Tuesday, November 11, 2025

Power ( 2 ) Ohm's Law

Ohm's Law အုမ်း၏ နိယာမ

အုမ်း နိယာမ သည် လျှပ်စစ်အားလုံး၏ အခြေခံပင်ဖြစ်ပါသည်။ မည်သည့် လျှပ်စစ်ပစ္စည်းပင် ဖြစ်ပါစေ ယင်း အုမ်းနိယာမက ပါဝင် ပါတ်သက်လျက်ရှိပြီး ကျော်၍ကို မရပါ Electronic ဖြစ်စေ Electrical ဖြစ်စေ ၊ မည်သည့်လျှပ်စစ်ပညာရပ်ဖြစ်စေ၊ မည်သည့် လျှပ်စစ် ပစ္စည်းဖြစ်စေ အခြေခံအကျဆုံးဖြစ်သည့် အုန်းနိယာမဖြင့်သာ တွက်ချက်ပြီး လေ့လာသွားရမှာသာဖြစ်ပါသည် ။ 

ဂျော့ချ်ဆိုင်မွန်အုန်း (George Simon Ohm)

Voltage, Ampere and Ohm တို့ဆက်စပ်မှု့ကို ဖော်ပြသော နိယာမဖြစ်ပါသည်။ သင်္ချာ ညီမျှခြင်းဖြင့် ရေးပြသောအခါ အောက်ပါအတိုင်းမြင်တွေ့ရမှာဖြစ်ပါသည်။

I =  V / R

၁၈၂၈ တွင် ဂျော့ချ် ဆိုင်မွန် အုမ်း (George Simon Ohm) ဆိုသည့် ပုဂ္ဂိုလ်မှနေ၍လက်တွေ့စမ်းသပ်မှု့များစွာပြုလုပ်ပြီး ဖော်ထုတ်ထားသည့်အတွတ် Ohm's Law ဟုခေါ်ပါသည် ဗို့ အမ်ပီယာ အုမ်း သုံးခုအနက် နှစ်ခုကိုသိလျှင် ကျန်တခုကို အုမ်းညီမျှခြင်းဖြင့် ရှာနိုင်ပေသည်။

I = V / R  , V = I x R , R = V / I

    

အုမ်းနိယာမကို ဒီအတိုင်း လေ့လာနေလျှင် မျက်စေ့ရှုပ်နိုင်ပါသည်။ ထို့ကြောင့် Volt, Ohm and Ampere ၃ မျိုးတို့၏ ဆက်စပ်မှု့လေးကို ဆီးဆောလေး (Sea Saw) ဖြင့် မျက်စေ့ထဲမြင်ပြီးလေ့လာကြည့်သင့်ပါသည်။ ဆီးဆော ဆိုသည်မှာ မိမိတို့ ငယ်စဉ်ဘဝတုန်းက ပန်းခြံများမှာ ဆော့ကစားခဲ့ကြသော ပစ္စည်းလေးတမျိုးဖြစ်ပြီး ကလေးတဦးမှ အပေါ်သို့မြင့်တက်သွားချိန် ကလေးတဦးမှ အောက်သို့နိမ့်သွားမှာဖြစ်ပြီး တယောက်တလှည့်စီ မြင့်လိုက် နိမ့်လိုက်ဖြင့် ကစားရသော ပစ္စည်းကို ဆီးဆောဟုခေါ်ပါသည် ။ ပုံထဲတွင်ရှု့မြင်နိုင်ပါသည် ။ 

ဆီးဆောလေးကို အလည်မှ ထောက်ထားသော ထောက်တိုင်လေးအား Volt အဖြစ်သတ်မှတ်ပေးပါ။ Ohm နှင့် Ampere ပြောင်းလဲမှု့တွေ Voltage သည် ကိန်းသေဖြစ်ပါသည်။ ဆိုလိုသည်မှာ ဗို့သည် ဉပမာ ၂၂၀ဗို့ ၊ ၁၁၀ဗို့ ၊ ၁၂ ဗို့ ၊ ၂၄ ဗို့စသည်ဖြင့် မပြောင်းလဲပဲ ကိန်းသေဖြစ်နေမည်ဟုမှတ်ပေးထားပါ။ ထိုကဲ့သို့ ဗို့အားသည် ကိန်းသေဖြစ်နေသည်ဟု စိတ်ထဲသတ်မှတ်ပြီးသောအခါ တွင် Ohm နှင့် Ampere တို့ကို ဆီးဆောကစားမည့် ကလေး နှစ်ဦးအဖြစ်မြင်ကြည့်ပေးပါ ၊ Ohm အဖြစ်သရုပ်ဆောင်မည့် ကလေးတဦးမှ ဆီးဆောမှာနိမ့်ဆင်းသွားသောအခါ Ampere အဖြစ်သရုပ်ဆောင်မည့် ကလေးသည် မြင့်တက်သွားမှာဖြစ်ပါသည်။

အထက်ပါအဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် Ohm နည်းလျှင် လျှပ်စစ်ပါတ်လမ်းတွင် Resistance ခုခံမှု့နည်းသွားခြင်းကြောင့် Ampere လျှပ်စစ်စီးကြောင်း မြင့်တက်လာကြောင်းကို သိရှိနားလည်နိုင်ပါမည်။ ပြောင်းပြန်အားဖြင့် နားလည်ရမည်ဆိုပါမူ Ohm များလာလျှင် လျှပ်စစ်ပါတ်လမ်းတွင် Resistance များလာသောကြောင့် Ampere လျှပ်စစ်စီးကြောင်း နည်းလာမှာဖြစ်ကြောင်း အလွယ်တကူ နားလည်နိုင်မှာဖြစ်ပါသည် ။ လျှပ်စစ်စီးကြောင်းကို ထိန်းချုပ်ရာတွင် အဓိကအားဖြင့် Resistance တန်ဖိုး အနည်းအများကို အသုံးပြုပြီး ထိန်းချုပ်ခြင်းသာဖြစ်ပါသည် ။

Electronic ပညာရပ်ကို လေ့လာလိုက်စားရာတွင် အခြေခံကျကျဖြစ်သော Ohm’s Law ရဲ့ Ohm များလျှင် ၊ Ampere နည်းပြီး ၊ Ohm နည်းလျှင် Ampere များလာမည်ဖြစ်ကြောင်းကို သေသေချာချာ မှတ်သားထားလျှင် အောင်မြင်နိုင်မှာဖြစ်ပါသည် ။

အောက်တွင်ပါဝင်သော ဆီးဆောပုံလေးကို လေ့လာကြည့်ပါ။ မိတ်ဆွေတို့၏ စိတ်ဝယ် တဘက်တွင် Ohm သည် ထိုင်နေမှာဖြစ်ပြီး ၊ တဘက်တွင် Ampere ထိုင်နေသည်ဟုမြင်ကြည့်လိုက်ပါ။ ထိုအခါ အလည်တွင်ထောက်ထားသော ထောက်တိုင် လေးသည် Volt ဖြစ်လာပါမည်။ ထို့ကြောင့် Ohm တန်ဖိုး အပြောင်းအလဲပေါ်မူတည်ပြီး Ampere ပြောင်းလဲခြင်းကို မူတည်၍ Ohm’s Law ကို ဂျော့ဆိုင်မွန်အုန်းမှ လက်တွေ့သက်သေပြချက်များစွာဖြင့် စဉ်းစားတွေးခေါ်၍ လျှပ်စစ်လောကကြီးကို ပြောင်းလဲစေခဲ့ခြင်း ဖြစ်ပါသည်။ 


ဂျော့ချ်ဆိုင်မွန်အုန်း (George Simon Ohm) ၏ နာမည်ကျော် Ohm’s Law အားတွက်ထုတ်ခဲ့သည့် လက်ရေးစာမူအစစ်အားမြင်ရစဉ်။


ဆီးဆောငယ်လေး၏ အလည် ထောက်တိုင် အား Voltage အဖြစ် မြင်ကြည့်ပေးပါ။ Voltage သည် constant ဖြစ်နေသည်ဟု မှတ်ယူ ထားပေး နိုင်ပါသည်။



            ဆီးဆော ငယ်လေး၏ အလည် ထောက်တိုင်အား Voltage အဖြစ်မြင်ပြီးပါက ၊ ဘေး တဘက် တချက်စီအား Ohm နှင့် Ampere အဖြစ် ရှု့မြင်ပေးစေလိုပါသည်။



                Ohm အဖြစ် သတ်မှတ်ခဲ့သည့် ဘက်ခြမ်း နိမ့်ကျ သွားသောအခါ Ampere သည် မြင့်တက်သွားမှာ ဖြစ်သောကြောင့် Ohm’s Law အရ လျှပ်စစ်ပါတ်လမ်း တွင် Ohm နည်းလျှင် Ampere မြင့် တက်လာမှာ ဖြစ်ကြောင်း စဉ်းစားတွေးခေါ်ယူနိုင်ပါသည်။



Ohm အဖြစ် သတ်မှတ်ခဲ့သည့် ဘက်ခြမ်း မြင့်တက် သွားသောအခါ Ampere သည် နိမ့်ကျသွားမှာ ဖြစ်သောကြောင့် Ohm’s Law အရ လျှပ်စစ်ပါတ်လမ်း တွင် Ohm များလျှင် Ampere နည်းသွားမှာဖြစ်ကြောင်း စဉ်းစား တွေးခေါ်ယူနိုင်ပါသည်။

Electron Flow ဟုခေါ်ဆိုသည့် လျှပ်စစ် စီးဆင်းမှု့တွင် Voltage သည် Ampere ကိုတွန်း အားပေးနေပေးသော်လည်း Ohm ဖြစ်သော Resistance မှလိုသလောက် မသွားနိုင်အောင် တားဆီး ပိတ်ပင်ထား ခြင်းကိုမြင်တွေ့ရမှာဖြစ်ပါသည်။



Ohm's Law လျှပ်စစ်ခုခံမှု့အကြောင်း ဗီဒီယို



Monday, November 10, 2025

Power ( 1 ) Voltage, Current and Power

Introduction စတင်မိတ်ဆက်ခြင်း

အောက်ပါပုံထဲက Gentlemen သုံးယောက်ကတော့ ကျတော်တို့ရဲ့ Physics ဖခင်ကြီး ၃ ယောက်ဖြစ်ပါတယ် ။

            Gallilo 1564-1642

Isaac Newton 1643-1727

Destarces 1596-1650


အခြေခံအကျဆုံး လျှပ်စီးကြောင်းသဘာဝ

လူတော်တော်များများသိထားကြတာက လျှပ်စီးဆိုတာ အဖိုဘက်နေစတင်စီးထွတ်လာပြီး အမဘက် ကိုစီးဝင်သွားကြခြင်းပါ အမှန်တော့ ဒါဟာမှားပါတယ် ဘာကြောင့်မှားတာလည်းဆိုတော့ နည်းပညာမမြင့်မားခင်ကာလတုန်းက လူတွေဟာ လျှပ်စီးဆိုတာ အဖို + ဘက်နေစီးထွတ်လာပြီး အမ - ဘက်သို့စီးဝင်သွားခြင်းဟု သတ်မှတ်ခဲ့ကြပါတယ် သို့သော် နောက်ပိုင်းတွင် နည်းပညာမြင့်မားလာသောအခါ ယင်းအယူအဆမှာ မှားယွင်းကြောင်းသိလာခဲ့ကြပါတယ် အမှန်မှာ လျှပ်စစ်သည် အမ (-) ဘက်မှစီးထွတ်လာပြီး အဖို (+) ဘက်ဆို ပြောင်းပြန်စီးထွတ်လာခြင်း ကသာအမှန်ဖြစ်ပါတယ် ။

ယင်းကဲ့သို့ အပေါင်းမှ လျှပ်စီးထွတ်လာပြီး အနုတ်သို့ စီးဝင်ခြင်းကို Conventional Current ဟုခေါ်ဆိုပြီး အနုတ်မှ လျှပ်စီးထွတ်လာပြီး အပေါင်းဘက်သို့စီးဝင်ခြင်းကို Electron Flow ဟုခေါ်ဆိုကြပါသည် ပုံတွင်လေ့လာကြည့်ပါ တကယ့်ပြင်ပလက်တွေ့မှာ လျှပ်စစ်သည် အမဘက်မှ ထွတ်လာပြီး အဖိုဘက် သို့စီးဝင်သော Electron Flow သာလျှင်ဖြစ်ပေတော့သည် ထို့ကြောင့် Battery တွေကိုကြိုးဖြုတ်လျှင် အမကြိုးကိုဦးစွာဖြုတ်ပေးရမှာဖြစ်ပါသည် ။

ဒါမှသာ Electron တွေသည် အဖိုကြိုးမှတဆင့် Battery ထဲပြန်ဝင်သွားမှာဖြစ်ပါတယ် သို့မဟုတ်ပဲ အဖိုကြိုး ကိုအရင်ဖြုတ်ပါမူ Electron တွေသည် သွားစရာမရှိသဖြင့် အောင်းနေပြီ အခန့်မသင့်လျှင် လူကို အန္တရယ် ဖြစ်လာစေနိုင်ပါတယ် ။

Electron အနုတ်ဘက်မှ အပေါင်းဘက်သို့စီးဆင်းသည်ဆိုခြင်းမှာ DC လျှပ်စစ် အတွတ်သာဖြစ်ပါသည် ။ Ampere ဆိုတာ တစက္ကန့်အတွင်း အမှတ်တခုမှ ဖြတ်စီးသွားသော Electron အလုံးရေကိုခေါ်ဆိုခြင်းဖြစ်ပြီး 1 Ampere တွင် 6.24 x 1018 သုည အလုံးပေါင်း ၁၈ လုံးပါဝင်ပါတယ် ။


1 Ampere = တွင် 6.24 x 1018

Electro Flow နှင့် Conventional Current ကွာခြားခြင်းကို အောက်ပါပုံတွင် လေ့လာနိုင်ပါသည် ။

Ampere ဆိုသည်မှာ တစက္ကန့် အတွင်း အမှတ်တခုမှ ဖြတ်စီးသွားသော အီလက်ထရွန် အလုံးရည်ကို ခေါ် ဆိုထားခြင်း ဖြစ်ပြီး ၊ 1 Ampere တွင် Electron အလုံးရည်ပေါင်း 6.24 x 1018 ပါဝင်ပါသည် ။

            Ampere နှင့် အပြိုင် တွဲဖတ်အလုပ်လုပ်သူကတော့ Voltage ဖြစ်ပါသည် ။ Voltage သည် Ampere or Current or Electro အလုံးများ ရွေ့လျားသွားနိုင်အောင် တွန်းအားပေးသည့် စွမ်းအင်တမျိုးဖြစ်ပါသည် ။ အခြားနည်းဖြင့် ( Electro Motive Force = EMF ) ဟုလည်းခေါ်ဆိုနိုင်ပါသေးသည် ။ နမူနာအားဖြင့် Voltage က Electron များကို တွန်းပေးလိုက်ခြင်းကြောင့် မီးကိုလင်းလာစေပါသည် ။ မီးလင်းလာစေခြင်းမှာ အမှန်တော့ Ampere ( Electron ) များရဲ့ စွမ်းအင်ကြောင့်ဖြစ်ပါသည် ။ Ampere or Current ကို Energy ဟုလည်း ခေါ်ဆိုနိုင် ပါသေးသည် ။ လူသားတို့အား ဓါတ်လိုက်စေသည်မှာ ယင်း Ampere ကြောင့်ပင်ဖြစ်ပါသည် ။ 


ကားဘက်ထရီတလုံးအား ဖြုတ်ရန်အတွက် အနုတ်ကြိုးမှစတင်၍ ဖြုတ်ရမှာဖြစ်ပါသည် ။ မှတ်ထားပေးစေလိုပါသည် ။ သို့သော်ယနေ့ခေတ် EFI ပါဝင်သောကားများတွင် ဘက်ထရီဖြုတ်လိုက်ပါက ECU အတွက် ပါဝါပျောက်ပြီး ပြဿနာ ဖြစ်နိုင်သောကြောင့် အခြားပါဝါ သီးခြား ပေးထားပြီးမှ ဘက်ထရီဖြုတ်ရမှာဖြစ်ပါသည် ။



ကနေ့ခေတ်မှာတော့ အိမ်သုံးတွင် ကားအက်စစ်ဘက်ထရီများအစား LifePo4 Battery များကိုအစားထိုးအသုံးပြုလာကြပြီဖြစ်ပါသည် ။ LifePo4 Battery များသည် ဈေးနှုန်းကြီးမြင့် သော်လည်း နှစ်ကာလအချိန် ကြာမြင့်စွာ အသုံးပြုနိုင်ခြင်း ၊ ကားဘက်ထရီများကဲ့သို့ ထိန်းသိမ်းရန်မလိုခြင်း BMS ကဒ်များ ဖြင့် အားပြည့် အားနည်းကို ထိန်းချုပ်နိုင်ခြင်း ကြောင့် နောင်နှစ်များစွာတွင် ယင်း ဘက်ထရီများကိုသာ အများအပြားအသုံးပြုကြတော့မှာ ဖြစ်ပါသည် ။ သို့သော် ကား ဘက်ထရီများနေရာတွင်တော့ LifePo4 တပ်ဆင်အသုံးပြုနိုင်မှာမဟုတ်ပါ။

ပုံထဲတွင်တော့ မိမိတို့ ES Institute Production မှာ တာဝန် ယူတပ်ဆင် ရောင်းချပေးထားခဲ့သည့် နာမည်ကြီး Growatt 6kW Inverter နှင့် နာမည်ကျော် LVTOPSUN 51.2V 300Ah Battery အတွဲအား မြင်တွေ့ရစဉ် ။ 


Voltage, Current and Power




Electronic Basic ( 2 - 4 ) Capacitor Series

Capacitor Serial and Parallel

            Capacitor များကို အပြိုင်ဆက်၍ သော်လည်းကောင်း တန်းဆက်၍သော်လည်းကောင်း Capacitance တန်ဖိုးကို ပြောင်းလဲပေးနိုင်ပါသည်။



Capacitor in Series

Capacitance တန်ဖိုး လျော့ချလိုလျှင် ကပယ်စီတာများကို တန်းဆက်၍ ချိတ်ပေးရပါမည်။ သတိရပြုရန်မှာ Resistor နှင့် ပြောင်းပြန်ဖြစ်ကြောင်း သတိထားရန်လိုပါသည်။ ဥပမာ 220 µF ကပယ်စီတာ ကိုတန်းဆက်ပါက အထွတ်တန်ဖိုးမှာ 110 µF ဖြစ်လာမှာဖြစ်ပါသည်။

Ct =  1 / C1 + 1 / C2 + 1 / C3  + ....

Capacitor in Parallel

Capacitance တန်ဖိုးများများအလိုရှိပါက ကပယ်စီတာများကို အပြိုင်ဆက်ပေးရပါမည်။ ဥပမာအားဖြင့် 220 µF ကပယ်စီတာ နှစ်လုံးကို ပြိုင်၍ဆက်လိုက်လျှင် 440 µF ဖြစ်လာပါလိမ့်မည်။ 

Ct = C 1 + C 2 + C 3 + ...











Sunday, November 9, 2025

Electronic Basic ( 2 - 3 ) Capacitor တိုင်းတာစစ်ဆေးခြင်း

            Analog Meter ဖြင့်တိုင်းတာစစ်ဆေးသည့်အခါ Ohm Scale ဖြင့်တိုင်းတာနိုင်ပါသည်။ တိုင်းတာစစ်ဆေးမည့် ကပယ်စီတာသည် ဗို့အားမရှိကြောင်းသေချာစေရန် ဦးစွာ ခြေထောက်နှစ်ချောင်းအား ပူးလိုက်ခြင်းဖြင့် ဗို့ထုတ်လိုက်ပါသည်။ ယင်းကို Short ချခြင်းဟုခေါ်ပြီး၊ Discharging လုပ်ပစ်ခြင်းသာဖြစ်ပါသည်။ ဗို့အားရှိနေပါက မီတာဖြင့် တိုင်းမရခြင်း ကြောင့်ဖြစ်ပါသည်။ Ohm Scale တွင်ထားပြီး ကပယ်စီတာ ခြေထောက်နှစ်ချောင်းအား မီတာတံ နှစ်ချောင်းဖြင့် တချောင်းစီကို တို့လိုက်ပါ။ မီတာ Pointer တံသည် ဖျက်ခနဲ တချက်တက်သွားပြီး ချက်ခြင်းပြန်ဆင်းသွားပါက ကပယ်စီတာ၏ Charging / Discharging လုပ်ငန်းစဉ် ကောင်းမွန်နေကြောင်း သိနိုင်မှာဖြစ်ပြီး ၊ ကောင်းမွန်သည်ဟု အကြမ်းဆုံးဖြတ်နိုင်ပါသည်။ အကြမ်းဆုံးဖြတ်နိုင်သည်ဟုဆိုခြင်းမှာ Capacitance တိုင်းတာရန် Analog Meter ဖြင့်တိုင်းမရသောကြောင့် Capacitance တိုင်းတာနိုင်သည့် Digital Meter ကောင်းကောင်း တလုံးဆောင်ထားရန် လိုအပ်လာပြန်ပါသည်။

            Kaisi K-9033 အမျိုးအစား ဂျပန်မီတာတလုံးအား တွေ့မြင်ရစဉ်။ အမျိုးအစားအလွန်ကောင်းပြီး အကြမ်းခံသော ကြောင့် မိမိတို့ အသုံးပြုရသည်မှာ လွန်စွာနှစ်သက်သော မီတာအမျိုးအစားဖြစ်ပါသည်။ တန်ဖိုးကြီး မြင့်သော်လည်း နှစ်များစွာ ကြာသည့်တိုင်အောင် စိတ်ချမ်းချမ်း သာသာ အသုံးပြုနိုင်သဖြင့် အလွန်တန်သည်ဟုဆို နိုင်ပါသော်လည်း အားနည်းချက်မှာ တန်ဖိုးကြီးခြင်းဖြစ်ပါသည်။ 

            ကပယ်စီတာများအား Analog Meter Ohm Scale ဖြင့်တိုင်းတာ စစ်ဆေးသောအခါ ကောင်းမွန်နေသည်ဟု ဆိုနိုင်သော်လည်း Capacitance တန်ဖိုးဖြစ်သည့် လျှပ်သိုတန်ဖိုးပြောင်းလဲနေပါကလည်း ဆားကစ်ပါတ်လမ်းအတွင်း ပြဿနာများ ဖြစ်လာ နိုင်ပါသေးသည်။ ထိုအခါတွင် Capacitance တန်ဖိုးတိုင်းတာနိုင်သည့် Digital Meter ဖြင့်ဆက်လက် တိုင်းတာရမှာဖြစ်ပါသည်။ အကယ်၍များ Digital Meter ဖြင့် Capacitance တိုင်းတာခြင်းဖြင့် Analog Meter တိုင်းရန် မလိုတော့ပဲ ကောင်းမကောင်း အဖြေတန်းထွက်နိုင်ပါသည်။

            တိုင်းတာစစ်ဆေးခြင်းမှာ ကပယ်စီတာ ကိုယ်ထည်ပေါ်မှ µF တန်ဖိုးကိုဦးစွာဖတ်ပြီး µF တန်ဖိုးကို မီတာဖြင့် တိုင်းတာရပါမည်။ တိုင်းတာရရှိသည့် အဖြေသည် ကပယ်စီတာ ကိုယ်ထည်ပေါ်မှ ရေးသားထားသော တန်ဖိုးနှင့် များစွာ မကွာပါက ကပယ်စီတာ ကောင်းပါသည်။ ထိုသို့ မဟုတ်ပဲ ကိုယ်ထည်ပေါ်မှ ရေးသားထားသော µF တန်ဖိုးနှင့် များစွာကွာခြားနေပါက ပျက်စီးနေပြီဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။ 





Electronic Basic ( 1 - 5 ) Resistor BS 1837


Resistor အမျိုးအစား များတွင် ကိုယ်ထည်ပေါ်တွင် အရောင်ဖြင့် မဟုတ်ပဲ သင်္ကေတများဖြင့် ရေးသားဖော်ပြထားသော အမျိုးအစားများလည်းရှိကြပါသေးသည်။ ယင်းစနစ်ကို ဗြိတိသျှစနစ် BS 1852 ဟုခေါ်ဆိုကြပါသည်။ ယင်းစနစ်ဖြင့်ပြုလုပ်ထားသော Resistor များလေ့လာကြည့်ကြပါစို့။

5R6J = 5.6 ± 5%

47KK = 47K ± 10%

2K2K = 2.2K ± 10%

2M2G = 2.2M ± 2%

အထက်ပါ ဂဏန်းများသည် Ohm တန်ဖိုးဖော် ပြချက်များ ဖြစ်ကြပြီး နောက်ဆုံးမှ အက္ခရာ မှာ ပြောင်းလဲခြင်း တန်ဖိုးအတွတ် ဖြစ်ပြီး အလယ်ရှိ အက္ခရာမှာ မြှောက်ဖော်ကိန်း ဖြစ်သည့်အပြင် ဂဏန်း နှစ်ခုကြားတွင် ဝင်နေပါက ဒဿမအဖြစ် လည်း တာဝန်ယူကြပြီး မြှောက်ဖော်ကိန်းမှာ R, K, M ဟူ၍ သုံးမျိးသာ ရှိကြပေသည်။ မျက်စေ့ရှုပ်သွားပြီလား မိတ်ဆွေ ၊ အပေါ်မှ နမူနာ ဂဏန်းများကို ပြန်လည်လေ့လာ ကြည့်ကြပါစို့။

            ပုံထဲတွင်မြင်တွေ့ရသည့် 499K ဆိုသည်မှာ 499k တန်ဖိုးကို BS 1852 စနစ်ဖြင့် တိုက်ရိုတ် ဖော်ပြခြင်းဖြစ်ပြီး Tolerance ပြောင်းလဲခြင်း တန်ဖိုးကိုတော့ ပြဆိုထားခြင်း မရှိပေ။


                    အထက်မှာမြင်ရသည့် Resistor နှစ်လုံးကို လေ့လာကြည့်သောအခါ တလုံးသည် လေးရစ်အရောင် ဖတ်တန်ဖိုးဖြင့် ရေးသားထားသော Resistor ဖြစ်ပြီး တလုံးသည် BS 1852 စနစ်ဖြင့် ကိုယ်ထည်ပေါ် တိုက်ရိုတ် ရေးသား ထားသော Resistor ဖြစ်ပါသည် ။ ဆိုလိုသည်မှာ Resistance 10 တန်ဖိုးရှိပြီး လွဲမှားမှု့တန်ဖိုး J = ± 5% ရှိသည်ဟု ဖော်ပြထားခြင်း ဖြစ်ပါသည်။

BS 1852 စနစ်ဖြင့် တန်ဖိုးရေးသားဖော်ပြထားသော Resistor များအား တွေ့ရမှာ ဖြစ်ပါသည်။


BS 1852 စနစ်အတွက် သင်္ကတများ ၏တန်ဖိုးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

R = 1

K = 1000

M = 1000000

F 1%

G 2%

H 2.50%

J 5%

K 10%

M 20% ဟူ၍ သတ်မှတ်ထားပေသည်

လျှပ်စစ်မိတ်ဆွေများအနေဖြင့်အောက်ပါတန်ဖိုးများကို အဖြေရှာကြည့်ကြပါ

1M2F =???

150RM =???

1K2J =???

            နောက်တွင်ပါဝင်လာသော J, K, M တန်ဖိုးများကို သိပ်စဉ်းစားဖို့မလိုပါဘူး။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်တွင် ဝယ်ယူရရှိနိုင်သော အမျိုးအစားများမျာ J တမျိုးသာဖြစ်ပါသည်။

Electronic Basic Course ပြင်ပ လက်တွေ့ သင်တန်း တခုတွင် ဆားကစ်များအကြောင်း ရှင်းပြနေသော Electronic Instructor ဆရာရဲ ။

            Circuit Tracing ဟုခေါ်သည့် ဆားကစ် လမ်းကြောင်း လိုက်သည့် ပညာရပ်ကို အသုံးပြု၍ အခြား သူတဦး ဖန်တီးထားသော ဆားကစ်အား Kicad PCB Design ဖြင့် Circuit Drawing ရေးဆွဲထားပုံကို မြင်ရမှာ ဖြစ်ပါသည်။

                    ယခုအခါ Resistor Color Code တန်ဖိုးဖတ်နိုင်သည့် ဖုန်း APK များစွာပေါ်နေပြီဖြစ်သည့် အတွက် အချို့မိတ်ဆွေတွေက အရောင်ဖတ်တန်ဖိုးအား ဖုန်းမှနေ၍ ဖတ်လည်းရနေခြင်းကြောင့် အရောင်ဖတ် သင်ခန်းစာအား ကျော်ပစ်သင့်ပြီဖြစ်ကြောင်း မကြာခဏ ဆွေးနွေးနေသည်ကို မြင်တွေ့ရပါသည်။ 

                            ဖုန်းဖြင့်ဖတ်ပါက အချိန်ကုန် သက်သာသည် အရောင် ဖတ်သင်ခန်းစာအားလည်း သင်ရန် မလိုဟု ဆွေးနွေးသူများ ရှိနေသလို ၊ အရောင် ဖတ်သင်ခန်းစာသည် မဖြစ်မနေ သင်ကြားသင့်သည်ဟု ပြန်လည် ညင်းခုန် နေသည့် မိတ်ဆွေများလည်း တွေ့ဘူးပါသည် ။ 


                   မိမိသည် Electronic သင်ခန်းစာများအား အင်တာနက် စာမျက်နှာအား အသုံးပြု၍ ၂၀၁၆ ကတည်းက စတင်မျှဝေနေသူ ဖြစ်ပါသည်။ အရောင်ဖတ် သင်ခန်းစာအား သင်ကြားရန် သင့်သည် သို့မဟုတ် ဖုန်းဖြင့် အရောင်ဖတ်သင့်သည် ဆိုသည့် အကြောင်းအရာ နှစ်ခုကြားမှာ မည်သည့်ဘက်မှ မညင်းပဲ လုပ်ငန်းအတွေ့အကြုံလေးများကို မှီငြမ်းပြီး ဆွေးနွေးလိုပါသည်။ ဖုန်းသည် Resolution အလွန်းကောင်းပါသည်။ သို့သော် Resistor များပေါ်တွင် အရောင်များဖြင့် ပုံနှိပ်လိုက်သောအခါ အောက်ခံပစ္စည်း၏ အရောင်စုတ်ယူမှု့ကြောင့် အရောင် အနုအရင့် အပြောင်းအလဲ ရှိပါသည်။

               ထိုအခါတွင် ဖုန်းကို အားကိုးပြီး အရောင်ဖတ်တန်ဖိုး ရှာဖွေသော မိတ်ဆွေများသည် အခက်အခဲ အများကြီး နှင့် ကြုံတွေ့ရပါသည်။ အဘယ်ကြောင့်ဆိုသော် ဖုန်းမှ ပြသော အရောင် နှင့် တကယ့် Resistor ကိုယ်ထည်ပေါ်မှ အရောင်သည် မတူသောကြောင့်ဖြစ်ပါသည်။ ဖုန်းအတွင်းတွင် ခရမ်းရောင်သည် ခရမ်းရောင် စစ်စစ်မြင်ရပါသည် ။

သို့သော် တကယ်ပြင်ပ Resistor တလုံး၏ ကိုယ်ထည်ပေါ်တွင်မူ ခရမ်းရောင်လိုလို အပြာလိုလို ဖြင့်မြင်ရမှာဖြစ်ပြီး ၊ အပူကြောင့် အချိန်ကြာကြာ အလုပ်လုပ်ခဲ့ရပြီးသော Resistor များမှာမူ ပို၍ပင် အရောင်ဖတ်ရခက်လှပါသည်။ ထိုအခါ မျက်မြင် အတွေ့အကြုံ များဖြင့်သာ တန်ဖိုးအရောင်များကို ခန့်မှန်းပြီး တွက်ချက်သွားရမှာသာဖြစ်ပါသည်။ ထို့ကြောင့် မျက်မြင်လည်း လေ့ကျင့်သင့်သလို ဖုန်း APK လည်း အသုံးပြုသင့်ပါသည်။ 




Electronic Basic ( 2 - 2 ) DC Capacitor

DC Capacitor ဆိုသည်မှာ အဖိုအမ သတ်မှတ်ချက် တိတိကျကျရှိပေသည်။ အကယ်၍များ ဆားကစ်ပါတ်လမ်းတွင် အဖိုအမ မှားတပ်မိပါက ဦးစွာ ကပယ်စီတာသည် ပူလာမည် အပူငွေ့များထွက်လာပြီး အချိန်မတိုင်မှီအတွင်းမှာပင် ပျက်စီးသွား မှာလည်းဖြစ်ပါသည်။ ထို့ကြောင့် မှန်မှန်ကန်ကန် တပ်ဆင်ပေးရန် လွန်စွာအရေးကြီးလှပါသည်။ DC Capacitor များတွင် အဖိုအမ ရှာဖွေခြင်းမှာ မခက်ခဲပေ။ ကပယ်စီတာ ကိုယ်ထည်ပေါ်တွင် အဖြူရောင် အရစ်တခုကို လွယ်လွယ်ကူကူ မြင်တွေ့ရမှာဖြစ်ပြီး ထိုအရစ်နှင့် အနီးဆုံးခြေထောက်မှာ အမဖြစ်ပြီး အမခြေထောက်နှင့် ဆန်ကျင့်ဘက်ခြေထောက်မှာ အဖိုခြေထောက်ဖြစ်ပါသည်။ ထို့အပြင် ကပယ်စီတာ၏ ကိုယ်ထည်ပေါ်တွင် Capacitance တန်ဖိုး နှင့် Voltage Rating တန်ဖိုးကို တခါတည်း ပုံနှိပ် ဖော်ပြထား သဖြင့်တန်ဖိုးအား လွယ်ကူစွာဖတ်ရှု့နိုင်ပါသည်။


မျိုးပုံစံမတူသော Capacitor မျိုးစုံကို မြင်တွေ့ရမှာ ဖြစ်ပါသည်။

            အခြေခံအားဖြင့် Capacitor နှင့် ပါတ်သက်ပြီးမှတ်ရန် (၂) ချက်မှာ

1.     Farad တန်ဖိုးကို ဖတ်ရှု့တတ်ရပါမည်။

2.     Voltage Rating တန်ဖိုးကို ဖတ်ရှု့တတ်ရပါမည်။

သတိပြုပြီးမှတ်ရန်အချက်မှာ ကပယ်စီတာ၏ ဗို့အားတန်ဖိုးသည် ဆားကစ်ပါတ်လမ်းတွင် ပေးသွင်းအသုံးပြုမည့် ဗို့အား တန်ဖိုးထက် နှစ်ဆ တပ်ဆင်အသုံးပြုရမှာဖြစ်ပါသည်။ ဆိုလိုသည်မှာ - ဆားကစ်ပါတ်လမ်းတွင် ၁၂ ဗို့ပေးသွင်းမည်ဆိုပါက ကပယ်စီတာ၏ ဗို့အား တန်ဖိုးသည် (Voltage Rating) ၂၄ ဗို့ ကပယ်စီတာကို အသုံးပြုရမှာ ဖြစ်ပါသည်။ သို့သော် ဈေးကွက်အတွင်း ၂၄ ဗို့ ကပယ်စီတာ ဆိုသည်မှာမရှိပါ။ ထို့ကြောင့် အနီးဆုံး Voltage Rating 25V Capacitor ကိုတပ်ဆင် အသုံးပြုရမှာဖြစ်ပါသည်။ အဘယ်ကြောင့် ဆားကစ်ပါတ်လမ်း၏ ပေးသွင်းဗို့အားထက်  နှစ်ဆဗို့အား တန်ဖိုးရှိသည့် ကပယ်စီတာကို တပ်ဆင်အသုံးပြုရခြင်းမှာ အကြောင်းရှိပါသည်။ ရှင်းပြပါမည်။

Voltage Spike 

            Voltage Spike ဟုခေါ်ဆိုသည့် လျှပ်စစ်ဆူးချွန် ပြဿနာကြောင့်ဖြစ်ပါသည်။ နေအိမ်များတွင် လျှပ်စစ်မိတ်ဆွေများ အနေဖြင့် မီးဖွင့်ရန်ဖြစ်စေ အခြားလျှပ်စစ်ပစ္စည်းများ အသုံးပြုရန်ဖြစ်စေ ခလုပ်များကို ဖွင့်ဘူးမည်သာဖြစ်ပါသည်။ ထိုအခါ ခလုပ်အတွင်းထဲတွင် မီးပွင့်မီးပွားလေးများ ပန်းထွက်တတ်သည်ကို ရံဖန်ရံခါ မြင်ဘူးပါလိမ့်မည်။ ယင်းအဖြစ်အပျက်သည် Voltage Spike ဖြစ်ပါသည်။ ထိုမီးပွင့်မီးပွားများ ဖြာထွက်မှု့ကြောင့် လျှပ်စစ်ပါတ်လမ်းအတွင်း ဓါတ်အားအစုန်နေရာတွင် မူလဗိုအားထက် ၂ ဆခန့် မြင့်တက်သွားလေ့ရှိပါသည် ။ ဉပမာ ၂၂၀ ဗို့အားပေးပတ်လမ်းတွင် Voltage Spike ကြောင့် ဗို့အား ၄၀၀ နီးပါးခန့်အထိ ဆောင့်တက်သွားတတ်ပါသည်။



     သို့သော် ယင်းကဲ့သို့ Voltage Spike အချိန်လေးသည် အလွန်တိုတောင်းသော အချိန်လေး ဖြစ်ပြီး တစက္ကန့်၏ ၁၀၀၀ တပုံခန့်ပင် တိုတောင်းတတ်သော်လည်း Electronic Circuit များကို တိုက်ဖျက်ပစ်သွားနိုင်လောက်အောင် စွမ်းပါကား ကြီးမားလှပါသည်။ ထို့ကြောင့် Voltage Spike ကြောင့် Electronic Circuit များ မပျက်စီးအောင် အကာအကွယ်များဖြင့် အထူးစီမံထားရပါသည်။ ကပယ်စီတာများအား ကာကွယ်ရန်အတွက် ဆားကစ်ပါတ်လမ်း ဗို့အား၏ နှစ်ဆတန်ဖိုး ရှိသော ကပယ်စီတာတပ်ထားလိုက်လျှင် လျှပ်စစ်ဆူးချွန်အား ကာကွယ်ပြီး ဖြစ်နေပါပြီ။



50 V / 2200 µF ဟု Farad တန်ဖိုး နှင့် Voltage Rating တန်ဖိုး နှစ်မျိုးလုံးကို ဖော်ပြထားသော ကပယ်စီတာ တလုံးအား မြင်တွေ့ရစဉ်။ ကိုယ်ထည်ပေါ်တွင် အဖြူရစ်တကြောင်းကို တွေ့မြင်ရမှာဖြစ်ပြီး၊ ထိုအဖြူ အရစ်အကြောင်းမှာ အနုတ်ဘက်ကို ကိုယ်စားပြုပြီး အဖြူရစ်နှင့် အနီးဆုံး ခြေထောက်မှာ အနုတ်ဖြစ်ပါသည်။ အနုတ်ခြေထောက် သည် အနည်းငယ် တိုပြီး၊ အပေါင်း ခြေထောက်သည် အနည်းငယ် ရှည်ပါသည်။



16 V / 220 µF ဟု Farad တန်ဖိုး နှင့် Voltage Rating တန်ဖိုး နှစ်မျိုးလုံးကို ဖော်ပြထားသော ကပယ်စီတာ တလုံးအား မြင်တွေ့ရစဉ်။ ကိုယ်ထည်ပေါ်တွင် အဖြူရစ်တကြောင်းကို တွေ့မြင်ရမှာဖြစ်ပြီး၊ ထိုအဖြူ အရစ်အကြောင်းမှာ အနုတ်ဘက်ကို ကိုယ်စားပြုပြီး အဖြူရစ်နှင့် အနီးဆုံး ခြေထောက်မှာ အနုတ်ဖြစ်ပါသည်။ အနုတ်ခြေထောက် သည် အနည်းငယ် တိုပြီး၊ အပေါင်း ခြေထောက်သည် အနည်းငယ် ရှည်ပါသည်။


50V / 1 µF ဟု Farad တန်ဖိုး နှင့် Voltage Rating တန်ဖိုး နှစ်မျိုးလုံးကို ဖော်ပြထားသော ကပယ်စီတာ တလုံးအား မြင်တွေ့ရစဉ်။


ပုံသဏ္ဉာန် ကွဲပြားသော ကပယ်စီတာ မျိုးစုံအား မြင်တွေ့ရမှာ ဖြစ်ပါသည်။



ကပယ်စီတာများ ပျက်စီးနေပါက သိသာ လွယ်ပါသည်။ ခေါင်းပွင့်နေခြင်း ဖင်စူနေခြင်း သိပ်ဆိုးရွားပါက ပြုတ်ထွက်နေခြင်း တို့ဖြင့် မြင်တွေ့ နိုင်ပါသည်။ ကပယ်စီတာများ ပျက်စီးခြင်း အကြောင်းတရားမှာ အမျိုးမျိုးဖြစ်နိုင်ပါသည်။ သက်တမ်းကုန်ခြင်း ၊ ဗို့အား များများ ဆောင့်ဝင်ခြင်း ၊ ဒိုင်အုပ် Short ကျသဖြင့် AC ဝင်လာပြီး ဒီစီ ကပယ်စီတာ ပျက်ခြင်း၊ လမ်းကြောင်း နေရာတခုခုတွင် Short ဖြစ်ခြင်းကြောင့် Ampere အလွန်အမင်း မြင့်တက်လာပြီး ကပယ်စီတာ ပျက်စီးနိုင်စေခြင်း တို့အမျိုးမျိုး ဖြစ်နိုင်ပါသည်။ တခါတရံ ကပယ်စီတာ တွင် အိမ်မြှောင်ကပ်ပြီး ပျက်စီးသွားခြင်းမျိုး လည်းရှိတတ်ပါသေးသည်။

မည်သည့် အကြောင်းဖြင့် ပျက်စီးသည်ဖြစ်ပါစေ။ ကပယ်စီတာများ ပျက်စီးခြင်းတွင် အဓိကအားဖြင့် ပြစ်ချက် တမျိုးသာ ပျက်စီးသည်သာများပါသည်။ ယင်းမှာ Short ဖြစ်ပါသည်။ Short ဖြစ်နေသော လမ်းကြောင်းတွင် Power Supply စက်ဖြင့် Short ရှာပါက Power Supply စက်တွင် Ampere တက်နေမှာဖြစ်ပြီး မည်သည့် ပစ္စည်းပျက် နေသနည်းကို လက်ဖြင့် အသာအယာ လိုက်စမ်းပါက အပူလွန်နေသော ပစ္စည်းသည် Short ဖြစ်နေသော ပစ္စည်းသာလျှင်ဖြစ်ပါသည်။ ထိုနည်းဖြင့် Short ရှာတတ်ကြပါသည်။



                 ဆားကစ်များ Short ရှာရာတွင် အလွန်အသုံးဝင်သည့် 30V 5A Power Supply စက်တလုံးကို မြင်တွေ့ရမှာဖြစ်ပါသည်။ တခါတရံ Short ရှိမှန်း သိနေသော်လည်း Short ရှာရခက်နေတတ်သည့် စက်များကိုလည်း ကြုံခဲ့ဘူးပါသည်။ ထိုအခါတွင် Short ရှာမနေတော့ပဲ စက်ပြင်ဆရာများ Short တွန်းစက်ဟု အလွယ်ခေါ်သည့် 60A 50 V အထိ ထုတ်လွှတ်ပေးနိုင်သည့် Power Supply စက်ကြီးများဖြင့် ဗို့နည်းနည်း ခြင်းတင်ပေးခြင်း Ampere နည်းနည်းစီတင်ပေးခြင်းဖြင့် Short တွန်းခြင်း လုပ်ငန်းကို ဆောင်ရွက်ကြပါသည်။ ထိုအခါ ပျက်စီးပြီး Short ကျနေသော ပစ္စည်းသည် Ampere တောင့်တင်းလာသည့် ဒဏ်ကို မခံနိုင်တော့ပဲ မီးလောင် ပျက်စီးသွားသည်ကို မျက်မြင်တွေ့မြင်ရမှာ ဖြစ်ပြီး ချက်ခြင်းပင် Short ပျောက်သွားပါတော့သည်။


အောက်တွင် Short တွန်းစက်ဟု အလွယ်ခေါ်သည့် Amperer တောင့်တင်းသည့် ဝပ်စွမ်းအားများသည့် PSU တလုံးပုံ

       အထက်ပါ Short တွန်းစက်ကဲ့သို့ Power Supply စက်ကြီးများကို မိမိတို့ အနေဖြင့် ဆားဗစ် ပြုလုပ်သည့်အခါ Short တွန်းခြင်း လုပ်ငန်းလည်း လုပ်ဆောင်သကဲ့သို့ တခါတရံတွင်လည်း 51.2V Battery ကြီးများ အားသွင်းခြင်း ၊ BMS Lock ကျသွားသည့် Battery ကြီးများအား BMS ပြန်နိုးပေးခြင်းဖြင့်လည်း ဝန်ဆောင်မှု့ပေးသည့် လုပ်ငန်းလုပ်ဆောင် ပါသေးသည်။ 



Saturday, November 8, 2025

Electronic Basic ( 1 - 4 ) တန်ဖိုးငယ်သော Resistor များတန်ဖိုးဖတ်ခြင်း

10 အောက်ငယ်သော Resistor များကို တန်ဖိုးဖတ်ယူသည့်အခါတွင် တတိယအရစ်မြှောက်ဖော်ကိန်းနေရာသည် ရွှေရောင် နှင့် ငွေရောင် ဖြစ်နေတတ်ပေသည်။ ရွှေရောင်မြင်လျှင် ရှေ့မှ ရထားသော အုမ်းတန်ဖိုး ကို ၁၀ နှင့်စားပါ ငွေရောင် မြင်လျှင် ရှေ့မှ တန်ဖိုးကို ၁၀၀ နှင့်စားပါ ။

            နမူနာဖတ်ကြည့်ကြပါ

ညို နက် ရွှေ ရွှေ 1 0 ÷ 10 = 1.0 (1 0 x 10-1 = 1 Ω ± 5%)

ညို ပြာ ရွှေ ရွှေ 1 6 ÷ 10 = 1.6 (1 6 x 10-1 = 1.6 Ω ± 5%)

ဖြူ ညို ရွှေ ရွှေ 9 1 ÷ 10 = 9.1 (9 1 x 10-1 = 9.1 Ω ± 5%)

ပြာ နက် ငွေ ရွှေ 6 0 ÷ 100 = 0.6 (6 0 x 10-2 = 0.6 Ω ± 5%) ဖြစ်ကြမှာပါ။



ဝါ ရမ်း ရွှေ ရွှေ

            4 7 ÷ 10 = 4.7 Ω ± 5%

မြှောက်ဖော်ကိန်း သည် ရွှေရောင် ဖြစ်သောကြောင့် ရှေ့ တန်ဖိုး နှစ်ခုကို ၁၀ နှင့်စားပါ။

            4 7 x 10-1 = 4.7 Ω ± 5%




စိမ်း နက် ငွေ ရွှေ

            5 0 ÷ 100 = 0.5 Ω ± 5%

မြှောက်ဖော်ကိန်း သည် ငွေရောင် ဖြစ်သောကြောင့် ရှေ့ တန်ဖိုး နှစ်ခုကို ၁၀၀ နှင့်စားပါ။

5 0 x 10-2 = 0.5 Ω ± 5%

Home Appliances ( 1 - 3 ) လျှပ်စစ်မီးဖိုစစ်ဆေးခြင်း

မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် . မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင်ထားခြင်း အလွန်နည်းပါးတာကြောင့် အ...