တန်ဖိုးအရောင်များကို ခန့်မှန်းပြီး တွက်ချက်သွားရမှာသာဖြစ်ပါသည်။ ထို့ကြောင့် မျက်မြင်လည်း
လေ့ကျင့်သင့်သလို ဖုန်း APK လည်း အသုံးပြုသင့်ပါသည်။






No comments:
Post a Comment