Sunday, December 7, 2025

Home Appliances ( 1 - 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း

မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အသုံးပြုသူများစွာ ထိုကဲ့သို့ဓါတ်လိုက်ခြင်းမျိုးကို အကြိမ်ကြိမ်ကြားနေရမိပါတယ် ။


မှန်မှန်ကန်ကန်ကာကွယ်နည်းကတော့ Earth စနစ်တပ်ဆင်ထားခြင်းဖြစ်သော်လည်း သာမာန်အရေးပေါ်ဖြေရှင်းနည်းလည်း ရှိပါသေးတယ် ယင်းမှာ ပလပ်ကြိုးကိုပြောင်းပြန်လှန်တပ်ပေးလိုက်ခြင်းဖြင့် Phase နှင့် Neutral ၂ ကြိုးပြောင်းပြန်ဖြစ်ပြီး ယာယိ ဓါတ်လိုက်ခြင်းမှ ကာကွယ်နိုင်မှာပါ။

ပြင်ဆင်ရမှာပါ ဘာလို့ ဓါတ်လိုက်လည်း ကြိုးတခုခုပေါက်ပြဲပြီး ကိုယ်ထည်နှင့်ထိနေ၍ ဓါတ်လိုက်ခြင်းဖြစ်ပါတယ် အတွင်းထဲကိုဖွင့်၍ မည်သည့်နေရာတွင်ပေါက်ပြီးထိနေသည်လည်း ရှာဖွေ၍ မထိအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ် အလုံပိတ်ကွိုင်များ ပေါက်ပြီး ထိနေပါက မည်သို့မျှမတတ်နိုင်ပေ။

ယင်းကဲ့သို့ မီးဖိုသံကိုယ်ထည် ဓါတ်လိုက်နေခြင်းရှိမရှိကို Tester ဖြင့်ထောက်၍ လည်းစမ်းသပ်နိုင်သလို ပါဝါမသွင်းထားချိန် တွင် Ohm မီတာကို အသုံးပြုခြင်းဖြင့်လည်း စစ်ဆေးနိုင်ပါတယ် မှတ်ရန်မှာ မီတာကို x 10 တွင်ထားပေးရမှာလည်း ဖြစ်ပါတယ်

Saturday, November 29, 2025

Wiring ( 1 - 4 ) Frequency ( ကြိမ်နှုန်း )

AC လျှပ်စစ်စနစ်တွင် အချိန်ကာလာ အပိုင်းအခြား တခုအတွင်း လျှပ်စစ်စီးကြောင်း စီးဆင်းမှု့ ဦးတည်ချက် ပြောင်းလဲခြင်းမှု့ အကြိမ်ပေါင်းကို Frequency ဟုခေါ်ပါသည် ။ 

မြန်မာနိုင်ငံတွင်

50 cycles / sec  50 Hertz ( ဟတ်ချ် ဟု အသံထွတ်သည် ) 

50 Hz ဟူ၍သတ်မှတ်ပေသည်။  ဆိုလိုသည်မှာ တစက္ကန့်အချိန်အတွင်း လျှပ်စီးကြောင်း ပြောင်းလဲစီးဆင်းမှု့ Cycle အကြိမ်ပေါင်း ၅၀ ရှိသည်ဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။ သင်္ကေတမှာ ( Hz ) ဖြစ်ပါသည်။





Frequency 50 Hz ဖြစ်ပါက ( 1 ) Cycle တွင် ကြာချိန်ကို အောက်ပါ နည်းဖြင့်တွက်နိုင်မှာဖြစ်ပါသည်။ 

T = 1 / f ( T သည် Time အချိန်ကိုဆိုလိုခြင်း ဖြစ်ပါတယ် ) 

T = 1 / 50 = 0.02 sec ဖြစ်လာမှာပါ။ 


Generator မှာထုတ်ပေးသော ကြိမ်နှုန်းအား သိနိုင်ရန် Frequency Meter ကိုအသုံးပြု၍ တိုင်းတာနိုင်မှာလည်းဖြစ်ပါသည်။ 

AC လျှပ်စီးလှိုင်းကို ဘာကြောင့် Hertz ဖြင့် တိုင်းတာကြသနည်း။ 

အိမ်သုံးအနေဖြင့် Hertz ကို 50 Hz / 60 Hz အနေဖြင့် သုံးကြသော်လည်း လေယာဉ်ကွင်းတွေမှာ တော့ 400 Hz လောက်အထိအသုံးပြုကြပါသည်။ ဘယ်ကြောင့်ဆိုသော် 400 Hz ကိုအသုံးပြုခြင်းဖြင့် ဂျင်နရေတာတွေရဲ့ Magnetic iron ( သံလိုက်စက်ကွင်း ) လိုအပ်ချက်ကို လျော့ချနိုင်လို့ဖြစ်ပါတယ်။ ယင်းလျှပ်စီးကြောင်း အပြန်အလှန်စီးဆင်း နေခြင်းကို ဂျာမာန် ရူပဗေဒပညာရှင် Heinrich Rudolf Hertz ( ဟိန်းနရစ်ချ် ရူဒေါ့ဖ် ဟတ်ချ် ) က သက်သေပြနိုင်ခဲ့သော ကြောင့် ယင်းကို ဂုဏ်ပြုခြင်းဖြင့် AC လှိုင်း၏အပြန်အလှန်စီးဆင်းနူန်းကို Hz ဖြင့်သတ်မှတ်ထား ခြင်းဖြစ်ပါပေသည်။ 



(--- English Version Below --- )

Frequency (f)

In an AC (Alternating Current) electrical system, Frequency is defined as the number of times the direction of the electrical current flow reverses within a specific period of time (typically one second).

In Myanmar, the standard frequency is designated as:

  • 50 cycles per second

  • 50 Hertz (pronounced 'Hurts')

  • 50 Hz

This means that the current flow completes 50 cycles of directional change every second. The standard unit symbol is Hz.

Calculating the Time Period ($T$)

If the frequency ($f$) is $50 \text{ Hz}$, the time duration ($T$) for one complete cycle can be calculated using the formula:

T = 1f

Where T is the Time (in seconds) and f is the Frequency (in Hertz).

For f = 50  Hz

T = 150 = 0.02 seconds

The frequency generated by a generator can be measured using a Frequency Meter.

Why Hertz?

The reason we measure AC current cycles in Hertz is to honor the German physicist Heinrich Rudolf Hertz (1857–1894), who was the first to conclusively prove the existence and properties of electromagnetic waves, including the concept of alternating current oscillation.

Frequency Variations in Applications

While domestic and standard utility applications use either 50  Hz or 60 Hz, specialized applications like airports often use frequencies up to 400 Hz. This higher frequency is used because it allows for a reduction in the size and material requirements (especially the magnetic core iron) of the generators and transformers needed, making the equipment lighter and more efficient, which is crucial for aviation power systems.


Tuesday, November 18, 2025

Wiring ( 1 - 3 ) Conductor & Insulator

             Conductor အလွယ်တကူ လျှပ်စစ်စီးဆင်းနိုင်သော ပစ္စည်းမျိုးကို Conductor ဟုခေါ်ဆိုပေသည် ထူးခြားချက်မှာ Conductor များတွင် Electron ၃ လုံးသာရှိကြပါတယ် ၎င်းပစ္စည်းများကိုတော့ အလွယ်တကူသိပြီးဖြစ်ကြသော ရွှေ ငွေ ကြေးနီ ဒန် စသည်ဖြင့်ဖြစ်ပါတယ် ငွေ သည် လျှပ်ကူးနိုင်စွမ်း အမြန်ဆုံး အကောင်းဆုံးဖြစ်သောကြောင့် Electronic ပစ္စည်းများတွင် အများအပြားထည့်သွင်း အသုံးပြုကြတာဖြစ်ပြီး ရေသည် အညံဆုံး လျှပ်ကူးပစ္စည်းဖြစ်ပါတယ်။ ကြေးနီကတော့ နံပါတ် ၃ အဆင့်မှာရပ်တည်နေပြီး ဈေးသက်သာသောကြောင့် အသုံးအများဆုံးဖြစ်ပါသည်။ 

            Insulator သည် အလွယ်တကူပြောရလျှင် လျှပ်ကာပစ္စည်း ဖြစ်ပါတယ် လျှပ်စစ်စီးကူးနိုင်စွမ်းမရှိပါဘူး သူ့တွင် Electron ၅ လုံးမှစ၍ ၈ လုံးအထိရှိပြီး ထူးခြားချက်မှာ အပြင်ဘက်ဆုံး Electron သည် ဆွဲငင်အားအလွန် အားကောင်းသောကြောင့် တွန်းအားပေးသော်လည်း မရွေ့နိုင်သောကြောင့် လျှပ်စစ်ကူးနိုင်ခြင်းမရှိပေ ယင်းတွင်ပါဝင်သော ပစ္စည်းများမှာ ရာဘာ ဖိုင်ဘာ ဖန် သစ်သား လကြေးပြား စသည်တို့ဖြစ်ကြပြီး သစ်သားသည် အညံဆုံးလျှပ်ကာဖြစ်ပြီး  အကောင်းဆုံး လျှပ်ကာပစ္စည်းမှာ ကြွေဖြစ်၍ လျှပ်စစ်ပစ္စည်းများ အတွတ် အများအပြားအသုံးပြုကြပေသည်။

            Electron ၄ လုံးပါဝင်သော ပစ္စည်း သည် မရှိပေ အကယ်၍ ၄ လုံးဖြစ်အောင် ဖန်တီးထားသော ပစ္စည်းကို လျှပ်တပိုင်းကူး Semi - Conductor ဟုခေါ်ပြီး Electronic အပိုင်းတွင်သာ အသုံးပြုကြပြီး Electrical အပိုင်းတွင် အများအပြားအသုံးပြုခြင်းမရှိကြပေ။ 


" ----- English Version Below ----- "

Conductors

A Conductor is a material that allows electric current to flow through it easily.

A key characteristic of conductors is that their atoms typically have only three valence electrons (electrons in the outermost shell). Common examples include gold, silver, copper, and aluminum.

  • Gold is the best and fastest conductor of electricity, which is why it is widely used in high-quality electronic components.

  • Silver is the next best conductor.

  • Copper ranks third but is the most commonly used material due to its effectiveness combined with its low cost.

Insulators

An Insulator can be simply defined as an electrical barrier; it does not allow current to flow easily.

Insulators have between five and eight valence electrons. Their distinct characteristic is the extremely strong attractive force holding these outermost electrons, preventing them from moving even when a voltage force is applied. Consequently, they cannot conduct electricity.

Examples of insulating materials include rubber, fiberglass, glass, wood, and mica. While wood is considered a weak insulator, ceramic (porcelain) is one of the best insulating materials, making it highly valuable and widely used in electrical apparatus.

Semiconductors

Materials with exactly four valence electrons do not exist naturally. However, a material that has been engineered to effectively have four valence electrons is called a Semiconductor.

Semiconductors are primarily used in the Electronics field and are not widely used in the main Electrical field (power transmission and heavy current applications).



Monday, November 17, 2025

Home Appliances ( 1 - 2 ) လျှပ်စစ်မီးဖို၏ Power

 မီးဖိုများကို watt ၃၀၀ မှစပြီး watt 3000 ခန့်အင်အား အထိ ပုံစံပြုလုပ်ရောင်းချလျက်ရှိပါတယ် အချို့မီးဖိုတို့မှာ လျှပ်စစ်စွမ်းအား ပုံသေ ၆၀၀ ဝပ်ဖြစ်စေ ၊ ၈၀၀ ဝပ်ဖြစ်စေ ၊ ၁၀၀၀ ဝပ် ဖြစ်စေ ၊ ဝပ်အား တမျိုးတည်းသာ ထုတ်လုပ်ပေးနိုင်သော်လည်း အချို့မီးဖိုများမှာ မီးဖို တခုတည်းမှ နေ၍ ၃၀၀ ဝပ် . ၆၀၀ ဝပ် . ၁၂၀၀ ဝပ် ဟူ၍ အဆင့်ဆင့် စိတ်ကြိုတ် လွဲပြောင်းအသုံးပြုနိုင်ရန် စီမံထားရှိပါတယ် ။



ယင်းကဲ့သို့ ဝပ်အား ( ၃ ) မျိုးကို လွဲပြောင်းနိုင်သော မီးဖိုတို့တွင် မီးကွိုင် ၂ ခု ပါဝင်ပါတယ် မီးဖိုတွင် လှည့်ရန် ခလုပ် ၃ ခုပါဝင်ပြီး မီးဖိုကို စလှည့်လှည့်ခြင်း နံပါတ် ( ၁ ) ကို လှည့်လိုက်သည်နှင့် မီးဇာနန်းခွေ

( ၂ ) ခုစလုံးကို တန်းဆက် ( Serial ) အခြေအနေဖြစ်စေရန် ခလုပ်တွင် စီစဉ်ထားပါတယ် .

လွန်စွာရိုးရှင်းသည် ကနေ့ခေတ်လျှပ်စစ်မီးဖို

            ထိုအခါ တန်းဆက် ဖြစ်နေသောကြောင့် ခုခံမှု့ Ohm တန်ဖိုးမှာ မီးကွိုင် ၂ ခုပေါင်း၏ တန်ဖိုးအတိုင်းဖြစ်နေသောကြောင့်  Ohm တန်ဖိုးအများကြီးဖြစ်သွားပါတယ်။ ထိုကြောင့် Ohm တန်ဖိုးများသောကြောင့် Ampere စီးဆင်မှု့ ထက်ဝက်ကျဆင်းသွားပါတယ်။ ထို့ကြောင့် အပူထုတ်လွှတ်မှု့အားမှာလည်း နည်းနေမှာပါ။

ခလုပ်ကို နံပါတ် ( ၂ ) သို့ပြောင်းလိုက်ပါ ထိုအခါ ခလုပ်သည် ကွိုင် ၂ ခု အနက် တခုကိုသာလျှင်  လျှပ်စစ်စီးဆင်းအောင် စီစဉ်လိုက်ပါတယ် အခြားကွိုင် တခုကို လျှပ်စစ်မသွားစေရန် ပိတ်ထားလိုက်ပါတယ် .  ဒါကြောင့် Ohm တန်ဖိုးမှ ကွိုင် ၂ ခုပေါင်းထက် အနည်းငယ် လျော့ကျသွားပါတယ်။ ဒါကြောင့် Ampere စီးဆင်းမှု့မှာ Ohm တန်ဖိုးလျော့သွားသဖြင့် အားကောင်းလာပါတယ်။ ထိုအခါ နံပါတ် ၁ ခလုပ်တွင် ထားချိန်ထက် ပိုပူလာပါတယ် Watt အင်အားတက်လာခြင်း ဖြစ်ပါသည်။

နံပါတ် ( ၃ ) ခလုပ်ကို ရွေ့လိုက်သောအခါ ခလုပ်မှ မီးကွိုင် နှစ်ခုကို Parallel အပြိုင်ဆက်ပေးလိုက်ခြင်းကြောင့် မီးကွိုင် ၂ ခုလုံးသည် လျှပ်စစ်ဖိအား ( Volt ) ကို အတူတူရရှိသောကြောင့် ပိုပူလာပြီး watt အင်အားလည်း တိုးလာပါသည်။

မီးဖိုတလုံး၏ Thermostat Switch Diagram ကိုမြင်တွေ့ရစဉ်

            သို့သော် ကနေ့ခေတ်မီးဖိုများတွင် ထိုကဲ့သို့မဟုတ်တော့ပြန်ပဲ အပူဖြင့် မီးကိုဖြတ်ချပေးရန်  စနစ်တမျိုးကိုဖန်တီးထားရှိလာပါတယ် ဓါတ်ပုံထဲရှိ မီးဖိုမှာ လက်ရှိအများအပြားအသုံးပြုနေတဲ့ စနစ်ဖြင့် မီးဖိုဖြစ်ပြီး  မည်သို့ စစ်ဆေးတိုင်းတာစစ်ဆေး ပြင်ဆင်ရမည်ကို ဗီဒီယိုဖိုင်ကို လေ့လာရမှာဖြစ်ပါတယ် ဦးစွာ သီအိုရီ သဘောတရားကို လေ့လာပေးစေလိုပါသည်။


"--- English Version ---"

Electric Stove Wattage Control Methods

Electric stoves (or hot plates) are typically designed and sold with power ratings ranging from 300 watts (W) to approximately 3000 W.

Some models offer a fixed power output, such as 600W, 800W, or 1000W. However, other models are designed to allow users to select their desired power level, often featuring stepped controls for 300W, 600W, and 1200W, among others.

Traditional Wattage Switching (Using Coils)

In stoves that offer three different power levels via a rotary switch, two heating coils are typically utilized. The rotary switch has three positions:

  1. Switch Position 1 (Lowest Wattage): When the control is turned to position 1, the switch is configured to connect both heating coils in series. Because the coils are connected in series, the total resistance (Ohm value) is the sum of the two individual coil resistances, resulting in a very high total resistance. This high resistance causes the current (Ampere flow) to be significantly reduced (often halved). Consequently, the heat output is minimized due to the low power dissipation ($P = I^2R$).

  2. Switch Position 2 (Medium Wattage): When the control is moved to position 2, the switch is configured to supply power to only one of the two coils, blocking the current flow to the second coil. The total resistance is now just the resistance of a single coil, which is lower than the series combination. This reduction in Ohm value leads to an increase in current flow and, therefore, a higher heat output and wattage compared to Position 1.

  3. Switch Position 3 (Highest Wattage): When the control is moved to position 3, the switch connects both heating coils in parallel. In a parallel connection, both coils receive the full supply voltage (Volt) simultaneously. This configuration results in the lowest total resistance and the highest current draw, leading to maximum heat output and the highest wattage setting.

Modern Control Systems

However, many modern stoves no longer rely solely on this coil-switching method. Instead, they incorporate a different system, often utilizing a thermal protection mechanism to control the heat. The stove shown in the accompanying photo utilizes a commonly used modern system. We will explore how to inspect, measure, test, and repair this system in the associated video file.

First, it is highly recommended to study the theoretical principles.








Home Appliances ( 1 - 1 ) မီးဖိုကွိုင်ကိုလေ့လာခြင်း

 


လျှပ်စစ်မီးဖို 

လျှပ်စစ်မီးဖို တခုတွင် အောက်ပါပစ္စည်းတို့ပါဝင်ကြပါတယ်။

၁ . မီးဇာနန်းခွေ

၂ . မီးခလုပ်

၃ . မီးဇာကြွေခွက် 

၄ . မီးဖိုကိုယ်ထည်

၅ . ဝါယာကြိုး

            လျှပ်စစ်မီးဖိုတခုတွင် ( Electric Stove = အီလက်ထရစ် စတို့ဖ် ) တခုတွင် မီးကွိုင်မှာ အရေးကြီးဆုံး ဖြစ်ပြီး လျှပ်စစ်ကို မီးကွိုင်အတွင်းမှ ဖြတ်သန်းစီးဆင်းစေသောအခါ အင်အားကောင်းသော ခုခံမှု့ Ohm တန်ဖိုးနှင့်တွေ့သောအခါ လျှပ်စစ်သည် အပူစွမ်းအား အဖြင်ပြောင်းလဲသွားပြီး အပူချိန်တက်လာမှာဖြစ်ပါတယ် . မီးဖိုတခုမှာ ထုတ်လွှတ်သော အပူချိန်မှာ မီးအားအပြည့်ဖြင့်ဆိုပါက 990 Degree C ခန့်ရှိတတ်ပါတယ်။

            မီးကွိုင်သည် ခုခံအားကောင်းပြီး အပူချိန် 200 Degree C မှ 1100 Degree C အထက်မနည်းခံနိုင်ရည်ရှိစေရန် လိုအပ်သည့်အပြင် လေထုအတွင်း၌ ရှိသော အောက်ဆီဂျင်ရောစပ်ပြီး အောက်ဆိုဒ်အဖြစ် ပျက်စီးသွားခြင်း မရှိစေရန်လည်း လိုအပ်သည်ဖြစ်ရာ နီကရုန်းဝါယာ ( Nichrome Wire ) သည် အသင့်လျှော်ဆုံးဖြစ်ပေသည်။ ယင်း သတ္တုသည် 1450 Degree C အထိခံနိုင်ရည်ရှိသောကြောင့် ဖြစ်ပါတယ် .

မြန်မာပြည်တွင် ဝင်ရောက်လျက်ရှိသော တရုတ်နိုင်ငံလုပ် မီးကွိုင်များ နှင့် ဂျပန်ဟုဆိုသော်လည်း ထိုင်းနိုင်ငံမှာပင် ပြုလုပ်လျက်ရှိသော မီးကွိုင်များမှာ အရည်အသွေး စံမမှီသဖြင့် အသုံးပြုရာတွင် တာရှည်မခံနိုင်ကြပေ။


အသေပိတ်မီးဖိုကွိုင်

            နီခရုန်းဝါယာကို စပရင်ကဲ့သို့ ရစ်ခွေပြိး ကြွေထည်အပေါ်၌ အလွတ်တပ်ဆင်ထားသော မီးကွိုင် နှင့် အောက်ခံကြွေပြားပေါ်တွင် တပ်ဆင်ထားသော ကွိုင်ပြတ်တောက်သွားပါက အလွယ်တကူ တပ်ဆင်လဲလှယ်နိုင်မှာပါ။ အခု နောက်ပိုင်း သံ ၊ သံတ္တုပိုက်တို့်ဖြင့် အသေပိတ်ဖုံးအုပ်ထားသော မီးကွိုင်များကိုမူ ပြုပြန်ရန်မလွယ်ကူချေ။ ထိုပစ္စည်း နှင့် အလားတူ ပစ္စည်းတခုလုံးဖြင့် လဲလှယ်မှသာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ်။




Arduino ( 3 - 9 ) Bi Color and Tri Color LED

  Code များအား ကူးယူရာတွင် Code များ မကျန်ခဲ့စေရန် သေချာဂုရုစိုက်၍ ကူးယူစေလိုပါသည်။





int redPin = 11;
int greenPin = 10;
int bluePin = 9;
void setup(){
pinMode(redPin, OUTPUT);
pinMode(greenPin, OUTPUT);
pinMode(bluePin, OUTPUT);
}
void loop(){
digitalWrite(redPin,HIGH);
delay(500);
digitalWrite(redPin,LOW);
digitalWrite(greenPin,HIGH);
delay(500);
digitalWrite(greenPin,LOW);
digitalWrite(bluePin,HIGH);
delay(500);
digitalWrite(bluePin,LOW);
}

Arduino ( 3 - 8 ) LED Fade In / Fade Out

 Code များအား ကူးယူရာတွင် Code များ မကျန်ခဲ့စေရန် သေချာဂုရုစိုက်၍ ကူးယူစေလိုပါသည်။


Code ##

const int ledPin = 9;

void setup() {
//Declare LED Pin as Output
pinMode(ledPin, OUTPUT);
}
void loop() {
for(int a = 0; a <= 255; a++)
//for ( initialize; control; increment or decrement)
{
analogWrite(ledPin, a );
delay(10); //Slowly turn on the LED
}
delay(200);
for(int a = 255; a >= 0; a--) {
analogWrite(ledPin, a);
delay(10); //Slowly turn off the LED
}
delay(200);
}

Arduino ( 3 - 7 ) Analog Voltage Reading With Arduino

Code များအား ကူးယူရာတွင် Code များ မကျန်ခဲ့စေရန် သေချာဂုရုစိုက်၍ ကူးယူစေလိုပါသည်။



 void setup() {

// initialize serial communication at 9600 bits per second:
Serial.begin( 9600);
}
// the loop routine runs over and over again forever:
void loop() {
// read the input on analog pin 0:
int sensorValue = analogRead(A0);
// Convert the analog reading (which goes from 0 - 1023) to a voltage (0 - 5V):
int voltage = sensorValue * (5.0 / 1023.0);
// print out the value you read:
Serial.println(voltage);
delay(100);
}


Home Appliances ( 1 - 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း

မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အ...